Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံ၊အပြည်ပြည်ဆိုင်ရာဆင်းရဲမှုလျော့ချရေးပူးပေါင်းဆောင်ရွက်ရေးစင်တာ(IPRCC)တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း ၏ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အစည်းအဝေး

22 December 21

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံ၊အပြည်ပြည်ဆိုင်ရာဆင်းရဲမှုလျော့ချရေးပူးပေါင်းဆောင်ရွက်ရေးစင်တာ(IPRCC)တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း ၏ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ အတွေ့အကြုံများမျှဝေဖလှယ်သည့် အစည်းအဝေး အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊National Rural Revitalization Administration (NRRA) မှ ဦးဆောင်ကာ (၂၁-၁၂-၂၀၂၁)ရက်နေ့၊ နံနက်(၈:၀၀)အချိန်တွင် ရုံးအမှတ်(၃၆)၌ Video Conferencing ဖြင့် ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ကမ္ဘောဒီယားနိုင်ငံနှင့် လာအိုနိုင်ငံများရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံမှ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ခဲ့သော က‌မ္ဘောဒီယာ၊ လာအိုနှင့် မြန်မာနိုင်ငံမှ စီမံကိန်းတာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။
အဆိုပါစီမံကိန်းအား တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာနှင့် လယ်ဝေးမြို့နယ်၊ မင်းပြင်ကျေးရွာတို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ထောက်ပံ့ငွေ(၃၃.၃၃)သန်းဖြင့် ၂၀၁၈ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ စီမံကိန်းကာလ(၃)နှစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။