Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း လယ်ဝေးမြို့နယ်၊ မင်းပြင်းကျေးရွာ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများအတွက် တင်ဒါကြိုတင် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

17 July 20

ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း လယ်ဝေးမြို့နယ်၊ မင်းပြင်းကျေးရွာ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများအတွက် တင်ဒါကြိုတင် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်


(၁၇-၇-၂၀၂၀)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် (IPRCC)တို့ပူးပေါင်းဆောင်ရွက်သည့် ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း လယ်ဝေးမြို့နယ်၊ မင်းပြင်းကျေးရွာ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများအတွက် တင်ဒါကြိုတင် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုး‌တက်ရေးဦးစီးဌာန မှ စီမံကိန်း Deputy Director ဖြစ်သူ ညွှန်ကြားရေးမှူး ဦးရဲခေါင်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးစိုင်းသူရကျော်မှလည်း ကျေးရွာမီးလင်းရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရာက်လာကြသည့် ကုမ္ပဏီများက သိရှိလိုသည်များမေးမြန်းကြ‌ကြောင်းသိရသည်။