Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တုံပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း(Resilient Community Development Project, RCDP) စီမံကိန်း၏ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသော အကြိုပြင်ဆင်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို (၂၆-၁-၂၀၂၁)

26 January 21

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)တို့ပူးပေါင်း၍ တုံပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း(Resilient Community Development Project, RCDP) စီမံကိန်း၏ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသော အကြိုပြင်ဆင်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို (၂၆-၁-၂၀၂၁)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စီမံကိန်း၏ Work Plan များအား ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဝင်းနှင့် အာရှဖွံ့ဖြိုးဘဏ် တာဝန်ရှိသူတို့က ရှင်းလင်းဆွေးနွေးတင်ပြကြကာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။