Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ခရိုင်/မြို့နယ်အဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လုပ်ငန်းတာဝန်များ

ခရိုင်အဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လုပ်ငန်းတာဝန်

ဒုတိယညွှန်ကြားရေးမှူး၏ လုပ်ငန်းတာဝန်များ

၁။      ဒုတိယညွှန်ကြားရေးမှူးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ပြည်နယ်တို့၏ လမ်းညွှန်ချက်နှင့်အညီ လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦး၏ ကွပ်ကဲမှုအောက်ရှိ ဌာန(၂)ခု၊ ဌာနခွဲ(၄)ခု၏ လုပ်ငန်းစဉ်များအား ဦးဆောင်တာဝန်ခံ ဆောင်ရွက် မည်ဖြစ်ပါသည်။

 

၂။       ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးမှ အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက် ရမည်ဖြစ်ပါသည်။

 

လက်ထောက်ညွှန်ကြားရေးမှူး၏ လုပ်ငန်းတာဝန်များ

၃။      လက်ထောက်ညွှန်ကြားရေးမှူးသည်   ဒုတိယညွှန်ကြားရေးမှူးကို  တာဝန်ခံ၍  စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဌာန၏ တာဝန်များကိုလည်းကောင်း၊  နည်းပညာနှင့် အကောင်အထည်ဖော်ရေး ဌာန၏ တာဝန်များကိုလည်းကောင်း တာဝန်ခံဆောင်ရွက်မည်ဖြစ်ပါသည်။

 

၄။      ဒုတိယညွှန်ကြားရေးမှူးမှ အခါအားလျော်စွာပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ဆောင် ရွက်မည်ဖြစ်ပါသည်။

 

ဦးစီးအရာရှိ(စီမံခန့်ခွဲရေးနှင့် စီမံကိန်းရေးဆွဲရေးဌာန) လုပ်ငန်းတာဝန်များ

၅။      ဦးစီးအရာရှိ(စီမံခန့်ခွဲရေးနှင့်စီမံကိန်းရေးဆွဲရေးဌာန)သည် လက်ထောက်ညွှန်ကြားရေးမှူးကို တာဝန်ခံ၍ စီမံခန့်ခွဲရေးနှင့် စီမံကိန်းရေးဆွဲရေးဌာနခွဲနှင့် ဘဏ္ဍာရေးနှင့်  ဆင်းရဲမှုလျော့ချရေး ဌာနခွဲတို့အား ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ပါသည်။ အဆိုပါဌာနခွဲ(၂)ခု၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က) စီမံခန့်ခွဲရေးနှင့် စီမံကိန်းရေးဆွဲရေးဌာနခွဲ

(၁)  စီမံရေးရာကိစ္စရပ်များဆောင်ရွက်ခြင်း၊

(၂)   အစည်းအဝေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်း၊

(၃)   ရုံးအသုံးအဆောင်ပစ္စည်း၊ စာရေးကိရိယာများ ခွင့်ပြုချက်ဖြင့် ဝယ်ယူခြင်း၊ ထုတ်ပေးခြင်း၊ ပစ္စည်းများထိန်းသိမ်းခြင်း၊

(၄)   အဖွဲ့ပိုင်မြေနှင့် အဆောက်အအုံများကို ထိန်းသိမ်းခြင်း၊

(၅)   ရုံးလုပ်ငန်းများ နှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်သော ညွှန်ကြားချက်အမိန့်များ ထုတ်ပြန်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်သို့ ဆောင်ရွက်မှု တင်ပြခြင်း၊ မြို့နယ်များသို့ကြီးကြပ်ခြင်း၊

(၆) အကြီးအကဲခရီးစဉ်လမ်းညွှန်ချက်၊  မှာကြားချက်များဆိုင်ရာ ကိစ္စရပ်များအား တိုင်း ဒေသကြီး/ပြည်နယ်သို့ တင်ပြခြင်း၊ မြို့နယ်များသို့ ကြီးကြပ်ခြင်း၊

(၇)   ပြည်တွင်းပြည်ပ အလုပ်ရုံဆွေးနွေးပွဲ၊ လေ့လာရေးနှင့် သင်တန်းဆိုင်ရာ ကိစ္စရပ် များအား တိုင်းဒေသကြီး/ပြည်နယ်သို့တင်ပြခြင်း၊

