Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အရှေ့အာရှ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုစံပြစီမံကိန်း

စီမံကိန်း
မြစိမ်းရောင်ကျေးရွာ စီမံကိန်း
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း
ကျေးလက်မီးလင်းရေးလုပ်ငန်း
လူထုဗဟိုပြု စီမံကိန်း
အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း
ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း
ကျေးလက်ရေပေးရေးစီမံကိန်းများ
ကျေးလက်ကုန်ထုတ်လမ်းတံတား
ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း
ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း
Cash for Work (လုပ်အားခပေး ဖွံ့ဖြိုးရေး) စီမံကိန်း
အရှေ့အာရှ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုစံပြစီမံကိန်း
အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများဖွင့်လှစ်ခြင်း

အရှေ့အာရှ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုစံပြစီမံကိန်း

(East Asia Poverty Reduction Cooperation Pilot Project)

စီမံကိန်း နောက်ခံအကြောင်းအရာ

၁။      မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံ+၃ (တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား) နိုင်ငံခေါင်းဆောင်များအစည်းအဝေးတွင် တရုတ် နိုင်ငံ၊ ဝန်ကြီးချုပ်၊ မစ္စတာလီခချန်မှ အရှေ့-အာရှဆင်းရဲမှုလျော့ချရေးပူးပေါင်းဆောင်ရွက်မှု ကနဦး ဆောင်ရွက်ချက်လုပ်ငန်းများအား ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း အဆိုပြု ဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးချက်အရ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကနဦးဆောင်ရွက်ချက် စီမံကိန်းအား လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ(၃)နိုင်ငံရှိ ကျေးရွာ(၆)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စီမံကိန်း၏အမည်သည် “ အရှေ့အာရှ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုစံပြစီမံကိန်း ” (East Asia Poverty Reduction Cooperation Pilot Project) ဖြစ်ပါသည်။

စီမံကိန်းတည်နေရာ

၂။      “ အရှေ့အာရှ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုစံပြစီမံကိန်း ” အောက်ရှိ “ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေး စံပြစီမံကိန်း” အား နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်း မြို့နယ်၊အေးချမ်းသာစံပြကျေးရွာနှင့် လယ်ဝေးမြို့နယ်၊မင်းပြင်ကျေးရွာတို့တွင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအား(၂၃.၁.၂၀၁၈)မှ(၂၃.၁.၂၀၂၁)အထိ(၃)နှစ် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ပါသည်။

စီမံကိန်းရည်ရွယ်ချက်

၃။      ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းလျော့ချရန်၊ မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းလာစေရန်၊ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းတိုးတက်မြင့်မားလာစေရန်၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်စေရန်နှင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ အတွေ့ အကြုံကောင်းများ မျှဝေဖလှယ်နိုင်စေရန် ရည်ရွယ်ပါသည်။

စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ

၄။      စီမံကိန်းဦးဆောင်ကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန (ယခင်) အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တရုတ်ဆင်းရဲမှုလျော့ချရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဦးဆောင်ကော်မတီအား ဖွဲ့စည်းခဲ့ပြီး အဆိုပါ စီမံကိန်းဦးဆောင်ကော်မတီအနေဖြင့် စီမံကိန်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ရာတွင် လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ပေးခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း စသည့်လုပ်ငန်းစဉ် များအား ဆောင်ရွက်ခဲ့ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် စီမံကိန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်မှုရုံးအား ဖွဲ့စည်းခဲ့ပြီး စီမံကိန်းလုပ်ငန်းစဉ်များနှင့် စီမံကိန်း စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ စီမံကိန်း ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မှုရုံးတွင် တရုတ်နိုင်ငံဘက်မှ ဝန်ထမ်းများ အတူတကွ ပူးပေါင်းတာဝန်ထမ်းဆောင်ခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော်မှု၊ ညှိနှိုင်းမှုနှင့် လမ်းညွှန်မှု၊ ကြီးကြပ်ကွပ်ကဲမှု၊ စောင့်ကြည့်အကဲဖြတ်မှု၊ စီမံကိန်းတစ်ခုလုံး၏ နည်းပညာဆိုင်ရာ အကူအညီ ထောက်ပံ့ပေးမှု စသည့်လုပ်ငန်းများအား  တရုတ်နိုင်ငံဘက်မှ ဝန်ထမ်းများ  လာရောက်ဆောင်ရွက် ခဲ့ကြပါသည်။

