Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြစိမ်းရောင်ကျေးရွာ စီမံကိန်း

စီမံကိန်း
မြစိမ်းရောင်ကျေးရွာ စီမံကိန်း
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း
ကျေးလက်မီးလင်းရေးလုပ်ငန်း
လူထုဗဟိုပြု စီမံကိန်း
အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း
ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း
ကျေးလက်ရေပေးရေးစီမံကိန်းများ
ကျေးလက်ကုန်ထုတ်လမ်းတံတား
ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း
ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း
Cash for Work (လုပ်အားခပေး ဖွံ့ဖြိုးရေး) စီမံကိန်း
အရှေ့အာရှ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုစံပြစီမံကိန်း
အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများဖွင့်လှစ်ခြင်း

မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကြောင်း

နိဒါန်း

၁။      ပြည်တွင်းနှင့် နိုင်ငံတကာဖွံ့ဖြိုးရေး အတွေ့အကြုံများအရ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများသာမက မိသားစုဝင်ငွေတိုးပွားရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ကိစ္စရပ်များကို ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။

၂။       ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်တွင်း/ ပြည်ပ ကျွမ်းကျင်ပညာရှင်များ နှင့် ညှိနှိုင်းရေးဆွဲထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်ပါ စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူဗဟိုပြုအသွင်ဖြင့် အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန် အတွက်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း အဖွဲ့အစည်းများမှ ကောက်ယူခဲ့သည့် စစ်တမ်းများအရ ကျေးလက်အိမ်ထောင်စု (၇၅%)ခန့်သည် အသက်မွေးဝမ်းကျောင်းနှင့် မိသားစု ဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတိုးမဲ့ချေးငွေ (သို့မဟုတ်) အတိုးနည်းချေးငွေများ လိုအပ်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် ကျေးလက်ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်လည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း(၁၅,၁၇၃)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ပါသည်။

စီမံကိန်း ရည်ရွယ်ချက်

  • အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်၊
  • တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊
  • ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့်မမျှော်မှန်းနိုင်သော  ဘေးအန္တ ရာယ်များကျရောက်လာပါက တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက် လာစေရန်။

 

 

ဆောင်ရွက်မည့်နည်းလမ်း

၃။      မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့် ကျေးရွာတစ်ရွာလျင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ်သန်း (၃၀) အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နိုင်ငံတော်ရန်ပုံငွေမှ မတည်ပေးမည်ဖြစ်ပါသည်။ ယင်းမတည်ပေးထားသော အရင်းမပျောက်လည် ပတ်ရန်ပုံငွေအား ကျေးရွာအတွင်းရှိ အိမ်ထောင်စုများထံ သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေး၍ ရန်ပုံငွေတိုးပွားစေကာ ရေရှည်တည်တံ့လည်ပတ်စေမည့် နည်းလမ်းဖြင့် ဆောင်ရွက် သွား မည်ဖြစ်ပါသည်။   

၄။      မြစိမ်းရောင်လည်ပတ်ရန်ပုံငွေမှ ကျေးရွာသူ၊ ကျေးရွာသားများအား ချေးငွေထုတ်ချေး ပေးရာတွင် အတိုးနှုန်းကို ငွေတစ်ရာကျပ်အတွက် တစ်လလျှင် ပြား(၅၀) နှုန်းမှ တစ်ကျပ် ပြား (၅၀) နှုန်းအတွင်း ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီမှ အများသဘောတူ အစည်းအဝေး ဆုံးဖြတ်ချက် ဖြင့် သတ်မှတ်ပေးနိုင်ပါသည်။

စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် အခြေခံရမည့် စံနှုန်းများ

  • ဆင်းရဲသော ကျေးရွာ၊
  • စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသော ကျေးရွာ၊
  • တရားဥပဒေစိုးမိုးခြင်း(အရက်ပုန်း၊ လောင်းကစား၊ မူးယစ်ဆေးဝါးကင်းစင် ခြင်း)၊
  • ကျေးရွာသူ/ကျေးရွာသားများ၏  စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှု၊ (ကျေးရွာ များမှ စီမံကိန်းဆောင်ရွက်ရန် လိုလားစွာတင်ပြတောင်းဆိုမှု)၊
  • လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှု၊
  • ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် အလွဲသုံးစားမှုမရှိခဲ့သောကျေးရွာ။

