Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လူထုဗဟိုပြုစီမံကိန်း Wrap-up meeting ကျင်းပပြုလုပ်ခြင်း

28 January 21

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း Wrap-up meeting ကို (၂၈-၁-၂၀၂၁)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၃၆) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့်တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှ Tesk team Leader များဖြစ်ကြသော Mr.Patricia Fernandes နှင့် Ms.Natacha Lemasle ဦးဆောင်သော Implementation Support Mission -21(ISM-21)အဖွဲ့တို့တက်ရောက်ကြသည်။ အဆိုပါအစည်းအဝေးတွင် လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်နေမှုများနှင့်ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များ ဆွေနွေးကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။