၅။      စီမံကိန်းတွင် အခြေခံအဆောက်အဦ တည်ဆောက်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှု ဖွံ့ဖြိုး တိုးတက်ရေး၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေး၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ နည်းပညာအကူအညီပေးခြင်း စသည့်လုပ်ငန်းများပါဝင်ပါသည်။ စီမံကိန်းလုပ်ငန်း အသေးစိတ်အနေဖြင့် ကျေးရွာတွင်းလမ်း/တံတားများ၊သန့်ရှင်းသောသောက်သုံးရေရရှိရေးလုပ်ငန်း များ၊ ကျေးရွာမီးလင်းရေးလုပ်ငန်းများ၊ ကျေးရွာစာသင်ကျောင်းများ၊ ဆေးပေးခန်းများ၊ လူထုဖွံ့ဖြိုး ရေးစင်တာများတည်ဆောက်ပေးခြင်း၊ မိသားစုဝင်ငွေတိုးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုး စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား စက်မှု/လက်မှု လုပ်ငန်းများအား ပံ့ပိုး ဆောင်ရွက်ပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ပို့ချခြင်းနှင့် လိုအပ်သည်များ ပံ့ပိုး ပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စီမံကိန်း စောင့်ကြည့်လေ့လာအကဲဖြတ်ခြင်း အစရှိသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအားဖြင့် စီမံကိန်းကျေးရွာ(၂)ရွာရှိ  အိမ်ထောင်စု (၁၄၈၁)စု နှင့် လူဦးရေ(၇၈၂၀)ဦး အား အကျိုးကျေးဇူးရရှိစေခဲ့ပါသည်။

ဆောင်ရွက်သည့်နည်းလမ်း

၆။      ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာစေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ပြည်သူအခြေပြုနည်းလမ်းဖြင့် ကဏ္ဏစုံပါဝင်သောစီမံကိန်းလုပ်ငန်း များအား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့်နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

အကျိုးကျေးဇူး/ရလာဒ်

၇။      စီမံကိန်းကျေးရွာများတွင် အခြေခံအဆောက်အအုံများ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ ၏ လူနေမှုအဆင့်အတန်းမြင့်မားလာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်သင်တန်းများပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေပြီး ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက်မပြတ်ထုတ်ကုန် များ ထုတ်လုပ်နိုင်သည့်အတွက် စီးပွားရေးအခြေခံကောင်းများ ရရှိလာခြင်း၊ ပျော်ရွှင်ဖွယ် ဘဝ နေထိုင်မှုပုံစံများ ပိုင်ဆိုင်လာစေရေး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်ဒေသ လူမှုပတ်ဝန်းကျင်ကောင်းများ တိုးတက်ဖြစ်ပေါ်လာခြင်း၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် စီမံကိန်းစီမံခန့်ခွဲမှု/နည်းပညာ အကူအညီများပေးခြင်းဖြင့် စီမံကိန်းဆိုင်ရာဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးတက်ကောင်းမွန်လာခြင်း၊ ကျေးရွာသူ/ သားများ၏ စီမံခန့်ခွဲမှု၊ စီမံအုပ်ချုပ်မှုစွမ်းရည်မြင့်မားလာခြင်း၊ အသိပညာ၊ ဗဟုသုတများ တိုးပွား လာခြင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နီးနီးကပ်ကပ် လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်း မိတ်ဖက်ဆက်ဆံရေးမြှင့်တက်လာခြင်း စသည့် အကျိုးကျေးဇူး များ ရရှိခဲ့ပါသည်။

 

စီမံကိန်းခေါင်းစဉ် စီမံကိန်းခေါင်းစဉ် ရိုက်ပါ
ထောက်ပံ့သည့်အဖွဲ့အစည်း  
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း  
ကာလ  
ဆောင်ရွက်သည့်နေရာ/ အကောင်ထည့်ဖော်ဆောင်ရွက်သည့်နေရာ  
ရည်ရွယ်ချက်  
အကျိုးကျေးဇူးရရှိသူများ  
ချဉ်းကပ်သည့်ပုံစံ  
လုပ်ဆောင်ချက်များ  
အကျိုးကျေးဇူး/ရလာဒ်  
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ  
# Title / Total Download