(ဂ)     ဆောင်ရွက်မည့်လုပ်ငန်းများ

၅။     အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ကျေးလက်အိမ်ထောင်စုများအနေဖြင့် စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်၊ အသက်မွေးဝမ်း ကျောင်း လုပ်ငန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ စသည့် ဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။

 

 

၆။      မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းအမျိုးအစားအလိုက် အကောင်အထည် ဖော် ဆောင်ရွက်မှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (၆/၂၀၂၄)

စဉ်

လုပ်ငန်းအမျိုးအစား

အိမ်ထောင်စု

ထုတ်ချေးငွေ (ကျပ်သန်း)

ရာခိုင်နှုန်း

စိုက်ပျိုးရေး

၇၅၂,၇၇၁

၃၀၇,၉၄၄.၈၁၃

၆၀.၆၉

မွေးမြူရေး

၄၀၆,၄၂၅

၁၂၉,၆၉၉.၂၀၀

၂၅.၅၆

ရေလုပ်ငန်း

၃၂,၈၄၉

၉,၆၆၃.၃၄၈

၁.၉၀

မီးလင်းရေး

၅၆

၄၃.၂၁၀

၀.၀၁

ကုန်ထုတ်လုပ်ငန်း

၉,၅၆၇

၃,၃၈၇.၂၃၁

၀.၆၇

အရောင်းအဝယ်

၁၀၆,၁၇၁

၄၄,၅၅၈.၁၂၆

၈.၇၈

အခြားအသက်မွေးဝမ်းကျောင်း

၃၆,၁၈၃

၁၀,၅၃၂.၈၀၅

၂.၀၈

အသေးစားစက်မှုလက်မှုလုပ်ငန်း

၄,၀၇၃

၁,၅၃၆.၇၀၀

၀.၃၀

စုစုပေါင်း

,၃၄၈,၀၉၅

၅၀၇,၃၆၅.၄၃

၁၀၀

 

(ဃ)    စီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီ

၇။      မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအဆင့် (စီမံကိန်းဗဟိုကြီးကြပ်မှုကော်မတီ)၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် (စီမံကိန်းကြီးကြပ်မှုကော်မတီ)၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် ကျေးရွာအဆင့်တို့တွင် (စီမံကိန်းလုပ်ငန်းအဖွဲ့) အသီးသီးအား ဖွဲ့စည်းကြီးကြပ် ဆောင်ရွက်လျက် ရှိသည်။

 

(င)     စီမံကိန်းအကျိုးကျေးဇူးများ  

၈။      စီမံကိန်းကျေးရွာများတွင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေထူထောင်၍ မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများမှ အောက်ပါ အတိုင်း ဖြစ်ပါသည်-

  • ကျေးရွာစိတ်ဓာတ်ဖွံ့ဖြိုးလာအောင် အဆင့်ဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခြင်း၊
  • ​ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာခြင်း၊
  • ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများရရှိလာခြင်း၊
  • စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊
  • ဒေသခံပြည်သူများ အကြွေးဝန်ထုတ်ဝန်ပိုးလျော့ကျလာခြင်း၊
  • တိုးပွားလာသောငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊
  • စွမ်းဆောင်ရည်မြင့်မားလာခြင်းနှင့် ဒီမိုကရေစီနည်းလမ်းကျကျ စုပေါင်းညှိနှိုင်းဆောင် ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာခြင်း၊
  • ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအလေ့အထများ ဖွံ့ဖြိုးလာခြင်း၊
  • အသိဉာဏ်နှင့် ဗဟုသုတများ တိုးပွားလာခြင်း၊
  • အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာခြင်း၊
  • နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ပြည်သူဗဟိုပြုဖွံ့ဖြိုး ရေးလုပ်ငန်းများကိုဖော်ဆောင်နိုင်ခြင်းနှင့် အောက်ခြေအဆင့်မှ တင်ပြချက်များကို အကောင်အထည်ဖော်နိုင်ခြင်း။

