Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်း/ခရိုင်/မြို့နယ်ရှိ ဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းဝေးပြုလုပ်

23 April 21

 
          စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်သည် (၂၃-၄-၂၀၂၁)ရက်နေ့၊(၁၂:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ တိုင်း/ခရိုင်/မြို့နယ်ဦးစီးမှူးများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအား ဝန်ထမ်းကျင့်ဝတ်၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုလိုက်နာ၍ ကျေးလက်ဦးစီးဌာန၏ မူဝါဒ၊ရည်မှန်းချက်နှင့် မဟာဗျူဟာမူဘောင်များအားလိုက်နာ၍ ဝန်ထမ်းများစည်းလုံးညီညွှတ်မှုရှိစွာဖြင့် ပြည်သူတို့၏ အကျိုးကို အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်း/ခရိုင်/ မြို့နယ်ဦးစီးမှူးများမှ(၂၀၂၀-၂၀၂၁)ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်နေသော မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းစီမံကိ်နး၊ ကျေးလက်ဒေသသန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့်ကျေးလက်ကုန်ထုတ်လမ်းများ  အကောင်အထည်ဖော်ဆောင်ရွက်နေမှု များအပေါ် တွေ့ကြုံရသည့် မြေပြင်အခက်အခဲ နှင့် ဆောင်ရွက်နေမှုများအား  ရှင်းလင်းတင်ပြ ကြရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်း ရရှိသည်။