Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

(၁၈) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပ

23 November 21

နေပြည်တော် နိုဝင်ဘာ ၂၃
(၁၈)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး “စဉ်ဆက်မပြတ်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးအတွက် အာဆီယံဒေသတွင်း တုံ့ပြန်နိုင်စွမ်းအား ခိုင်မာအားကောင်းစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်ဆောင် ရွက်ရေး” ဆောင်ပုဒ်ဖြင့် ဖိလစ်ပိုင်နိုင်ငံမှ အလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူ၍ နိုဝင်ဘာလ ၂၃ ရက်နေ့၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံမှ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ပင်မ ဆက်သွယ်ရာဌာနဖြစ်သော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။ ယင်း အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။