Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများဖွင့်လှစ်ခြင်း

စီမံကိန်း
မြစိမ်းရောင်ကျေးရွာ စီမံကိန်း
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း
ကျေးလက်မီးလင်းရေးလုပ်ငန်း
လူထုဗဟိုပြု စီမံကိန်း
အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း
ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း
ကျေးလက်ရေပေးရေးစီမံကိန်းများ
ကျေးလက်ကုန်ထုတ်လမ်းတံတား
ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း
ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း
Cash for Work (လုပ်အားခပေး ဖွံ့ဖြိုးရေး) စီမံကိန်း
အရှေ့အာရှ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုစံပြစီမံကိန်း
အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများဖွင့်လှစ်ခြင်း

အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်း ဖွင့်လှစ်ခြင်း

နိဒါန်း

၁။      ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်ဒေသနေပြည်သူများ၏ စွမ်းဆောင်ရည်များ မြှင့်တင်ပေး ရန်နှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး နိုင်ရန်၊ ဒေသလိုအပ်ချက်နှင့် ကိုက်ညီမှုရှိပြီး ဈေးကွက်သို့တင်ပို့နိုင်မှုများ စသည့်အချက်များပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပါသည်။ အသက်မွေးဝမ်းကျောင်း သင်တန်းတက်ရောက်ပြီး သင်တန်းသား/သူများ အလုပ်အကိုင်ရရှိရေး၊ ဈေးကွက်ရရှိရေးနှင့် အရင်းအနှီးရရှိရေးအား တတ်နိုင်သမျှ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ရည်ရွယ်ချက်

၂။       အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် −

          (က)    ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊

          ( ခ)    ဝင်ငွေတိုး လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်လာစေရန်၊

          ( ဂ)    တစ်နိုင်တစ်ပိုင် ကိုယ်ထူကိုယ်ထလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်။

သင်တန်းဧရိယာ

၃။      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၁၇)ခု၏ ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများတွင် ဖွင့်လှစ်လျက်ရှိပါသည်။ သင်တန်းဧရိယာရွေးချယ်ရာတွင် ခရိုင်/မြို့နယ်များမှ မိမိတို့ သင်တန်းဖွင့်လှစ်မည့်နေရာများအား နယ်မြေလုံခြုံမှု၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး အရင်းအနှီး အလွယ်တကူရရှိနိုင်သည့် မြစိမ်းရောက်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ကျေးရွာစီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းစီမံကိန်း ကျေးရွာများတွင် ဦးစီးပေးဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ဆောင်ရွက်သည့်နည်းလမ်း

၄။      အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်း ဖွင့်လှစ်ရာတွင် အောက်ဖော်ပြပါ လုပ်ငန်းစဉ်အတိုင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည် −

          (က)    သင်တန်းအမျိုးအစားရွေးချယ်ခြင်း၊

          ( ခ)    သင်တန်းသားရွေးချယ်ခြင်း၊

          ( ဂ)    သင်တန်းတည်နေရာရွေးချယ်ခြင်း၊

          (ဃ)    သင်တန်းကာလသတ်မှတ်ခြင်း၊

          ( င)    သင်တန်းနည်းပြရွေးချယ်ခြင်း၊

          ( စ)    သင်တန်းပို့ချခြင်း၊

          (ဆ)    အလုပ်အကိုင်ရရှိရေး၊ အရင်းအနှီးရရှိမှု နှင့် စျေးကွက်ချိတ်ဆက်ပေးခြင်း၊

          ( ဇ)    အစီရင်ခံစာပြုစုတင်ပြခြင်း၊

          (ဈ)     M&E ဆောင်ရွက်ခြင်း။

အဓိကဖွင့်လှစ်ပို့ချလျက်ရှိသည့် သင်တန်းအုပ်စုများ

၅။      အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများအနေဖြင့် အောက်ဖော်ပြပါ အဓိက သင်တန်းအုပ်စု(၇)မျိုးဖြင့် ဖွင့်လှစ်ပို့ချသွားနိုင်ပါသည် −

          (က)    စိုက်ပျိုးရေးသင်တန်း၊

          ( ခ)    မွေးမြူရေးနှင့် ကုသရေးသင်တန်း၊

          ( ဂ)    ကွန်ပျူတာသင်တန်း၊

          (ဃ)    ဒီဇယ်လျှပ်စစ်သင်တန်း၊

          ( င)    လက်သမား/ပန်းရံသင်တန်း၊

          ( စ)    အိမ်တွင်းမှုဆိုင်ရာသင်တန်း၊

          (ဆ)    အခြားသင်တန်းများ။

အကျိုးကျေးဇူး

၆။      အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် ကျေးလက် ဒေသနေပြည်သူများအတွက် ဒေသနှင့်ကိုက်ညီသော  အလုပ်အကိုင်အခွင့်အလမ်းများရရှိ လာပြီး မိသားစုဝင်ငွေတိုးပွားလာခြင်း၊ အိမ်တွင်းမှုကုန်ထုတ်လုပ်ငန်းများအဖြစ် မိသားစု တစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်ခြင်းနှင့် အသေးစား/ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါသည်။       

ဆောင်ရွက်ပြီးစီးမှုအခြေအနေ

၇။      သင်တန်းဖွင့်လှစ်ပေးနိုင်မှု အခြေအနေမှာ ၂၀၁၃−၂၀၁၄ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း ဖွင့်လှစ်ပေးနိုင်မှုအနေဖြင့် စိုက်ပျိုးရေးသင်တန်း (၈၆၀)ကြိမ်၊ မွေးမြူရေး နှင့်ကုသရေးသင်တန်း (၂၄၀)ကြိမ်၊ ကွန်ပျူတာ သင်တန်း (၃၅၉)ကြိမ်၊ ဒီဇယ်လျှပ်စစ်သင်တန်း (၆၂၉)ကြိမ်၊ လက်သမား/ပန်းရံသင်တန်း (၉၆၅) ကြိမ်၊ အိမ်တွင်းမှုဆိုင်ရာသင်တန်း (၂၂၇၆)ကြိမ်၊ အခြားသင်တန်းများ (၁၅၈၈)ကြိမ်၊ စုစုပေါင်း  (၆၉၁၇)ကြိမ်တွင် သင်တန်းသားစုစုပေါင်း (၁၈၉၄၈၇)ဦး အား ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုအနေဖြင့် ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ (၃၂၄၁)ဦး၊ ပုဂ္ဂလိကလုပ်ငန်းလုပ်ကိုင်သူ (၁၆၄၃၆)ဦး၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူ (၅၇၀၅၀)ဦး၊ စုစုပေါင်း အလုပ်အကိုင်ရရှိသူ (၇၆၇၂၇)ဦး ရှိပြီး ရာခိုင်နှုန်းအားဖြင့် (၄၀.၄၉%) ဖြစ်ပါသည်။

စီမံကိန်းခေါင်းစဉ် စီမံကိန်းခေါင်းစဉ် ရိုက်ပါ
ထောက်ပံ့သည့်အဖွဲ့အစည်း  
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း  
ကာလ  
ဆောင်ရွက်သည့်နေရာ/ အကောင်ထည့်ဖော်ဆောင်ရွက်သည့်နေရာ  
ရည်ရွယ်ချက်  
အကျိုးကျေးဇူးရရှိသူများ  
ချဉ်းကပ်သည့်ပုံစံ  
လုပ်ဆောင်ချက်များ  
အကျိုးကျေးဇူး/ရလာဒ်  
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ  
# Title / Total Download