Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Cash for Work (လုပ်အားခပေး ဖွံ့ဖြိုးရေး) စီမံကိန်း

စီမံကိန်း
မြစိမ်းရောင်ကျေးရွာ စီမံကိန်း
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း
ကျေးလက်မီးလင်းရေးလုပ်ငန်း
လူထုဗဟိုပြု စီမံကိန်း
အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း
ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း
ကျေးလက်ရေပေးရေးစီမံကိန်းများ
ကျေးလက်ကုန်ထုတ်လမ်းတံတား
ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း
ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း
Cash for Work (လုပ်အားခပေး ဖွံ့ဖြိုးရေး) စီမံကိန်း
အရှေ့အာရှ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုစံပြစီမံကိန်း
အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများဖွင့်လှစ်ခြင်း

Cash for Work (လုပ်အားခပေး ဖွံ့ဖြိုးရေး) စီမံကိန်း

 

နိဒါန်း

              ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ထားသော ကိုရိုနာဗိုင်းရပ် (COVID-19) ကူးစက် ရောဂါသည်ကမ္ဘာတစ်ဝှမ်းလုံးတွင် ကူးစက်မှုနှုန်းမြင့်မားစွာဖြစ်ပွားခဲ့ပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါသည်။ မြန်မာနိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ပျံနှံ့ ဖြစ်ပွားခဲ့ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးခဲ့ပါသည်။ ယင်းထိခိုက်မှုများကို ကုစားနိုင်ရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ Covid -19 Economic Relief Plan ကို ရေးဆွဲထုတ်ပြန်ခဲ့ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် Covid-19 Economic Relief Plan စီမံချက်၏ Action Plan 2.1.7 အရ ကျေးလက်ဒေသများတွင် ကုန်ထုတ်လုပ်မှုနှင့် ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေး အထောက်အကူပြုစေမည့် Cash for Work အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါသည်။

 

စီမံကိန်းရည်ရွယ်ချက်

          ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါနှင့် အခြားသောဘေးအန္တရာယ်များ၏  အကျိုးဆက်များ ကြောင့် လူမှုစီးပွားဘဝထိခိုက်ခံစားရသည့် ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများဝင်ငွေ ရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုး တိုးတက်စေရန်  ရည်ရွယ်ပါသည်။

 

ဆောင်ရွက်သည့် နည်းလမ်း

          Cash for Work စီမံကိန်းသည် တစ်ရွာလျှင် ကျပ်(၁၀)သန်းထောက်ပံ့ပေးပြီး ကျေးရွာ ကုန်ထုတ်လုပ်မှုနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်သားအင်အား အသုံး ပြုရသည့် (Labor Intensive)နည်းလမ်းဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

စီမံကိန်းစက်ဝန်း

          Cash for Work စီမံကိန်းကို အောက်ပါစီမံကိန်းစက်ဝန်း အဆင့် ၈ဆင့်ဖြင့် ကျေးရွာ များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်-

          (က) စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်း၊

          (ခ )  ကျေးရွာကော်မတီဖွဲ့စည်းခြင်းနှင့်သင်တန်းပို့ချခြင်း၊

                (ဂ )  မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီအား တင်ပြ ခြင်း၊

          (ဃ)  အကျိုးခံစားခွင့်ရှိသည့်အိမ်ထောင်စုများရေွးချယ်ခြင်း၊

          (င )  စီမံကိန်းလုပ်ငန်းများအတည်ပြုခြင်းနှင့်ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း၊

          (စ )  လုပ်သားများစီမံခန့်ခွဲခြင်း၊

          (ဆ)  စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

          (ဇ )  စောင့်ကြည့်ကြီးကြပ်ခြင်းစစ်ဆေးခြင်းနှင့် စီမံကိန်းပိတ်သိမ်းခြင်း၊၊

 

စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း

          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် Cash for Work စီမံကိန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ တိုင်းဒေသကြီး/ပြည်နယ် ၁၇ ခုအတွင်းရှိ ကျေးရွာ ၂၈၂၃ ရွာတွင် စီမံကိန်း လုပ်ငန်းခွဲပေါင်း ၄၇၉၂ ခုအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး အိမ်ခြေ ၀.၄၄ သန်း နှင့်လုပ်သား ၀.၅၅ သန်းအား အကျိုးပြုနိုင်ခဲ့ပါသည်။ စီမံကိန်းအကောင်အထည်ဖော် ဆောင် ရွက်မှု အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

ဘဏ္ဍာနှစ်

 တိုင်းဒေသကြီး/
ပြည်နယ်

မြို့နယ်

ကျေးရွာ

စီမံကိန်း
လုပ်ငန်းခွဲ

အကျိုးပြု
အိမ်ခြေ
(သန်း)

အကျိုးပြု
လုပ်သား
(သန်း)

၂၀၁၉-၂၀၂၀

၁၇

၂၅၉

၂၅၀၅

၄၄၀၂

၀.၄၀

၀.၂၉

၂၀၂၂-၂၀၂၃

၁၅

၁၉၂

၂၂၀

၂၅၁

၀.၀၂

၀.၂၀

၂၀၂၃-၂၀၂၄

၁၀

၉၈

၁၃၉

၀.၀၂

၀.၀၆

 

စုစုပေါင်း

၂၈၂၃

၄၇၉၂

.၄၄

.၅၅

 

စီမံကိန်းခေါင်းစဉ် စီမံကိန်းခေါင်းစဉ် ရိုက်ပါ
ထောက်ပံ့သည့်အဖွဲ့အစည်း  
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း  
ကာလ  
ဆောင်ရွက်သည့်နေရာ/ အကောင်ထည့်ဖော်ဆောင်ရွက်သည့်နေရာ  
ရည်ရွယ်ချက်  
အကျိုးကျေးဇူးရရှိသူများ  
ချဉ်းကပ်သည့်ပုံစံ  
လုပ်ဆောင်ချက်များ  
အကျိုးကျေးဇူး/ရလာဒ်  
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ  
# Title / Total Download