Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်နေ လူထု၏ လူမှုစီးပွားဘဝ မြင့်မားရေးဆိုင်ရာ စီမံကိန်းအလိုက် လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေး

01 April 21

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ဧပြီလ (၁)ရက်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဒုတိယဝန်ကြီး က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မျှော်မှန်းချက် များ ပြည့်မီအောင်မြင်ရေး ဝန်ထမ်းများက စိတ်ရင်းစေတနာကောင်းဖြင့် တက်ကြွစွာ ပူးပေါင်းတာဝန်ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း၊ အခြေခံ ကျေးလက်ဒေသဖွံ့ဖြိုးရေး ကို ဦးတည်ဆောင်ရွက်ရသည့်အတွက် ကျေးလက်လူထု၏ လူမှုစီးပွားဘဝ ဘက်စုံ တိုးတက်ရေးအတွက် ကဏ္ဍအသီးသီးမှ တာဝန်ယူဆောင်ရွက်နေသည့်အပေါ် ဂုဏ်ယူပါ ကြောင်း၊ ကျေးလက်နေ လူထု၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးဆိုင်ရာ ရေးဆွဲဆောင်ရွက်နေသည့် စီမံကိန်းများအလိုက်အလိုက် လျင်မြန်စွာအကောင်အထည် ဖော်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။

ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ ပြီးစီးမှုအခြေအနေများနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး စီမံဆောင်ရွက်ထားရှိမှုများ၊ ရှေ့ပြေး လျာထားဆောင်ရွက်ရန်များ၊ စီမံကိန်းလုပ်ငန်းအလိုက် ပြီးစီးမှုနှင့် အပြီးသတ်ဆောင်ရွက် ရန်များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ ၏ လူမှုစီးပွားဘဝ၊ လူနေမှုဆင့်အတန်းမြင့်မား တိုးတက်ရေးအတွက် ကျေးလက် ကုန်ထုတ်လမ်းများ အပါအဝင် ကျေးလက်လမ်း၊ တံတားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖွံ့ဖြိုးရေး၊  မဟာဓာတ်အားလိုင်း ပြင်ပ ကျေးလက် မီးလင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်း၊ နွေရာသီရေရှားပါးကျေးရွာများ သောက်သုံးရေ ဖြန့်ဝေခြင်း၊ မြို့တိုးချဲ့ရေပေးရေးစီမံကိန်း ၊ ကျေးလက်မီးလင်းရေး ၊ ကျေးလက်ကုန်ထုတ် လမ်း၊  ကျေးလက်ကုန်ထုတ်တံတား၊ လူထုဗဟိုပြု စီမံကိန်း(၁၆)ခု၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းစုစုပေါင်း၊ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်း ၊ အနောက်ပိုင်းဒေသများ စိုက်ပျိုး စီးပွားဖွံ့ဖြိုးရေး စီမံကိန်း(WSAP) ၊ ကျေးလက်အိမ်ရာ ၊ ကျေးလက် အသက်မွေးဝမ်း ကျောင်း အထောက်အကူပြုသင်တန်း ၊ Cash for Work စီမံကိန်းများအား ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။