Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပိန္နဲကုန်းကျေးရွာ၌ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြော

01 January 70

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ၌ ခေတ်မီစံပြကျေးရွာ (Smart Village) အဖြစ် ရွေးချယ်ကာ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ပိန္နဲကုန်းကျေးရွာ ဓမ္မာရုံတွင် မေ ၁၄ ရက် နံနက် ၁၁ နာရီက သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို ကျေးရွာနေပြည်သူများအား အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

                   အခမ်းအနားတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး  ဒေါ်အေးအေးကြူက  ခေတ်မီစံပြကျေးရွာ (Smart Village)သည် အရေးကြီးသည့် စီးပွားရေး၊ လူမှုရေး၊ ရုပ်ပိုင်းဆိုင်ရာ ရေရှည်တည်တံ့သော နေရာများအဖြစ်သို့ ပြုပြင်ပြောင်းလဲပေးခြင်းဖြစ်ကြောင်း၊ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ပြီး သို့မှသာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေသည့် စီမံကိန်း ဖြစ်လာနိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

                   ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူး ဒေါ်သင်းသင်းနုက သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ အကြောင်း အသိပညာပေး ဟောပြော ဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဝေငှာခဲ့ကြောင်းသိရသည်။