Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနား

26 January 21

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း စတင်အကောင်ထည်ဖော် ဆောင်ရွက်မည့် မြို့နယ်သစ်များအတွက် စီမံကိန်းဝန်ထမ်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းစဥ်များ၊သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် လုပ်ထုံးလုပ်နည်းများ သိရှိနားလည်စေရန် "လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၆-၁-၂၀၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၃၆)၌ ကျင်းပြုလုပ်ရာ လူထုဗဟိုပြုစီမံကိန်း စီမံကိန်းဒါရိုက်တာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ အဆိုပါ စီမံကိန်း စတင်အကောင်ထည်ဖော် ဆောင်ရွက်မည့် မြို့နယ်သစ်(၁၃)မြို့နယ်များမှ မြို့နယ် (၇) မြို့နယ်နှင့် သင်တန်းသား/သူ (၁၄၄)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၂၆-၁-၂၀၂၁)ရက်နေ့မှ (၉-၂-၂၀၂၁)နေ့အထိ Video Conferencing စနစ်ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။