Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်းဆေး

25 April 21

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊လှည်းကူးမြို့နယ် ကောက်ကွေ့ကျေးရွာ၊စာဘူးတောင်းကျေးရွာ နှင့် ဂုံမင်းလျှိုကျေးရွာ များတွင်ဆောင်ရွက်နေသော ကျေးလက်ကုန်ထုတ်လမ်း၊ကုန်ထုတ်တံတားနှင့် ၄ ၁/၂ လက်မဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်ဆောင်ရွက်ခြင်းလုပ်ငန်းများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ရန်ကုန်တိုင်ဒေသကြီး တိုင်းဦးစီးမှူး ဦးကျော်လင်းသန်း နှင့် ခရိုင်/မြို့နယ်အဖွဲ့များအား Strong Mer Lion , ပုလဲဧရာဦး နှင့် ဟန်သီရိ ကုမ္မဏီများမှ တာဝန်ခံ အင်/ယာများ၊မြို့နယ် အင်/ယာများနှင့်ကျေးရွာကော်မတီများဆောင်ရွက်ထားရှိပြီးသော လုပ်ငန်းများအားရှင်းလင်းတင်ပြကြရာ လိုအပ်သော စံချိန်/စံညွှန်းပြည့်မှီစေရေး နှင့် ကျေးရွာပြည်သူများ အကျိုးရှိရှိ အချိန်မှီ အသုံးပြုနိုင်ရေး ဆွေးနွေးလမ်းညွှန်ပေးခဲ့ပါသည်။
 
ဆက်လက်၍မြစိမ်းရောင်စီမံကိန်း၊ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပါတ်သက်၍ကျေးရွာကော်မတီများ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအား မိမိတို့ကိုယ်တိုင်ဦးဆောင်၍ လုပ်ငန်းရွေးချယ် အကောင်အထည်ဖော်သောလုပ်ငန်းများအားရေရှည်တည်တန့်အောင်ဝိုင်းဝန်းထိန်းသိမ်းရန်နှင့်မြစိမ်းရောင်စီမံကိန်းမှ ကျေးရွာပြည်သူများ အတိုးနှုန်းသက်သာစွာ အသုံးပြုနိုင်ပြီး ရရှိသောတိုးပွားငွေဖြင့်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေကြောင်းလမ်းညွှန်မှာကြားပြီး လိုအပ်သော ပေါင်းစပ်မှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
 
လှည်းကူးမြို့နယ် အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကုန်ထုတ်လမ်း ၆ လမ်း၊ကုန်ထုတ်တံတား ၃ စင်း၊ဘောက်စ်ကားဘတ် ၁ ခု၊ရေရရှိရေးလုပ်ငန်း ၃၅ ခုဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
 
ဂုံမင်းလျှိုကျေးရွာ ကုန်ထုတ်လမ်းပေ ၃၉၀၀ နှင့်ကုန်ထုတ်တံတား ( ၁၂၀ ပေ x ၁၄ ပေ)ဆောင်ရွက်ပေးမှုကြောင့် (ဂုံမင်းလျှို၊ဘိုသိုးအင်း၊မင်းကုန်း၊သစ်နီပင်၊ပျဉ်းမကျင်း၊ဖက်တောင်၊ပိန္နဲတောင်၊ကျောက်ပုံတောင်၊စေတနာ) ကျေးရွာ ၉ ရွာရှိ လူဦးရေ ၄၀၀၀ ကျော် စိုက်ပျိုးမြေဧက ၃၀၀၀ ခန့်၊ ကောက်ကွေ့ကျေးရွာကုန်ထုတ်လမ်းပေ ၂၄၀၀ နှင့် ကုန်ထုတ်တံတား (၈၀ ပေx ၁၄ ပေ)ဆောင်ရွက်ပေးမှုကြောင့် (ကောက်ကွေ့၊လက်ပန်၊ဂျုံးဂျုံးဂျ၊နပဲပင်၊ကျွန်းကုန်း) ကျေးရွာ ၅ ရွာရှိလူဦးရေ ၃၀၀၀ ကျော် စိုက်ပျိုးမြေဧက ၈၀၀ ကျော်၊စာဘူးတောင်းကျေးရွာ ၄ ၁/၂ လက်မအမြင့်တင်ရေစင်ဂါလံ ၂၄၀၀ ဆောင်ရွက်ပေးမှုကြောင့်အိမ် ၁၀၀ ခန့်အကျိုးပြုနိုင်ခဲ့ပါသည်။
 
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးမှုကြောင့် ကျေးရွာနေပြည်သူများသန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိသုံးစွဲနိုင်ပြီး ကျေးရွာကုန်ထုတ်လမ်း၊တံတား များမှ ရာသီမရွေးဒေသထွက်ကုန်များအား လွယ်ကူစွာသယ်ယူပို့ဆောင် ရောင်းဝယ်သွားလာနိုင်သည့်အတွက်ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။