Digital Financing အကောင်အထည်ဖော်ဆောင်ရွက်မှု

၉။      ကျေးလက်ဦးစီးဌာနအနေဖြင့် ကျေးလက်စီးပွားရေးနှင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများတွင် ဒီဂျစ်တယ်နည်းပညာကို ထိရောက်စွာအသုံးပြုနိုင်ရန်နှင့် ကျေးလက်နေပြည်သူများမှ ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို လက်လှမ်းမီနိုင်စေရေးအတွက် ကျေးရွာသူ/သားများ ရန်ပုံငွေ ထုတ်ချေးခြင်း၊ အရင်း/ အတိုးပြန်လည်ပေးသွင်းခြင်းများဆောင်ရွက်ရာ၌  ငွေကြေးလုံခြုံမှုရှိစေရန်၊ မြို့နယ်များသို့သွားရောက်ထုတ်ယူနေရသည့် အချိန်၊ ငွေကြေးနှင့် အခြားစရိတ်များ လျော့နည်းစေရန် နှင့် ပိုမိုကောင်းမွန်သော ရန်ပုံငွေလည်ပတ်မှုစနစ်တစ်ရပ် ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံတော်၏ အကောင်အထည်ဖော်လျက်ရှိသော Cash Less System ဖြစ်သည့်  Banking 4.0 စနစ်အား အထောက်အကူပြုစေရန် ရည်ရွယ်၍ Digital ငွေပေးချေမှုစနစ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ Shwe Bank၊ Myanmar Citizens Bank၊ True Money Myanmar၊  AYA Bank နှင့် Trusty  တို့နှင့်ပူးပေါင်း၍ ကျေးရွာ စုစုပေါင်း (၂၂၅) ယူနစ်တွင် စမ်းသပ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ စတင်၍ အစီရင်ခံကာလအထိ  အဆိုပါစနစ်ဖြင့် ချေးငွေထုတ်ချေးခြင်း၊ အတိုး ကောက်ခံခြင်းနှင့် အရင်း ပြန်လည်ကောက်ခံခြင်းများအား ပုဂ္ဂလိကဘဏ်(၃)ခု၊ ငွေကြေး ဝန်ဆောင်မှု ကုမ္ပဏီ (၂) ခုတို့နှင့် အောက်ပါအတိုင်း ဆောင်ရွက်လျက်ရှိပါသည် -

Mobile Financial Payment စနစ်ဖြင့် ထုတ်ချေးမှုစာရင်း

စဉ်

ပြည်နယ်/
တိုင်းဒေသကြီး

မြစိမ်းရောင် စီမံကိန်း

ဘဏ်/ကုမ္ပဏီအမည်

ယူနစ်

ကျေးရွာ

Shwe Bank

Myanmar Citizens Bank

True Money Myanmar

Ayeyarwaddy Bank

Trusty

စုစုပေါင်း

နေပြည်တော်

၂၇၇

၂၈၆

၁၂

 

၁၉

ကချင်

၄၈၅

၅၅၁

 

 

 

 

ကရင်

၃၉၉

၄၄၃

 

 

ပဲခူး

၁၄၃၄

၁၅၈၆

၁၃

၃၁

၄၈

၉၅

မကွေး

၁၂၅၀

၁၂၉၄

 

 

 

 

မန္တလေး

၁၂၈၅

၁၃၄၉

၁၁

 

၁၆

မွန်

၂၇၃

၂၉၇

 

 

 

၁၅

ရန်ကုန်

၅၀၅

၅၂၁

၁၀

 

၁၉

ရှမ်း(တောင်)

၁၁၇၉

၁၅၁၁

 

 

၁၀

ရှမ်း(မြောက်)

၈၂၄

၁၁၆၃

 

 

 

 

၁၁

ဧရာဝတီ

၂၀၄၉

၂၅၄၅

၂၁

 

၃၅

စုစုပေါင်း

၉၉၆၀

၁၁၅၄၆

၅၃

၅၆

၉၄

၁၆

၂၂၅

 

 

 

 

အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

၁၀။    စီမံကိန်းကာလ (၃)နှစ် ပြည့်မြောက်ပြီး စတုတ္ထနှစ် (သို့မဟုတ်) အတိုးရငွေ စုစုပေါင်း ကျပ် (၁၀) သန်းနှင့်အထက် ရရှိလျှင် အသားတင် အတိုးရငွေ၏ (၅၀%) ကို ပြန်လည် ထုတ်ချေးပြီး ကျန် (၅၀%)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ပါသည်။

၁၁။    ပြည်နယ်/တိုင်းဒေသကြီး(၁၇)ခုတို့တွင် စီမံကိန်းအတိုးရငွေ (၅၀%) ဖြင့် (၆/၂၀၂၄) လအထိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှု အခြေအနေမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(ကျပ်သန်း)

စဉ်

လုပ်ငန်းအမျိုးအစား

အရေအတွက်

အတိုးရငွေ(၅၀%)မှ သုံးစွဲငွေ

ပြည်သူ ထည့်ဝင်ငွေ

စုစုပေါင်း

လမ်း/တံတား

၂,၈၄၅

၂၃,၀၈၁.၁၀၁

၃,၈၂၇.၇၈၁

၂၆,၉၀၈.၈၈၂

ရေပေးရေး

၂၅၈

၁,၄၈၅.၄၃၃

၃၅၉.၂၉၇

၁၈,၄၄.၇၃၀

ရေသန့်စင်စက်တပ်ဆင်ခြင်း

၂၀၂

၄၆၅.၁၇၇

၄.၄၈၀

၄၆၉.၆၅၇

မီးလင်းရေး

၁,၁၂၃

၉,၅၃၉.၀၆၈

၁၁,၅၀၆.၆၂၃

၂၁,၀၄၅.၆၉၀

ပညာရေး

၁၅၈

၁,၁၃၄.၈၆၈

၄၂၈.၇၄၁

၁,၅၆၃.၆၀၉

စာကြည့်တိုက်

၁၄

၇၉.၄၂၀

၂၄.၆၀၇

၁၀၄.၀၂၇

ကျန်းမာရေး

၅၄.၅၁၈

၄၁.၅၂၉

၉၆.၀၄၇

ကျေးရွာခန်းမဆောင်

၂၈၄

၃,၁၃၁.၈၁၉

၁,၁၆၀.၈၆၈

၄,၂၉၂.၆၈၇

အခြား

၃၃၄

၁,၉၄၆.၂၉၆

၄၀၁.၁၄၁

၂,၃၄၇.၄၃၆

စုစုပေါင်း

,၂၂၆

၄၀,၉၁၇.၆၉၉

၁၇,၇၅၅.၀၆၆

၅၈,၆၇၂.၇၆၅

 

 

 စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း

၁၂။     စီမံကိန်းကျေးရွာများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) မှ ကောက် နုတ်စစ်ဆေးခြင်း၊ ပြည်နယ်/တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ၁၅%၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀%၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၁၀၀% ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ရမည်။ ထို့အပြင် ဝန်ထမ်းတစ်ဦးလျှင် စီမံကိန်းကျေးရွာ (၅) ရွာ ပုံသေသတ်မှတ် တာဝန်ပေးအပ်ခြင်းနှင့် M&E ပုံစံများ ဖြင့် လစဉ်အစီရင်ခံစာ တင်ပြခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

Management Information System

၁၃။    မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အထိ ပြည်ထောင်စုနယ်မြေ - နေပြည်တော်အပါအဝင်  တိုင်းဒေသ ကြီး/ ပြည်နယ်အားလုံးရှိ ခရိုင် (၁၁၅)ခရိုင်၊ မြို့နယ် (၂၈၉) မြို့နယ်တို့တွင် ကျေးရွာယူနစ်ပေါင်း (၁၂,၉၇၅) ယူနစ်၊ အကျိုးပြု ကျေးရွာပေါင်း (၁၅,၁၇၃) ရွာတွင် အကောင်အထည်ဖော်‌ဆောင်ရွက်လျက်ရှိရာ မြစိမ်းရောင် ကျေးရွာစီမံကိန်း အမြောက်အများ အကောင်အထည်ဖော် ဆောင်ရွက်ရသည့်အတွက် ဝန်ထမ်းများ၏ လုပ်ငန်းပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးဖြစ်မှုကို လျော့ချနိုင်ရန်၊ စီမံကိန်းဆိုင်ရာ စာရင်းဇယားကိန်းဂဏန်း အချက်အလက်များအား တိကျလွယ်ကူလျင်မြန်ပြီး စနစ်တကျ သိမ်းဆည်းဆောင်ရွက်နိုင်ရန်၊ မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက စီမံကိန်းဆိုင်ရာ အချက်အလက်များ လုံခြုံစိတ်ချမှုရှိစေရန်၊ သက်ဆိုင်သူအားလုံးမှ စီမံကိန်းလည်ပတ်ဆောင်ရွက်မှုများအား အချိန်နှင့် တပြေးညီ စောင့်ကြည့်စစ်ဆေးအကဲ ဖြတ်သုံးသပ်နိုင်ပြီး စနစ်တကျ ကြီးကြပ်ကွပ်ကဲနိုင်ရန် MIS စနစ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

