Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

24 April 21

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာ၊ နရွဲချောင်ကျေးရွာ နှင့် ဇွဲကနာကျေးရွာများတွင် ဆောင်ရွက်နေသော ကျေးလက်ကုန်ထုတ်လမ်း၊ စက်ရေတွင်းနှင့် ဂါလံ(၂၄၀၀)ဆံ့အမြှင့်တင်ရေစင် နှင့် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်l ရန်ကုန်တိုင်းဒေသကြီး  တိုင်းဦးစီးမှူး ဦးကျော်လင်းသန်း နှင့် ခရိုင်/မြို့နယ်အဖွဲ့များ အား Burno Mars Co.Ltd မှ တာဝန်ခံ အင်/ယာ နှင့်မြို့နယ်အင်/ယာ များ နှင့် ကျေးရွာ ကော်မတီအဖွဲ့ဆောင်ရွက်ထားရှိပြီးသော လုပ်ငန်းများ အား ရှင်းလင်းတင်ပြကြရာ လိုအပ်သော စံချိန်/စံညွှန်း ပြည့်မှီစေရေး နှင့် ကျေးရွာပြည်သူများ အကျိုးရှိရှိ အချိန်မှီ အသုံးပြုနိုင်ရေး  ဆွေးနွေးမှာကြားပါသည်။
 
ဆက်လက်၍ မြစိမ်းရောင် စီမံကိန်း နှင့် ပတ်သက်၍ ကျေးရွာ ကော်မတီ ဝင်များ အား မိမိတို့ ကိုယ်တိုင် ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်သော စီမံကိန်းအား ကျေးရွာ ပြည်သူလူထု အတွက် အတိုးနှုန်းသက်သာစွာ အသုံးပြုနိုင်ရေး ရရှိသော အတိုးနှုန်းဖြင့် မိမိတို့ကျေးရွာအတွက် ကိုယ်တိုင်ရွေးချယ်  အကောင်အထည်ဖော် လုပ်ငန်းရွေးချယ် အကောင်အထည်ဖော်နိုင်ရေး လမ်းညွှန်မှာကြားပြီး လိုအပ်သော ပေါင်းစပ်မှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
 
ကျောက်တန်းမြို့နယ် အတွင်း ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွင်း ကုန်ထုတ်လမ်း (၁)လမ်းlစက်ရေတွင်းနှင့်‌စင်မြင့်ရေစင် (၂)တွင်းlမြေသားရေကန်တူးဖော်ခြင်း(၂)ကန်lမြေသားရေကန် အနက်နှိုက်ခြင်း(၂၁)ကန် အား ပြည်ထောင်စု/တိုင်းဒေသကြီး/မွမ်းမံ/နိုင်ထောက်/နိုင်ထောက်Unicef ရန်ပုံငွေဖြင့်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ပေးမှုကြောင့် ကျေးရွာနေပြည်သူများ ‌သန့်ရှင်းသော သောက်သုံးရေး ဖူလုံစွာရရှိသုံးစွဲနိုင်ပြီး ကျေးရွာကုန်ထုတ်လမ်း အား ရာသီမရွေး ထွက်ကုန်များအား သယ်ယူပို့ဆောင်ရောင်းဝယ်သွားလာနိုင်မည် ဖြစ်သည့်အတွက် ကျေးလက်‌နေပြည်သူများ လူမှု စီးပွားဘဝ ဖွံ့တိုးတက်လာမည် ဖြစ်ပါသည်။