Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တွံတေးမြို့နယ်တက်သစ်ကျေးရွာတွင်မြစိမ်းရောင်ချေးငွေ ကျပ် ၅၂၅ သိန်း ထုတ်ချေးပေး

01 January 70

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တက်သစ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေလုပ်ငန်းအဖွဲ့ နာယက ဦ:ညွန့်သိန်း နေအိမ်တွင် ဇွန် ၉ ရက် မွန်လွဲ ၁ နာရီက မြစိမ်းရောင်ရန်ပုံငွေထုတ်ချေးပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ မြို့နယ်ကျေးလက်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

          ထို့နောက် ကျေးလက်ဝန်ထမ်းများက ကြီးကြပ်၍ ငွေကျပ် ၅၂၅ သိန်းကို ငွေကျပ် ၁၀၀ လှျင် တစ်လ တစ်ကျပ်အတိုးနှုန်းဖြင့် အသင်းသား ၃၀၀ သို့ တက်သစ်ကျေးရွာ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေလုပ်ငန်းအဖွဲ့ ဥက္ကဌနှင့် ကော်မတီဝင်များက ထုတ်ချေးပေးခဲ့သည်။