Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောက်တန်းမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

01 August 20

ကျောက်တန်းမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ကျောက်တန်း ဩဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် အတွင်း လူထုဗဟိုပြုစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သံတဲကျေးရွာနှင့် ဇွဲဂနာကျေးရွာတို့၌ စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းနှင့် ခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူများက ကျေးရွာစီမံကိန်း အ‌ထောက်အကူပြု ကော်မတီဝင်များနှင့်အတူ လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ ရန်ပုံငွေဖြင့် သံတဲကျေးရွာ ကျေးရွာတွင်းလမ်းခင်းခြင်း လုပ်ငန်းနှင့် ဇွဲဂနာကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း၊ စာသင်ကျောင်း ကလေးကစားကွင်းပြုလုပ်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး
ပါသည်။

ဆက်လက်၍ ဇွဲဂနာကျေးရွာ၌ ကျေးရွာစွန်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ
သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ၀န်ထမ်းများ၊ ကျေးရွာသူကျေးရွာသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲရေး စီမံကိန်းလမ်းညွှန်ချက်များနှင့်အညီ ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။