၁၄။    မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသ ကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များရှိ စီမံကိန်းဝန်ထမ်းများအား စီမံကိန်းဆိုင်ရာ အချက်အလက် များ MIS စနစ်တွင် ဖြည့်သွင်းနိုင်ရေး သင်တန်းများ ပို့ချလျက် စီမံကိန်းကျေးရွာ ၁၂၉ ရွာကို စမ်းသပ် ဖြည့်သွင်းဆောင်ရွက်စေခဲ့ပါသည်။ အဆိုပါသင်တန်းများမှ သင်တန်းသား/ သူများ၏ အကြံပြု တင်ပြချက်များနှင့် မြေပြင်အခြေအနေများအပေါ် အခြေခံ၍ ပိုမိုပြီးပြည့်စုံစေရန် ထပ်မံဖြည့်စွက် ပြင်ဆင်လျက် ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်အားလုံးရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆိုင်ရာ အချက်အလက်များအား MIS စနစ်ဖြင့် ဖြည့်သွင်းဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။

 

 

စီမံကိန်းဆိုင်ရာအချက်အလက်များ

စီမံကိန်းခေါင်းစဉ် အပြည့်အစုံ

(အင်္ဂလိပ်၊ မြန်မာ)

မြစိမ်းရောင်ကျေးရွာ စီမံကိန်း

(Evergreen Village Development Project)

ရည်ရွယ်ချက်

  • အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွား လာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ ချနိုင်ရန်၊
  • တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန် တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်၊
  • ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန် နှင့် မမျှော်မှန်းနိုင်သော  ဘေးအန္တရာယ်များ ကျရောက် လာပါက တုန့်ပြန်မှု အားကောင်းသော လူမှုအဖွဲ့အစည်း များ ပေါ်ပေါက်လာစေရန်။

စီမံကိန်းကာလ

 ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍

ထောက်ပံ့ငွေပမာဏ

 အိမ်ခြေ (၁၀၁)နှင့်အထက်(Type-1)      - ကျပ်သန်း ၃၀

အိမ်ခြေ (၅၁)နှင့် (၁၀၀)ကြား(Type-2)   - ကျပ်သန်း ၂၀

အိမ်ခြေ (၅၀)နှင့် အောက် (Type-3)        - ကျပ်သန်း ၁၀

အိမ်ခြေ(၈၀)အောက်လျော့နည်းသော   

ကျေးရွာများအား စုစည်းဆောင်ရွက်ခြင်း    ကျပ်သန်း ၃၀

(Type-4)          

စုစုပေါင်းငွေပမာဏ

(၃၇၀.၀၅) ဘီလီယံ၊ (၂၀၁၄-၂၀၁၅ မှ ၂၀၂၄ -၂၀၂၅ ထိ)

စီမံကိန်းဒေသ

ပြည်နယ်/တိုင်းဒေသကြီး(၁၇)ခု

မြို့နယ်(၂၈၉)မြို့နယ်၊ ကျေးရွာ (၁၅,၁၇၃)ရွာ

ထောက်ပံ့သည့် အဖွဲ့အစည်း

နိုင်ငံတော်ရန်ပုံငွေ

ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း

Ecodev Myanmar ၊

Social Policy and Poverty Research Group (SPPRG)၊

Centre for Good Governance (CGG)

