လူထုဗဟိုပြု စီမံကိန်း
စီမံကိန်း ခေါင်းစဉ် - လူထု ဗဟိုပြု စီမံကိန်း
စီမံကိန်း ကာလ - ၂၀၁၃- ၂၀၂၅
ထောက်ပံ့ငွေ ပမာဏ - အမေရိကန်ဒေါ်လာ ၅၄၉ သန်း
ရန်ပုံငွေ ထောက်ပံ့မှု -
နိဒါန်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် လူထု ဗဟိုပြု စီမံကိန်း (NCDDP) ကို ၂၀၁၃ ခုနှစ်မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး၊ ကျေးလက်ဒေသ များတွင် အခြေခံ အဆောက်အအုံနှင့် လူထု လိုအပ်ချက်များကို ဖြည့်စွမ်းပေးလျက် ရှိနေပါသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာ လူထု ကိုယ်တိုင် ဦးစားပေး ရွေးချယ် သည့် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း၊ အကောင်အထည် ဖော်ရာတွင် ငွေကြေးအထောက်အပံ့များ ပေးခြင်း၊ စီမံကိန်း လုပ်ငန်း ရွေးချယ်ရာတွင် ကျေးလက်နေပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် စီမံကိန်းအကောင်း ကြိုတင် မိတ်ဆက်ဆွေးနွေးခြင်း၊ စွမ်းဆောင်ရည် မြှင့်မားလာစေရန် ကဏ္ဍအလိုက် နည်းပညာပိုင်းဆိုင်ရာ သင်တန်းပေးခြင်းတို့ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။
၂၀၁၃ ခုနှစ်မှ စတင် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သော စီမံကိန်းသည် ကျေးလက်နေ ပြည်သူများ အတွက် အကျိုးရှိစေမည့် အခြေခံ အဆောက်အအုံများ ဖြစ်သည့် ကျေးရွာ ခန်းမများ၊ စာသင်ကျောင်းများ တည်ဆောက်ပြုပြင်ခြင်း၊ တိုးချဲ့ ဆောက်လုပ်ပေးခြင်း၊ ဆေးရုံ/ ဆေးခန်းများ ပြုပြင်တည်ဆောက်ပေးခြင်း၊ ကျေးရွာလမ်းများ ပြုပြင် တည်ဆောက်ပေးခြင်း၊ ဆိပ်ခံတံတားများ တည်ဆောက်ပေးခြင်း၊ ကျေးရွာ လူထုအတွက် လျှပ်စစ်မီးနှင့် ရေ အသုံးပြုနိုင်မှု မြှင့်တင်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက် ရှိနေပါသည်။ စီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ငွေကြေး ထောက်ပံ့ပေးမှု အပြင် ကျေးလက်နေ ပြည်သူလူထု အနေဖြင့် ညှိနှိုင်း တိုင်ပင် ဆွေးနွေးခြင်းနှင့် လုပ်ငန်း ဆောင်ရွက်နိုင်စေရန်တို့အတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးမှုများ ပြုလုပ်ပေးလျက် ရှိပါသည်။
၂၀၁၃ ခုနှစ်မှ စတင်ခဲ့သော စီမံကိန်းကို နိုင်ငံတစ်ဝှမ်းရှိ လူဦးရေ ၇ သန်းခန့်နေထိုင်သော မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင် တိုးချဲ့ အကောင်အထည်ဖော်လျက် ရှိပြီး၊ စီမံကိန်း သတ္တမ စက်ဝန်း ၂၀၂၀ ခုနှစ်တွင် စီမံကိန်း တိုးချဲ့ အကောင်အထည် ဖော်ရန်အတွက် မြို့နယ် ရွေးချယ်မှုများကို ဒေသခံ လူမှု အဖွဲ့အစည်းများနှင့် အစုအဖွဲ့ အသီးသီးတို့နှင့် ညှိနှိုင်းတိုင်ပင်ကာ ရွေးချယ်ခဲ့သည့် မြို့နယ်သစ် ၁၃ မြို့နယ်တွင် စီမံကိန်းကို