Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် လှည်းကူးမြို့နယ် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

09 June 21

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း ကျေးရွာနှစ်ရွာ၌ ကွန်ကရစ်လမ်းခင်း လု်ပငန်းများ ဆောင်ရွက်နေမှုတို့ကို ဇွန် ၇ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

လှည်းကူးမြို့နယ်၊ နန်းတိကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းမှ ဌာနရန်ပုံငွေကျပ်သိန်း ၁၀၀ နှင့် ပြည်သူထည့်ဝင်ငွေတို့ ပူးပေါင်း၍ အရှည်ပေ ၈၉၀ အကျယ်ရှစ်ပေ ထု ခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် စာဘူးတောင်း ကျေးရွာအုပ်စု၊ ကမ်းနီးကျေးရွာတွင် မြစိမ်းရောင်တိုးပွားငွေ ကျပ်သိန်း ၁၂၀ အား ပြည်သူ နှင့် ပေါင်းစပ်၍ အရှည် ၁၀၁၂ ပေ၊ အကျယ် ၁၂ ပေ၊ ထုခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းနေမှုများ အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက်နေသည့် ဌာနတာဝန်ရှိသူများနှင့် ဒေသခံကျေးရွာပြည်သူများ တင်ပြလာသော လိုအပ်ချက်များကို ညွှန်ကြားရေးမှူးချုပ်က ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာနှစ်ရွာ ကွန်ကရစ်လမ်းများ ခင်းကျင်းနိုင်ခြင်းကြောင့် ကျေးရွာများအတွင်းရှိ ရဟန်း သံဃာတော်များ၊ ကျေးရွာသူကျေးရွာသား ပြည်သူများ၊ ကျောင်းသားကျောင်းသူများ မိုးတွင်း ကာလ၌ အဆင်ပြေစွာ သွားလာနိုင်ကြပြီဖြစ်ကြောင်းသိရသည်။