Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သုံးခွမြို့နယ် သခွတ်ကုန်းကျေးရွာတွင် လူသုံးကုန်ပစ္စည်း ပြုလုပ်နည်းသင်တန်းဖွင့်

01 January 70

ရန်ကုန်တိုင်းဒေသကြီး    သုံးခွမြို့နယ်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် သခွတ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ မေ ၂၄ ရက် နံနက် ၁၀နာရီက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ပြုလုပ်နည်း သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် သုံးခွမြို့နယ် ကေျးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်နှင်းချိုက အချိန်တိုအတွင်း သင်ကြားရာတွင် အတတ်လွယ်သည့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အတတ်ပညာတစ်ခုဖြစ်သောကြောင့် မိသားစုတစ်ပိုင်တစ်နိုင် အလုပ်အကိုင် အခွင့်အလမ်းရရှိကာ မိသားစုအပိုဝင်ငေွရရှိပြီး  စားဝတ်နေရေး အဆင်ပြေစေရန် လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

          ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်စန်းစန်းနွဲ့က သင်ကြားပို့ချပေးမည့် လူသုံးကုန်ပစ္စည်းများအကြောင်း ရှင်းလင်းပြောကြားသည်။

          အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများက ဆပ်ပြာခဲ၊ ဘက်စုံသုံးဆပ်ပြာရည်၊ ခေါင်းလျှာ်ရည်၊ လက်သန့်ဆေးရည် ပြုလုပ်နည်းအဆင့်ဆင့် နည်းပညာများကို သင်တန်းသူ ၂၀ အား သုံးရက်ကြာ စာတွ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဟု သိရသည်။