Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

နွေရာသီရေရှားပါးမှုများ ဖြစ်ပေါ်လာပါက ဆက်သွယ်သတင်းပေးပို့နိုင်ပါရန် အသိပေးတင်ပြခြင်း

01 April 24

နွေရာသီရေရှားပါးမှုများ ဖြစ်ပေါ်လာပါက ဆက်သွယ်သတင်းပေးပို့နိုင်ပါရန် အသိပေးတင်ပြခြင်း

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် နှစ်စဉ်နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှုဖြစ်နိုင်ခြေရှိသော ကျေးရွာများအား ကြိုတင်စာရင်းကောက်ယူခြင်း၊ ကျေးရွာများနှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိုင်ရန်နှင့် သောက်သုံးရေ အလျင်အမြန် ပံ့ပိုးဖြည့်ဆည်း ပေးရန်အတွက် အစီအစဉ်များ ကြိုတင်ချမှတ် ဆောင်ရွက်လျက်ရှိသကဲ့သို့ နွေရာသီရေပြတ်လပ်မှုများဖြစ် ပေါ်လာပါက ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရန်နှင့် အချက်အလက်များ အချိန်နှင့်တပြေးညီ သိရှိနိုင်ရေးအတွက် www.water-donation.com Website အားထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။

သောက်သုံးရေပြတ်လပ်မှုများအား ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှတဆင့် သက်ဆိုင်ရာကျေးရွာအသီးသီးသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ဖြန့်ဝေထားပြီးဖြစ်သည့်အတွက် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်ပါက ဖုန်း၊ Facebook ၊ Viber ၊ Messenger  စသည့် ဆက်သွယ်ရေးနည်းလမ်းမျိုးစုံဖြင့် ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း အသိပေးထားပြီးဖြစ်ပါသည်။

ထို့အပြင် www.water-donation.com Website သို့ ဝင်ရောက်ကြည့်ရှု၍လည်းကောင်း မိုဘိုင်းဖုန်းများ၌ အသုံးပြုနိုင်သော    Water-Donation Mobile  Application ဖြင့်လည်းကောင်း ဆက်သွယ်သတင်းပေးပို့နိုင်ပါသည်။ အဆိုပါ  Water-Donation Mobile Application အား ဖော်ပြပါ Website တွင် အလွယ်တကူ ရယူအသုံးပြုနိုင်ပါကြောင်းနှင့်  ကျေးရွာများ၌ ရေရှားပါး ပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန များနှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)သို့ ဆက်သွယ် သတင်းပေးပို့နိုင်ပါ ကြောင်း အသိပေး အပ်ပါသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

image_6487327 (23).JPG