ဆောင်ရွက်မည့် နည်းလမ်း/ ချဉ်းကမ်သည့်ပုံစံ

စီမံကိန်းဆောင်ရွက်မည့် ကျေးရွာတစ်ရွာလျှင် အရင်း မပျောက် လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ် သန်း(၃၀)အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နိုင်ငံတော် ရန်ပုံငွေမှ  မတည်ပေးမည်ဖြစ်ပါသည်။  ယင်းမတည်ပေး ထားသော အရင်းမပျောက်လည်ပတ်ရန်ပုံငွေအား ကျေးရွာ အတွင်းရှိ အိမ်ထောင်စုများထံ သက်သာသော အတိုးနှုန်း ဖြင့် ထုတ်ချေး၍ ရန်ပုံငွေတိုးပွားစေကာ ရေရှည်တည်တံ့ လည်ပတ်စေမည့် နည်းလမ်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။   

ဆောင်ရွက်မည့် လုပ်ငန်း

စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်းရေး၊ ကုန် ထုတ်လုပ်ငန်း၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းစသည့် ဝင်ငွေတိုးပွားရေး လုပ်ငန်းများဆောင်ရွက်နိုင်ပါသည်။

အကျိုးကျေးဇူး/ရလဒ်

(က) ကျေးရွာစိတ်ဓာတ်ဖွံ့ဖြိုးလာအောင် အဆင့်ဆင့်မြှင့် တင်ဆောင်ရွက်နိုင်ခြင်း၊

( ခ) ​   ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာခြင်း၊

 (ဂ)  ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်           နည်းပညာများရရှိလာခြင်း၊

(ဃ) စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာခြင်း၊

(င)  ဒေသခံပြည်သူများ အကြွေးဝန်ထုတ်ဝန်ပိုးလျော့ကျ လာခြင်း၊

(စ)  တိုးပွားလာသောငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်   ငန်းများဆောင်ရွက်နိုင်ခြင်း၊

(ဆ)  စွမ်းဆောင်ရည်မြင့်မားလာခြင်းနှင့် ဒီမိုကရေစီ နည်း လမ်းကျကျ စုပေါင်းညှိနှိုင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိလာခြင်း၊

(ဇ)  ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အလေ့အထများ ဖွံ့ဖြိုးလာခြင်း၊

( ဈ)  အသိဉာဏ်နှင့် ဗဟုသုတများ တိုးပွားလာ ခြင်း၊

(ည) အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာ ခြင်း၊

(ဋ)  နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တစ်ခု ဖြစ်သည့် ပြည်သူဗဟိုပြုဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖော် ဆောင်နိုင်ခြင်းနှင့် အောက်ခြေအဆင့်မှ တင်ပြ ချက်များကို အကောင်အထည်ဖော်နိုင်ခြင်း။

ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ

Ecodev -  အမှတ် (၅၃၁-D) မာလာမြိုင် ရိပ်သာလမ်း၊  ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့

SPPRG  -    အမှတ်(၄-D)၊ ၄ လွှာ၊ မြိုင်ဟေဝန် အိမ်ရာ၊ ၈- မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့

CGG -      အမှတ်(၃၄L/၁)၊ စမ်းရေတွင်းလမ်း၊ သာသနာ့ ရိပ်သာရပ်ကွက်၊ ဗဟန်း မြို့နယ်၊ ရန်ကုန်မြို့

 

 

 

စီမံကိန်းဆိုင်ရာအချက်အလက်များ

စီမံကိန်းခေါင်းစဉ် အပြည့်အစုံ

(အင်္ဂလိပ်၊ မြန်မာ)

မြစိမ်းရောင်ကျေးရွာ စီမံကိန်း

(Evergreen Village Development Project)

ရည်ရွယ်ချက်

  • က) အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက် ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်၊
  • ခ)   တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာ အတွက် အမှန်တကယ် လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကိုကျေးရွာမှ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန်၊
  • ဂ)   ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော  ဘေးအန္တရာယ်များ ကျရောက်လာပါက တုန့်ပြန်မှု အားကောင်းသော လူမှုအဖွဲ့ အစည်းများ ပေါ်ပေါက်လာစေရန်။