တိုးချဲ့အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။ လူထု ဗဟိုပြု စီမံကိန်းကို နိုင်ငံတော် အစိုးရ၏ ရန်ပုံငွေ ထည့်ဝင်ခြင်း၊ ကမ္ဘာ့ဏ်၊ အီတလီ အစိုးရ၊ ဂျပန်နိုင်ငံနှင့် ယူနိုက်တက် ကင်းဒမ်းနိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာန (DFID) တို့မှ ပံ့ပိုးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၄၉ သန်းဖြင့် ၂၀၁၅ ခုနှစ် အထိ စီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်ရန် လျာထားပါသည်။
စီမံကိန်းရည်ရွယ်ချက်
လူထု ဗဟိုပြု စီမံကိန်း၏ ရည်ရွယ်ချက်မှာ ပြည်သူ ဗဟိုပြုသော နည်းလမ်းဖြင့် ကျေးလက်ဒေသနေ ပြည်သူလူထု၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျသော အခြေခံ အဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို လက်လှမ်းမှီ အသုံးပြုလာနိုင်စေရန်နှင့် ကျေးလက်နေ ပြည်သူလူထု၏ စွမ်းဆောင်ရည် မြင့်မား လာစေရန် တို့ ဖြစ်သည်။ စီမံကိန်း လုပ်ငန်းစဉ်များမှာ ရွေးချယ်ပေးသော ကျေးလက် အခြေခံအဆောက်အအုံ များတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် ငွေကြေးထောက်ပံ့ခြင်း၊ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းပြီး ဒေသခံ လူ့မှုအဖွဲ့အစည်း၏ ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေး အစီအစဉ်များ ဖော်ထုတ်ခြင်း၊ စီမံချက်ချမှတ်ခြင်း နှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ စွမ်းဆောင်ရည် အားကောင်းလာစေခြင်း၊ စီမံကိန်း လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ဒေသခံ လူ့အဖွဲ့အစည်းမှ ဆင်းရဲနွမ်းပါးပြီး ထိခိုက် ခံစားရနိုင်သောသူများ၊ လူနည်းစု တိုင်းရင်းသားများ ပါဝင်နိုင်စေခြင်း၊ ကျား/မ မရွေး ပါဝင်နိုင်စေခြင်း စသည်တို့ ဖြစ်သည်။
စီမံကိန်း ဆောင်ရွက်သည့် နည်းလမ်းများ
စီမံကိန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူ ဗဟိုပြုသော နည်းလမ်းဖြင့် ကျေးလက်ဒေသ နေ ပြည်သူလူထုအနေဖြင့် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတို့ ကိုယ်တိုင် ပါဝင်ကာ စီမံ ခန့်ခွဲ လုပ်ဆောင်တတ်လာ စေခြင်းဖြင့် ကျေးလက်ဒေသများတွင် အပြု သဘောဆောင်သော တိုးတက်မှုများ ဖြစ်ပေါ်လာစေမည် ဖြစ်သည်။
