Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ်များအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

06 April 21

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ်များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို နေပြည်တော် ရုံးအမှတ်(၃၆)၌ ဧပြီလ ၆ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ဆုချီးမြှင့်ပွဲကျင်းပြုလုပ်ရခြင်း အကြောင်း ရှင်းလင်း ပြောကြားပါသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးရဲမင်းကျော်က ပေးအပ်ချီးမြှင့်မည့် ဆုအမျိုး အစားများနှင့် ဆုအမျိုးအစားအလိုက် ရွေးချယ်ထားသည့် စည်းမျဉ်းစည်းကမ်းများအားရှင်းလင်းပြောကြားပြီး ဆုရရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များအား ဆုများချီးမြှင့်ပေးပါသည်။

ထို့နောက် သက်ပြည့်အငြိမ်းစားယူမည့် တနင်္သာရီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင်နုအား ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက ဂုဏ်ပြုနှုတ်ဆက်အမှာစကား ပြောကြားကြပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးတင်နုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ်များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။