Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကော့မှူးမြို့နယ် ဘို့ဒင်ကျေးရွာ၌ Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

02 August 20

ကော့မှူးမြို့နယ် ဘို့ဒင်ကျေးရွာ၌ Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ကော့မှူး ဩဂုတ် ၂
 
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ဘို့ဒင်ကျေးရွာ၌ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း လမ်းပခုံးကပ်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့‌‌ နံနက် ၉ နာရီအချိန်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်းနှင့် ခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူများက ကျေးရွာကော်မတီ ဝင်များနှင့်အတူ ဘို့ဒင်ကျေးရွာ၌ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်းပခုံးမြေသားကပ်ခြင်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ရှင်းလင်းတင်ပြမှုအပေါ် ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန် မှာကြားပါသည်။
 
အဆိုပါ ဘို့ဒင်ကျေးရွာ လမ်းပခုံးနှစ်ဘက် အရှည် ၃၀၀၀ ပေ ကျောက်ရောမြေကပ်ခြင်းလုပ်ငန်းကို နိုင်ငံတော်၏ Covid-19 Economic Relief Plan (CERP)အရ ဆောင်ရွက်နေသော Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာပံ့ပိုး၍ အနီးကပ် ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။