စီမံကိန်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ထိခိုက်ခံစားရနိုင်သော သူများနှင့် လူနည်းစု တိုင်းရင်းသားများ အပြည့်အဝ ပူးပေါင်း ပါဝင်လာနိုင်စေရေးအတွက် ဆောင်ရွက်သည့် နည်းလမ်းများတွင် ၁) တိုင်းရင်းသား အုပ်စုများမှ ရွေးချယ်ပေးသော ကျေးရွာ စေတနာ့ ဝန်ထမ်းများကို ရွေးချယ် ပါဝင်စေခြင်း ၂) စီမံကိန်းလုပ်ငန်းများ မဆောင်ရွက်ခင် ကျေးရွာနှင့် ကျေးရွာ အုပ်စု ဖွံ့ဖြိုးရေး အစီအစဉ်များအတွက် လွတ်လပ်သော သမရိုးကျ ဆွေးနွေးပွဲများ ကျင်းပပေးခြင်း ၃) တိုင်းရင်းသား လူနည်းစုများ အနေဖြင့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်များ၊ စောင့် ကြည့် အကဲဖြတ်သည့် လုပ်ငန်းစဉ်များတွင် ပါဝင်စေခြင်း ၄) ဒေသခံ ဘာသာစကားများကို အသုံးပြုခြင်း တို့ ပါဝင်ပါသည်။
စီမံကိန်း လုပ်ငန်းစဉ်များတွင် အမျိုးသမီးများအနေဖြင့် တန်းတူရည်တူ ပါဝင်ခွင့်နှင့် ဆုံးဖြတ်ချက် ချမှတ်ရာတွင် ပါဝင်ခွင့်ရှိစေရေးအတွက် ကျား-မ တန်းတူ အခွင့် အရေးရ ရှိမှုဆိုင်ရာ လုပ်ငန်းစဉ်များကို သေချာစွာ ထည့်သွင်း ဆောင်ရွက်ပါသည်။ စီမံကိန်း ဆောင်ရွက်စဉ် ကာလအတွင်း ပြည်သူ လူထုအတွက် အရေး ပေါ် အခြေအနေများ ဖြစ်ပေါ်လာပါက ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများကို အလျင်အမြန် တုန့်ပြန် ဆောင်ရွက်နိုင်စေရန် လိုအပ်ပါက စီမံကိန်း အခြားအပိုင်းမှ ငွေများကိုလွှဲပြောင်း သုံးစွဲစေမည် ဖြစ်ပါသည်။
စီမံကိန်း လုပ်ငန်းများ
ကျေးလက် အခြေခံ အဆောက်အအုံ များဖြစ်သည့် ကျေးရွာ ခန်းမများ၊ စာသင်ကျောင်းများ ပြုပြင်ခြင်းနှင့် တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ ဆေးရုံ/ ဆေးခန်းများ ပြုပြင်တည်ဆောက်ပေးခြင်း၊ ကျေးရွာတွင်းလမ်းနှင့် ကျေးရွာချင်းဆက် လမ်းများ ဖောက်လုပ်/ ပြုပြင်ပေးခြင်း၊ တံတားများ တည်ဆောက်ပေးခြင်း၊ ရေရရှိရေး နှင့် လျှပ်စစ်မီး အသုံးပြုနိုင်ရေး ဆောင် ရွက်ပေးခြင်း၊ ဆိပ်ခံတံတားများ တည်ဆောက်ပေးခြင်း အစရှိသည့် စီမံကိန်း လုပ်ငန်းခွဲများ အတွက် ငွေကြေးထောက်ပံ့မှုများအပြင် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးမှုများနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကျေးရွာ လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက် စေခြင်းဖြင့် လုပ်အားခ ရရှိစေခြင်းတို့ ဆောင်ရွက်ပါသည်။
အကျိုးကျေးဇူး/ ရလာဒ်
အဓိကကျသော အခြေခံ အဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို ကျေးလက်နေ ပြည်သူများ လူထုဗဟိုပြု ချဉ်းကပ်နည်းဖြင့် အလွယ်တကူ ရယူ အသုံးပြုနိုင်စေခြင်း
ရပ်ရွာအတွင်း ကျား-မ တန်းတူ ရှိမှုနှင့် လူမှုဘဝများ တိုးတက်လာစေခြင်း၊
အစိုးရနှင့် ရပ်ရွာများအကြား ကောင်းမွန်သော ဆက်ဆံရေးကို တိုးတက် ဖြစ်ထွန်းလာစေနိုင်ခြင်း
ပဋိပက္ခ/အရေးပေါ် အခြေအနေတစ်ရပ် ပေါ်ပေါက်လာပါက လျင်မြန်ထိရောက်စွာ တုံ့ပြန် ဖြေရှင်းပေးနိုင်စေရန်အတွက် အစိုးရ၏ အရည်အသွေး မြင့်မားလာစေခြင်း၊
စီမံကိန်း မြို့နယ်များ
၁။ ချင်းပြည်နယ်၊ ကန်ပက်လက်မြိုနယ်
