Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဝယ်ယူဖြန့်ဖြူးရေး နှင့် ထောက်ပံ့ရေးဌာန

ညွှန်ကြားရေးမှူး(ဝယ်ယူဖြန့်ဖြူးရေးနှင့်ထောက်ပံ့ရေးတာဝန်များ)၏ လုပ်ငန်းတာဝန်များ

           ညွှန်ကြားရေးမှူး (ဝယ်ယူဖြန့်ဖြူးရေးနှင့်ထောက်ပံ့ရေး)သည် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လမ်းတံတားနှင့် ဝယ်ယူဖြန့်ဖြူးရေး)ကို တာဝန်ခံ၍ ဝယ်ယူ ဖြန့်ဖြူးရေးဌာနခွဲနှင့် ထောက်ပံ့ရေးနှင့်ယာဉ်ယန္တရားဌာနခွဲ(၂)ခုကို ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အဆိုပါ ဌာနခွဲ(၂)ခု၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဖော်ပြပါမည်-

(က) ဝယ်ယူဖြန်ဖြူးရေးဌာနခွဲ

                     (၁)   နိုင်ငံတကာမှထောက်ပံ့သောပစ္စည်းများအား ဆိပ်ကမ်းရှင်းလင်းရေးကိစ္စများနှင့် ထောက်ပံ့လာသောပစ္စည်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ/မရှိ ဖွင့်ဖေါက်စစ်ဆေးလက်ခံခြင်းကိစ္စရပ်များ ဆောင်ရွက်ခြင်း။

                     (၂)    နိုင်ငံတကာမှ ထောက်ပံ့လာသော ပစ္စည်းများအား သိုလှောင်ရုံများသို့ ပေးပို့ အပ်နှံခြင်း ကိစ္စရပ်များ၊ပစ္စည်းလက်ခံခြင်းနှင့် ထုတ်ပေးခြင်းကိစ္စများ၊ ပစ္စည်းများ လေလွင့် ဆုံးရှုံးမှုမရှိစေရန် ပစ္စည်းအမျိုးအစားအလိုက် စာရင်းပြုစု ထိန်းသိမ်း စောင့်ရှောက်ခြင်းကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

                     (၃)   သိုလှောင်ရုံများအလိုက် ထားရှိသည့် ပစ္စည်းအဝင်အထွက်နှင့် လက်ကျန် အရေအတွက်တို့ကို လယ်ဂျာများ၊ မှတ်တမ်းများဖြင့် ပြုစုထားရှိခြင်းကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

                     (၄)   (၆)လတစ်ကြိမ်၊ (၁)နှစ်တစ်ကြိမ်စသည်ဖြင့် ပစ္စည်းလက်ကျန်များ စစ်ဆေး ခြင်းနှင့် မြေပေါ်လက်ကျန်များ စစ်ဆေးအစီရင်ခံတင်ပြခြင်း၊

                     (၅)   ပစ္စည်းသိုလှောင်ရုံများနှင့် ပစ္စည်းများ လုံခြုံမှုရှိစေရန် စီမံချက်များချမှတ် ထိန်းသိမ်းထားရှိခြင်း ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

                     (၆)   ဝယ်ယူရေးကိစ္စရပ်များကိုဆောင်ရွက်ခြင်း (ဝယ်ယူရေးတွင် ပစ္စည်း၊ အလုပ်၊ လုပ်အားခနှင့် အကြံပေးခြင်း၊ ဝန်ဆောင်မှုတွင်ပါရှိသောလုပ်ငန်းများ ဝယ်ယူ ခြင်းနှင့် အကြံပေးငှားရမ်းခြင်းအတွက် ဝယ်ယူခြင်း(၂)ပိုင်းပါရှိပါသည်)၊

                     (၇)   ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ ချေးငွေများ၊ထောက်ပံ့ငွေများဖြင့် အကောင် ထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများ၊ သဘာဝ ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးစီမံကိန်းများ စသောစီမံကိန်းများ အတွက် လိုအပ်သော ပစ္စည်းများဝယ်ယူခြင်း၊ ဖြန့်ဖြူးပေးခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း။

