Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

(၁၂) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအစည်းအဝေး ကျင်းပ

26 November 21

နေပြည်တော် နိုဝင်ဘာ ၂၆
(၁၂)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာဝန်ကြီးများအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံမှ အလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူ၍ နိုဝင်ဘာလ ၂၆ ရက်နေ့၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံမှ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာဝန်ကြီး များအဆင့်အစည်းအဝေး၏ လက်ရှိဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်နေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး ယင်းအစည်းအဝေး သို့ အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံများမှ ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။အဆိုပါ (၁၂)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံဖြိုးရေးနှင့်ဆင်းရဲမှုပပျောက်ရေးဆိုင်ရာဝန်ကြီးများအစည်း အဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဖိလစ်ပိုင်နိုင်ငံ၊ National Anti-Poverty Commission မှ Convenor H.E. Noel Felongco မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား၍ အစည်းအဝေးကို ဖွင့်လှစ်ခဲ့သည်။
အစီအစဉ်အရ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုပပျောက်ရေးဆိုင်ရာဝန်ကြီးများအစည်းအဝေး၏ လက်ရှိ ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်နေသော မြန်မာနိုင်ငံ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး အလှည့်ကျဥက္ကဌအဖြစ် (၂)နှစ်တာဝန်ယူဆောင်ရွက်ခဲ့ရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့နိုင်ငံမှတာဝန်ယူခဲ့စဉ်အတွင်း ကိုဗစ်-၁၉ ဆိုင်ရာအာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဝန်ကြီးများအထူးအစည်းအဝေးကိုကျင်းပနိုင်ခဲ့ပြီး လုပ်ငန်းစဉ်(၆)ရပ်ကို ချမှတ်နိုင်ခဲ့ ပါကြောင်း၊ ထို့ပြင် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းစီမံချက်၂၀၂၁မှ၂၀၂၅ ကို အပြီးသတ် ရေးဆွဲနိုင်ရေးနှင့် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းအခြေပြမြေပုံ နှစ်လယ်အကဲဖြတ်မှုတို့တွင် မူဝါဒလမ်းညွှန်ချက်များနှင့် မဟာဗျူဟာလုပ်ငန်းစဉ်များချမှတ်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုနှစ် အာဆီယံကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာဝန်ကြီးများအစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် “စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးအတွက် အာဆီယံဒေသတွင်းတုံ့ပြန်နိုင်စွမ်းအားခိုင်မာအားကောင်း စေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး” အပေါ် မိမိတို့နိုင်ငံ၏ ဆင်းရဲမှု လျော့ချရေးလုပ်ငန်းများအတွက် မူဝါဒများချမှတ်ဆောင်ရွက်မှုများ၊ အတွေ့အကြုံများ၊ အကြံပြုချက်များကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး အလှည့်ကျဥက္ကဌရာထူးနေရာအား ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။ ဆက်လက်ပြီး အစည်းအဝေးကိုဆက်လက်ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီး များက မိမိတို့နိုင်ငံ၏ ချမှတ်ထားသော မူဝါဒများ၊ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ၊ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဆွေးနွေးရာတွင် မြန်မာနိုင်ငံသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် များ ပြည့်မီစေရေး ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဉ်များချမှတ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးသူများနဲ့ ထိခိုက်လွယ်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကိုအမြဲ အလေးထားကာ မြို့ပြနှင့် ကျေးလက်ဒေသများအကြား၊ တိုင်းဒေသကြီး များနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးအလေးပေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် ဖွံ့ဖြိုးရေးမဟာဗျူဟာတွင်လည်း စီးပွားရေးဟန်ချက်ညီညီဖွံ့ဖြိုးလာစေရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးတို့ကို တစ်ပြိုင်နက်တည်းဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ထိခိုက်ခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးတို့ကို ပြန်လည်ကုစားနိုင်ရန်နှင့် ပြည်သူတစ်ရပ်လုံး၏ လူမှုအကျိုးစီးပွားရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိပြီး လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင် တစ်ရပ် ဖြစ်ပေါ်စေရေးအတွက် မြန်မာ့စီးပွားရေးပြန်လည်ဦးမော့စေရေးစီမံချက် MERP ကို ရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အားလုံးပါဝင်နိုင်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ခေတ်မီစံပြကျေးရွာထူထောင်ရေး (SMART Village) စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများအားလုံး ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေး အတူတကွပူးပေါင်းဆောင်ရွက်ရမည့်ပန်းတိုင်ဖြစ်သည့်ဆင်းရဲမှုပပျောက်ရေး၊ Covid-19ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များအတွက် တုံ့ပြန်နိုင်စွမ်းတည်ဆောက်ရေးတို့သည် အရေးကြီးလာပြီဖြစ်ကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် တုံ့ပြန်နိုင်စွမ်းအားကောင်းမွန်ပြီး ရေရှည်တည်တံ့၍ အားလုံးပါဝင်နိုင်သည့် အာဆီယံအသိုက်အဝန်း တည်ဆောက်ရာတွင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ယင်းနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးမှ ဝန်ကြီးများက အာဆီယံဒေသတွင်း တုံ့ပြန်နိုင်စွမ်းအားကောင်းသော၊ ရေရှည်တည်တံ့သော၊ အားလုံးပူးပေါင်းပါဝင်နိုင်သော အာဆီယံအသိုက်အဝန်းတစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံအဆင့်၊ ဒေသအဆင့် မူဝါဒရေးရာ ဆောင်ရွက်ချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှု့လျှော့ချရေးဆောင်ရွက်ချက်များ၊Covid Recovery ဆောင်ရွက်ချက်များကိုဆွေးနွေးခဲ့ကြပါသည်။