၂။ ချင်းပြည်နယ်မှ မတူပီ မြို့နယ်
၃။ ချင်းပြည်နယ်မှ ပလတ်ဝ မြို့နယ်
၄။ ချင်းပြည်နယ်မှ တွန်းဇံ မြို့နယ်
၅။ ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ် (မြောက်ပိုင်း)
၆။ ရှမ်းပြည်နယ်မှ ဆီဆိုင် မြို့နယ်
၇။ ရှမ်းပြည်နယ်မှ မဘိန်း မြို့နယ်၊
၈။ ရှမ်းပြည်နယ်မှ မောက်မယ်၊
၉။ ရှမ်းပြည်နယ်မှ မိုင်းခတ်မြို့နယ်
၁၀။ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်
၁၁။ တနင်္သာရီတိုင်းဒေသကြီးမှ တနင်္သာရီ မြို့နယ်
၁၂။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်
၁၃။ ရခိုင်ပြည်နယ်မှ ဂွ မြို့နယ်၊
၁၄။ ရခိုင်ပြည်နယ်မှ ပုဏ္ဏားကျွန်း မြို့နယ်
၁၅။ စစ်ကိုင်းတိုင်းဒေသကြီးမှ ပင်လည်ဘူးမြို့နယ်
၁၆။ စစ်ကိုင်းတိုင်းဒေသကြီးမှ မြောင် မြို့နယ်
၁၇။ စစ်ကိုင်းတိုင်းဒေသကြီးမှ ဗန်းမောက် မြို့နယ်
၁၈။ စစ်ကိုင်းတိုင်းဒေသကြီးမှ ကနီ၊
၁၉။ စစ်ကိုင်းတိုင်းဒေသကြီးမှ ကျွန်းလှ မြို့နယ်
၂၀။ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်
၂၁။ မကွေးတိုင်းဒေသကြီးမှ မင်းတုန်း မြို့နယ်
၂၂။ မကွေးတိုင်းဒေသကြီးမှ ပေါက်မြို့နယ်၊
၂၃။ မကွေးတိုင်းဒေသကြီးမှ ဆော မြို့နယ်၊
၂၄။ မကွေးတိုင်းဒေသကြီးမှ ထီးလင်း မြို့နယ်
၂၅။ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်
၂၆။ ဧရာဝတီတိုင်းဒေသကြီးမှ သာပေါင်းမြို့နယ်
၂၇။ ဧရာဝတီတိုင်းဒေသကြီးမှ ကြံခင်း မြို့နယ်
၂၈။ ဧရာဝတီတိုင်းဒေသကြီးမှ ငပုတောမြို့နယ်
၂၉။ ဧရာဝတီတိုင်းဒေသကြီးမှ ဓနုဖြူ၊
၃၀။ ဧရာဝတီတိုင်းဒေသကြီးမှ အင်္ဂပူ မြို့နယ်
၃၁။ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်
၃၂။ ရန်ကုန်တိုင်းဒေသကြီးမှ ကော့မှူး မြို့နယ်
၃၃။ ရန်ကုန်တိုင်းဒေသကြီးမှ ကွမ်းခြံကုန်း၊
၃၄။ ရန်ကုန်တိုင်းဒေသကြီးမှ ကျောက်တန်း မြို့နယ်
၃၅။ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်
၃၆။ နေပြည်တော်ပြည်ထောင်စုနယ်မြေမှ လယ်ဝေး မြို့နယ်
၃၇။ နေပြည်တော်ပြည်ထောင်စုနယ်မြေမှ ပျဉ်းမနား မြို့နယ်
၃၈။ မွန်ပြည်နယ် မှ ချောင်းဆုံမြို့နယ်
၃၉။ မွန်ပြည်နယ် မှ ဘီးလင်းမြို့နယ်
၄၀။ မွန်ပြည်နယ် မှ ပေါင် မြို့နယ်
၄၁။ ပဲခူးတိုင်းဒေသကြီးမှ မိုးညိုမြို့နယ်
၄၂။ ပဲခူးတိုင်းဒေသကြီးမှ ကျောက်ကြီးမြို့နယ်
၄၃။ ပဲခူးတိုင်းဒေသကြီးမှ ပန်းတောင်း မြို့နယ်
၄၄။ ပဲခူးတိုင်းဒေသကြီးမှ ရွှေကျင် မြို့နယ်၊
၄၅။ ပဲခူးတိုင်းဒေသကြီးမှ သဲကုန်း မြို့နယ်
၄၆။ ကရင်ပြည်နယ်မှ ကြာအင်းဆိပ်ကြီးမြို့နယ်
၄၇။ ကရင်ပြည်နယ်မှ လှိုင်းဘွဲ့မြို့နယ်၊
၄၈။ ကရင်ပြည်နယ်မှ ကော့ကရိတ် မြို့နယ်
၄၉။ မန္တလေးတိုင်းဒေသကြီးမှ ငါန်းဇွန်မြို့နယ်