                              ဥပမာ - တင်ဒါခေါ်ယူခြင်း၊ Shopping ဈေးဝယ်ခြင်း၊ Consultant (INGO, NGO) ငှားရမ်းခြင်း၊ ကန်ထရိုက်စာချုပ်ချုပ်ဆိုခြင်း စသည်တို့ ပါဝင်ပါသည်။

                     (၈)   ဘဏ္ဍာရေးနှစ်အလိုက် ငွေလုံးငွေရင်း အသုံးစရိတ်မှ ၀ယ်ယူရသည့် ရုံးသုံး ပရိဘောဂ၊ ရုံးသုံးစက်ကိရိယာများ၊ ယာဉ်/ဆိုင်ကယ်များ၊ လုပ်ငန်းသုံးပစ္စည်း ကိရိယာများအား ၀ယ်ယူခြင်း၊ ဖြန့်ဖြူးခြင်းနှင့် စာရင်းဇယား လယ်ဂျာ၊ မှတ်တမ်းများထားရှိခြင်းကိစ္စရပ်များ ဆောင်ရွက်ရခြင်း။

            ( ခ ) ထောက်ပံ့ရေးနှင့် ယာဉ်ယန္တရားဌာနခွဲ

                     (၁)   အုပ်ချုပ်မှုသုံးမော်တော်ယာဉ်များနှင့် စက်ယန္တရားများ မှတ်ပုံတင်ခြင်း၊ မှတ်တမ်း ထားရှိခြင်း၊

                     (၂)    အုပ်ချုပ်မှုသုံးမော်တော်ယာဉ်နှင့် စက်ယန္တရားများ လုပ်ငန်းလိုအပ်ချက်အရ စီစဉ်ဆောင်ရွက်ခြင်း၊

                     (၃)   ဦးစီးဌာနရှိ အုပ်ချုပ်မှုသုံးယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်စက်ယန္တရားများအား စနစ်တကျ လုပ်ငန်းမှတ်တမ်းများ ထားရှိပြီး ချို့ယွင်းမှုများအား ပြင်ဆင် ထိန်းသိမ်းရန်အတွက် ခန့်မှန်းခြေစာရင်းများရေးဆွဲတင်ပြခြင်း၊

                     (၄)   ဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများ၏ ပုံမှန်စက်သုံးဆီရရှိရေးကိစ္စများ၊ အခါအားလျှော်စွာ တာဝန် ယူဆောင်ရွက်ရသော စီမံကိန်းလုပ်ငန်းများအတွက် လိုအပ်သောစက်သုံးဆီ ရရှိရေး ထောက်ခံတင်ပြ လျှောက်ထားပေးခြင်း၊

                     (၅)   အခါအားလျော်စွာ ဆောင်ရွက်ရသော လုပ်ငန်းများအတွက် ဌာနအကြီးအကဲ များ၏ ခွင့်ပြုချက်များနှင့်အညီ တင်ပြတောင်းခံလာသော လုပ်ငန်းသုံးယာဉ်၊ စက်၊ ယန္တရားများ အသုံးပြုရန်စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခြင်၊ ဖြန့်ဝေ ပေးခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

                     (၆)   သက်တမ်းပြည့်ယာဉ်များ လိုင်စင်သက်တမ်းတိုးရေးနှင့် ဌာနအမည်ပေါက် ပြောင်လဲပေးရေး ကိစ္စရပ်များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင် ရွက်ပေးခြင်း၊

                     (၇)   ဦးစီးဌာနရှိ ပြုပြင်သုံးစွဲ၍ မရတော့သော အသုံးမပြုနိုင်တော့သည့် ယာဉ်၊ ယန္တရားများ၊ စက်ပစ္စည်းကိရိယာများအား လေလံတင်ရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

                     (၈)   ဦးစီးဌာနပိုင် အလုပ်ရုံတွင် နိုင်ငံတကာမှကူညီထောက်ပံ့သော လုပ်ငန်းများ အတွက် လိုအပ်သောယာဉ်ယန္တရားများ၊ စက်ပစ္စည်းကိရိယာများ ပြင်ဆင် ထိန်းသိမ်းခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

                      (၉)      တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်များ၏ ယာဉ်စက်ယန္တရားများအား ပြုစုထိန်းသိမ်းခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း။