စီမံကိန်းကာလ

 

ထောက်ပံ့ငွေ ပမာဏ

(၃၅၇.၆၄၀) ဘီလီယံ

(၂၀၁၄-၂၀၁၅ မှ ၂၀၂၂-၂၀၂၃ ထိ)

စီမံကိန်းဒေသ

ပြည်နယ်/တိုင်းဒေသကြီး(၁၇)ခု

မြို့နယ်(၂၈၉)မြို့နယ်၊ ကျေးရွာ (၁၂၄၇၅)ရွာ

ထောက်ပံ့သည့် အဖွဲ့အစည်း

နိုင်ငံတော် ရန်ပုံငွေ

ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း

Ecodev Myanmar ၊

Social Policy and Poverty Research Group (SPPRG)၊

Centre for Good Governance (CGG)

ဆောင်ရွက်မည့် နည်းလမ်း/ ချဉ်းကမ်သည့်ပုံစံ

စီမံကိန်းဆောင်ရွက်မည့် ကျေးရွာတစ်ရွာလျှင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ် သန်း(၃၀)အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ နိုင်ငံတော်ရန်ပုံငွေမှ မတည် ပေးမည်ဖြစ်ပါသည်။  ယင်းမတည် ပေးထား သော အရင်းမပျောက်လည်ပတ်ရန်ပုံငွေအား ကျေးရွာအတွင်းရှိ အိမ်ထောင်စုများထံ သက် သာသော အတိုးနှုန်းဖြင့် ထုတ်ချေး၍ ရန်ပုံငွေ တိုးပွားစေကာ ရေရှည်တည်တံ့ လည်ပတ် စေမည့် နည်းလမ်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။   

ဆောင်ရွက်မည့် လုပ်ငန်း

စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်း ရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများစသည့် ဝင်ငွေတိုးပွားရေး လုပ်ငန်းများဆောင်ရွက်နိုင် ပါသည်။

အကျိုးကျေးဇူး/ရလဒ်

(က) ကျေးရွာစိတ်ဓာတ် ဖွံ့ဖြိုးလာအောင် အဆင့် ဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခြင်း၊

( ခ) ​ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွား လာခြင်း၊

( ဂ)  ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းနှင့် နည်းပညာများရရှိလာခြင်း၊

(ဃ) စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း နှင့် အသေးစားစီးပွားရေးလုပ် ငန်းများဖွံ့ဖြိုး တိုးတက်လာခြင်း၊

( င)  ဒေသခံပြည်သူများ အကြွေးဝန်ထုတ် ဝန်ပိုး လျော့ကျလာခြင်း၊

( စ)  တိုးပွားလာသောငွေများဖြင့် ကျေးရွာဖွံ့ဖြိုး ရေး လုပ်ငန်းများဆောင်ရွက်နိုင်ခြင်း၊

(ဆ)  စွမ်းဆောင်ရည် မြင့်မားလာခြင်းနှင့် ဒီမို ကရေစီ နည်းလမ်းကျကျ စုပေါင်းညှိနှိုင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိလာခြင်း၊

( ဇ)  ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အလေ့ အထများ ဖွံ့ဖြိုးလာခြင်း၊

( ဈ) အသိဉာဏ်နှင့် ဗဟုသုတများ တိုးပွားလာ ခြင်း၊

(ည) အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာခြင်း၊

( ဋ)  နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တစ်ခုဖြစ်သည့် ပြည်သူဗဟိုပြုဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖော်ဆောင်နိုင်ခြင်းနှင့် အောက်ခြေအဆင့်မှ တင်ပြချက်များကို အကောင်အထည်ဖော်နိုင်ခြင်း။

ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ

Ecodev- အမှတ် (၅၃၁-D) မာလာမြိုင် ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့

SPPRG- အမှတ်(၄-D)၊ ၄ လွှာ၊ မြိုင်ဟေဝန် အိမ်ရာ၊ ၈-မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့

CGG - အမှတ်(၃၄L/၁)၊ စမ်းရေတွင်းလမ်း၊ သာသနာ့ရိပ်သာရပ်ကွက်၊ ဗဟန်း မြို့နယ်၊ ရန်ကုန်မြို့

 

 

# Title / Total Download