Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ခရမ်းမြို့နယ်တွင် မြစိမ်းရောင်ချေးငွေကျပ် ၄၆၅ သိန်းထုတ်ချေး

01 January 70

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် ပေါက်ပင်ကျေးရွာအုပ်စု၊ ပေါက်ပင်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန်၊ ဆင်းရဲမှုနှုန်းလျော့ကျလာစေရန် မိသားစုဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဇွန် ၂၁ရက် မွန့်တည့်၁၂ နာရီတွင် ကျေးရွာဘုန်းကြီးကျောင်း၌  မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခဲ့ ကြောင်း သိရသည်။  

          အခမ်းအနားတွင် ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ထားထားနိုင်က အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ စိုက်ပျိုး ရေး လုပ်ကိုင်သူ ၃၄၅ ဦးကိုကျပ် ၄၃၄၅၀၀၀၀၊ မွေးမြူရေးလုပ်ကိုင်သူ ၆၁ ဦးကို  ကျပ် ၃၀၅၀၀၀၀၊ စုစုပေါင်းငွေကျပ် ၄၆၅ သိန်းကို အသင်းသားစုစုပေါင်း ၄၀၆ ဦးသို့ ကျေးရွာမြစိမ်း ရောင်စီမံကိန်း ရန်ပုံငွေလုပ်ငန်းအဖွဲ့ဉက္ကဌ ဦးဘကြိုင်နှင့် ကော်မတီဝင်များက စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရပြီး အဆိုပါချေးငွေထုတ်ချေးပေးနေမှုကို ကျေးလက်ဝန်ထမ်း များက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။