Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတိုင်းဒေသကြီး/ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်း‌ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး

19 November 21

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအဆင့်ဆင့်၏ ငွေလုံးငွေရင်းအသုံးစရိတ်အချို့အား တိုင်ဒေသကြီး/ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်း‌ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကို video conference စနစ်ဖြင့် (၁၉-၁၁-၂၀၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအမှတ်(၃၆) ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာစကားပြောကြားသည်။ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင် ဘတ်ဂျက်လျာထားရန်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။ထို့နောက် တိုင်ဒေသကြီး/ပြည်နယ်ဦးစီးမှူးများက ဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။