Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

25 March 21

အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး လုပ်ငန်းစီမံချက် ASEAN SOMRDEP   Framework action plan on RDPE (၂၀၂၁-၂၀၂၅) ရေးဆွဲရေး ထည့်သွင်းဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံများရှိ SOMRDPE Focal Point များအနေဖြင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ အဆိုပြုခြင်း၊ အကောင်အထည်ဖော်မည့်အစီအစဉ် များ၊ ရှေ့ဆက်ဆောင်ရွက်မည့် စီမံချက်များနှင့် အဆိုပါလုပ်ငန်းစီမံချက်ကို AMRDPE မှ အတည်ပြုနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ ၉ နာရီအချိန်က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲ နံနက်ပိုင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅)နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ SOMRDPE Focal Point ဖြစ်သော ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ဆွေးနွေးပြောကြားရာတွင် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းနှင့် စွန့်ဦးတီထွင် ဆောင်ရွက်နိုင်မှု အား မြှင့်တင်ပေးရေး၊ လူမှုရေးဆိုင်ရာ အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဒေသခံအဖွဲ့ အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုအား မြှင့်တင်ပေးရေး၊ စဉ်ဆက်မပြတ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် လူထုဦးဆောင်နိုင်မှုအား ခိုင်မာအားကောင်းလာစေရေး ကဏ္ဍများတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ သက်ဆိုင်ရာစီမံကိန်းများ ပေါင်းစပ်ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း အဆိုပြုဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ပုဂ္ဂိုလ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများ၊ AsiaDHRRA နှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ စုစုပေါင်း (၃၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍  ၉ ကြိမ်မြောက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဖိုရမ်ကို နေ့လည် ၁နာရီ ၃၀ မိနစ်အချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပြီး အာဆီယံ ဒုတိယ အတွင်းရေးမှူးချုပ် H.E. Kung Phoak မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါဖိုရမ်တွင် “Rural Development for Sustainable Poverty Eradication: Towards a Caring and Resilient ASEAN” ဆောင်ပုဒ်ဖြင့် အာဆီယံဒေသတွင်း ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် အတွက် ပြည်သူ-ပုဂ္ဂလိက-အစိုးရ ပူးပေါင်း ဆောင်ရွက်ရေး ချဉ်းကပ်မှုနည်းလမ်းများအား ခိုင်မာအား ကောင်းစေရေး အလေ့အကျင့်ကောင်း ပုံစံများ၊ အတွေ့အကြုံသင်ခန်းစာများ အပေါ်အခြေခံ၍ ရှေ့ဆက် ဆောင်ရွက်မည့်နည်းလမ်းများ ကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

ထို့နောက် မြန်မာနိုင်ငံ၏ SOMRDPE Focal Point ဖြစ်သော ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ဆွေးနွေးပြောကြားရာတွင် Covid-19 ကူးစက်ရောဂါကြောင့် ဆိုးကျိုးသက်ရောက်မှု ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံ၏ မြင့်တက်လာသော ဆင်းရဲမှုနှုန်း၊ ပညာရေး၊ ကျန်းမာရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် ကုန်ထုတ်လုပ်မှုနှင့် အလုပ်ရှားပါးမှု အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ အဆိုပါ စိန်ခေါ်မှု များကို ဖြေရှင်းဆောင်ရွက်နိုင်မည့် မဟာဗျူဟာ မြောက်အစီအစဉ်များနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေး ပြောကြားရာတွင်   ဒီဂျစ်တယ်နည်းပညာ ဖြင့် ပြုပြင်ပြောင်းလဲမှုဖော်ဆောင်ခြင်း၊ အလုပ်သမားများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ လှုမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် ဆင်းရဲမှုပပျောက်ရေးအတွက် မူဝါဒရေးရာပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းများအား ဆွေးနွေး ပြောကြားပါသည်။

အဆိုပါ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့်  ၉ ကြိမ်မြောက် အာဆီယံကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဖိုရမ်ကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ပုဂ္ဂိုလ်များ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ AsiaDHRRA အဖွဲ့ဝင် များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စုစုပေါင်း ၇၈ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။