Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာအဆင့်ခေါင်းဆောင်မှုဆရာဖြစ်သင်တန်းဖွင့်ပွဲကျင်းပ

20 May 21

နေပြည်တော် မေ ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာအဆင့်ခေါင်းဆောင်မှုဆရာဖြစ်တန်းဖွင့်ပွဲကို မေလ ၂၀ ရက်နေ့ ယနေ့နံနက် ၉ နာရီ အချိန်က ရုံးအမှတ်(၃၆) နေပြည်တော်၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အဖွင့်အမှာ စကားပြောကြားရာတွင် မိမိတို့ ဦးစီးဌာနအနေဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ လူထုဗဟိုပြုစီမံကိန်းနှင့် ကျေးရွာရေရရှိရေးလုပ်ငန်းများရှိ ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာသူ/ကျေးရွာသားများ၏ ခေါင်းဆောင်နိုင်မှု အရည်အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ ကျေးရွာအဆင့်ခေါင်းဆောင်မှုဆရာဖြစ် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားပါသည်။

ဆက်လက်၍ National Training Expert ဦးအောင်မြတ်ကျော်မှ သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားပါသည်။

အဆိုပါ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ကျေးရွာအဆင့်ခေါင်းဆောင်မှုဆရာဖြစ် သင်တန်းကို တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၉၉) ဦးဖြင့် မေလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၂ ရက်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။