Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးအသိပညာပေးဆရာဖြစ်သင်တန်းဖွင့်လှစ်ပို့ချ

14 June 21

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးအသိပညာပေးဆရာဖြစ်သင်တန်းဖွင့်ပွဲကို ဇွန်လ ၁၄ ရက်နေ့ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ရုံးအမှတ်(၃၆) နေပြည်တော်၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က အဖွင့်အမှာ စကားပြောကြားရာတွင် မိမိတို့ ဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေရှိပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဆင်းရဲမှုလျော့ချရေး နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုကိုဖော်ဆောင်နိုင်ရေးရည်မှန်းလျက် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စံပြကျေးရွာများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားပါသည်။

ဆက်လက်၍ Deputy Team Learder ဦးမိုးဆမ်းမှ သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားပါသည်။

အဆိုပါ စိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး အသိပညာပေးဆရာဖြစ်သင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဝန်ထမ်းများ ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ထမ်းများက Video Conferencing စနစ်ဖြင့်လည်းကောင်း စုစုပေါင်း အရာထမ်း၊ အမှုထမ်း ၁၈၆ ဦးကို တစ်ရက်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။