Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဝန်ထမ်း​ပေါင်းစုံသမဝါယမအသင်းလီမိတက်(GEC)၏ ၂၀၁၉-၂၀၂၀ ဘဏ္ဏာ​ရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအ​ဝေးကျင်းပ

21 January 21

စိုက်ပျိုး​ရေး၊​မွေးမြူ​ရေးနှင့်ဆည်​မြောင်းဝန်ကြီးဌာန ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ၊ဝန်ထမ်း​ပေါင်းစုံသမဝါယမအသင်းလီမိတက်(GEC)၏ ၂၀၁၉-၂၀၂၀ ဘဏ္ဏာ​ရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအ​ဝေးကို (၂၁.၁.၂၀၂၁)ရက်​နေ့၊နံနက်(၁၀း၀၀)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ညွှန်ကြား​ရေးမှူးချုပ် ဦးခန့်​ဇော်က အဖွင့်အမှာစကား​ပြောကြားခဲ့ပါသည်။ဆက်လက်၍ သမဝါယမဦးစီးဌာန၊ဧည့်သည်​တော်မှ အမှာစကား​ပြေကြားပြီး၊သဘာပတိမှ အဖွင့်အမှာစကား​ပြောကြားကြသည်။ထို့​နောက် GEC ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဏ​ရေးနှစ် အမှု​ဆောင်အဖွဲ့အစီရင်ခံစာအားဖတ်ကြားခြင်း၊၂၀၁၉-၂၀၂၀ ဘဏ္ဏာ​ရေးနှစ် ဘဏ္ဏာ​ရေးရှင်းတမ်းနှင့် စာရင်းစစ်အစီရင်ခံစာ ဖတ်ကြားခြင်း၊တက်​ရောက်လာကြ​သော အသင်းသားများမှ ​ဆွေး​နွေးခြင်း/ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့်အတည်ပြုချက်ရယူခြင်း၊အမှု​ဆောင်ဒါရိုက်တာအဖွဲ့ဝင်(၅)ဦးတို့ ​ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်းအား အတည်ပြုချက်ရယူခြင်းနှင့် တက်​ရောက်လာသူများမှ အ​ထွေ​ထွေ​ဆွေး​နွေးကြကာ ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန(GEC)၏ နာယက ဒုတိယညွှန်ကြား​ရေးမှူးချုပ် ဦးမျိုးနိုင်​အောင်က နိဂုံးချုပ် အမှာစကား​ပြောကြားခဲ့​ကြောင်း သတင်းရရှိပါသည်။