၅၀။ မန္တလေးတိုင်းဒေသကြီးမှ ညောင်ဦးမြို့နယ်
၅၁။ မန္တလေးတိုင်းဒေသကြီးမှ နွားထိုးကြီးမြို့နယ်၊
၅၂။ မန္တလေးတိုင်းဒေသကြီးမှ ပျော်ဘွယ် မြို့နယ်၊
၅၃။ မန္တလေးတိုင်းဒေသကြီးမှ ရမည်းသင်း မြို့နယ်
၅၄။ ကယားပြည်နယ်မှ ဖရူဆိုမြို့နယ်
၅၅။ ကယားပြည်နယ်မှ ဒီမော့ဆို မြို့နယ်
၅၆။ ကယားပြည်နယ်မှ ဘော့လခဲ၊
၅၇။ ကယားပြည်နယ်မှ ဖားဆောင်း၊
၅၈။ ကယားပြည်နယ်မှ မယ်စဲ့ မြို့နယ်၊
၅၉။ ကယားပြည်နယ်မှ လွိုင်ကော်၊
၆၀။ ကယားပြည်နယ်မှ ရှားတော မြို့နယ်
၆၁။ ကချင်ပြည်နယ်မှ မိုးကောင်း မြို့နယ်
၆၂။ ကချင်ပြည်နယ်မှ ပူတာအိုမြို့နယ်၊
၆၃။ ကချင်ပြည်နယ်မှ ရွှေဂူ မြို့နယ်
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ထပ်တိုး ဆောင်ရွက်မည့် မြို့နယ်များ
၁။ မွန် ပြည်နယ် - ကျိုက်မရော မြို့နယ်
၂။ ချင်း ပြည်နယ် - မင်းတပ် မြို့နယ်
၃။ ပဲခူး တိုင်း ဒေသကြီး - အုတ်ဖို မြို့နယ်
၄။ ကရင် ပြည်နယ် - ဘားအံ မြို့နယ်
၅။ စစ်ကိုင်းတိုင်း ဒေသကြီး - ခန္တီး မြို့နယ်
၆။ မန္တလေး တိုင်း ဒေသကြီး - တောင်သာ မြို့နယ်
၇။ တနင်္သာရီ တိုင်းဒေသကြီး - ပုလော မြို့နယ်
၈။ ကချင် ပြည်နယ် - ဝိုင်းမော် မြို့နယ်
၉။ ရှမ်း ပြည်နယ် - တန့်ယန်း မြို့နယ်
၁၀။ ဧရာဝတီတိုင်း ဒေသကြီး - ဒေးဒရဲ မြို့နယ်
၁၁။ မကွေးတိုင်း ဒေသကြီး - ငဖဲ မြို့နယ်
၁၂။ ရန်ကုန်တိုင်း ဒေသကြီး - ခရမ်း မြို့နယ်
၁၃။ ရခိုင်ပြည်နယ် - မာန်အောင် မြို့နယ်
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း
စဉ် |
အမည် |
ရာထူး |
အဖွဲ့ အစည်း |
အီးမေးလ် |
၁ |
Jane Papasergio |
Country Manager |
Cardno Myanmar |
|
၂ |
ဦးမြတ်သူစိုး |
Program Manager |
Myanmar Green Resource Indicator (MGRI) |
|
၃ |
ဦးဝေလင်းချို |
Program Manager |
Network Activities Group (NAG) |
|
၄ |
Leo Roozendaal |
Country Director |
Mercy Corps |
|
၅ |
Kurniawan Hudianto |
President Director |
PT -PHIBETHA KALAMWIJAYA (PKW) |
|
၆ |
Anne-Marie Schreven |
Country Director |
VNG International |
|
၇ |
ဦးထွန်းယု |
Project Manager |
Adam Smith International(ASI) |
စီမံကိန်းခေါင်းစဉ် | စီမံကိန်းခေါင်းစဉ် ရိုက်ပါ |
ထောက်ပံ့သည့်အဖွဲ့အစည်း | |
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း | |
ကာလ | |
ဆောင်ရွက်သည့်နေရာ/ အကောင်ထည့်ဖော်ဆောင်ရွက်သည့်နေရာ | |
ရည်ရွယ်ချက် | |
အကျိုးကျေးဇူးရရှိသူများ | |
ချဉ်းကပ်သည့်ပုံစံ | |
လုပ်ဆောင်ချက်များ | |
အကျိုးကျေးဇူး/ရလာဒ် | |
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ |
# | Title | / Total Download |
---|