Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ်မီစံပြကျေးရွာ (SMART Village)ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

10 December 21

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ်မီစံပြကျေးရွာ (SMART Village)ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၀-၁၂-၂၀၂၁)ရက်နေ့၊ ညနေ(၁၆:၀၀)အချိန်တွင် ရုံးအမှတ်(၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာစကားပြောကြားသည်။ဆက်လက်၍ ခေတ်မီစံပြကျေးရွာအကောင်အထည်ဖော်နေသည့် ကျေးရွာ(၃) ရွာနှင့် ပတ်သက်၍ ပျဉ်းမနားမြို့နယ်၊လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ် ဦးစီးမှူးများက ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက လိုအပ်သည့်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။