Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သုံးခွမြို့နယ် စပယ်ချောင်ကျေးရွာအုပ်စု ညောင်လေးပင်ကျေးရွာတွင် လူသုံးကုန်ပစ္စည်းပြုလုပ်နည်း သင်တန်းဖွင့်

01 January 70

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်၌ စပယ်ချောင်ကျေးရွာအုပ်စု ညောင်လေးပင်ကျေးရွာ

ဓမ္မာရုံတွင်  ၂၀၂၂ -၂၀၂၃   ဘဏ္ဍာရေးနှစ်၌   သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် မေ ၁၈ ရက် နံနက်ကိုးနာရီက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု  လူသုံးကုန်ပစ္စည်းပြုလုပ်နည်းသင်တန်း   ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

            အခမ်းအနားတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက အဖွင့်အမှာစကားပြောကြားသည်။

            ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းစိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး ရန်ကုန်တောင်ပိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်ငြိမ်းချမ်းက သင်ကြားပို့ချပေးမည့် လူသုံးကုန်ပစ္စည်းများအကြောင်း ရှင်းလင်းပြောကြားသည်။

            သင်တန်းသို့   သင်တန်းသူ  ၂၀  တက်ရောက်လျက်ရှိပြီး   သင်တန်းနည်းပြများက ဆပ်ပြာခဲ၊ ဘက်စုံသုံးဆပ်ပြာရည်၊   ခေါင်းလျှော်ရည်၊   လက်သန့်ဆေးရည်   ပြုလုပ်နည်းအဆင့်ဆင့်နည်းပညာ များကို သုံးရက်ကြာ စာတွေ့လက်တွေ့သင်တန်းပို့ချပေးမည်ဟု သိရသည်။