Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သတင်းမီဒီယာ ဆိုင်ရာသင်တန်းဆင်းပွဲအခမ်းအနား

05 February 22

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သော သတင်းမီဒီယာ ဆိုင်ရာသင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေ ၄ နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ် ၃‌၆ ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းကာလပြီးမြောက် အောင်တက်ရောက်ခဲ့သူများအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် General Life News Agency မှ သတင်းတာဝန်ခံ
သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပါသည်။
အဆိုပါ သင်တင်းမီဒီယာဆိုင်ရာသင်တန်းကို ပြည်ထောင်စုဝန်ကြီးရုံး၊ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)နှင့် ပြည်ထောင်စုနယ် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ဝန်ထမ်း ၂၀ ဦးတို့ကို ၅ ရက်ကြာဖွင့်လှစ်ပို့ချခဲ့ကြောင်း
သိရသည်။