 (၈) လုပ်ငန်းအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနခွဲ၊ ဌာနစိတ်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ၊

(၉) ဝန်ထမ်းရေးရာလုပ်ငန်းများ၊ ဝန်ထမ်းဆိုင်ရာ အကျိုးခံစားခွင့် ကိစ္စရပ်များအား တိုင်းဒေသကြီး/ ပြည်နယ်သို့ တင်ပြခြင်း၊

(၁၀) ဝန်ထမ်းသက်သာချောင်ချိရေးကိစ္စရပ်များအား ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်သို့တင်ပြခြင်း၊ မြို့နယ်များသို့ ကြီးကြပ်ခြင်း၊

(၁၁) သတင်းထုတ်ပြန်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

(၁၂) အကြီးအကဲခရီးစဉ်သတင်းနှင့် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ သတင်း မှတ်တမ်းရိုက်ကူးရေးကိစ္စများ ဆောင်ရွက်ခြင်း၊

(၁၃) ခရီးစဉ်သတင်း၊ ညှိနှိုင်းမှာကြားချက်နှင့် ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနများ၏ လုပ်ငန်း‌ဆောင်ရွက်မှု သတင်းထုတ်ပြန်‌ရေး ကိစ္စရပ်များ၊

(၁၄) ခရိုင်အတွင်း ‌ဆောင်ရွက်မည့် ကာလတို/ကာလရှည် ‌ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်‌ရေးစီမံကိန်းများအားရေးဆွဲခြင်း၊တိုင်းဒေသကြီး/ပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

(၁၅) မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ရေးဆွဲတင်ပြလာ သည့် ကာလတို/ ကာလရှည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း များအား  စိစစ်ခြင်း၊ ညှိနှိုင်းပေါင်းစပ်ခြင်း၊

(၁၆) ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများမှ အဆိုပြုတင်ပြလာသည့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများအား စိစစ်ခြင်း၊ အကြံပြုတင်ပြခြင်း၊ ညှိနှိုင်း ရေးဆွဲခြင်း၊

(၁၇) ခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ အကောင်အထည်‌ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား မှတ်တမ်းတင်ခြင်း၊ အစီရင်ခံခြင်း၊

(၁၈) ဦးစီးဌာနနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ နိုင်ငံခြားသား စီမံကိန်းဝန်ထမ်းများ၏ ခရီးစဉ်လုံခြုံရေး ကိစ္စရပ်များအား စီစဉ်ဆောင်ရွက်ခြင်း၊ ခရီးစဉ်တွင် လိုက်ပါဆောင်ရွက်ခြင်း။

(၁၉) ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် ‌ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်‌ရေး စီမံကိန်းများအဆင်‌ပြေချောမွေ့စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်‌ရေးအတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်များရှိ ‌ဒေသ အာဏာပိုင်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(၂၀) နိုင်ငံ‌ခြားပညာ‌တော်သင်ဆုများ၊ လေ့လာ‌ရေးခရီးစဉ်များ၊ ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဖိတ်ကြားလာသည့် အစည်းအဝေးများ၊ အလုပ်ရုံ‌ ဆွေးနွေးပွဲများ၊ ‌လေ့လာ‌ရေးနှင့် သင်တန်းများသို့ ခရိုင်/မြို့နယ် ဦးစီး ဌာနများမှ ဝန်ထမ်းများ‌တက်‌ရောက်နိုင်‌ရန် တိုင်းဒေသကြီး/ပြည်နယ် ဦးစီး ဌာန၊ ဦးစီးဌာန(ရုံးချုပ်)နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

 (၂၁)အခါအားလျှော်စွာပေးအပ်သော လုပ်ငန်းတာ၀န်များကို ထမ်းဆောင်ခြင်း။

 

()   ဘဏ္ဍာရေးနှင့် ဆင်းရဲမှုလျော့ချရေးအထောက်အကူပြုဌာနခွဲ

(၁)   မြို့နယ်များမှ တင်ပြလာသော ဘဏ္ဍာရေးနှစ်အလိုက် (၃)လပတ်၊(၆) လပတ် ရငွေသုံးငွေစာရင်းများအားစိစစ်၍တိုင်းဒေသကြီး/ပြည်နယ်သို့ပြုစုပေးပို့ခြင်း၊

(၂)   ငွေရေးကြေးရေးဆိုင်ရာ ဘဏ်လုပ်ငန်းဆောင်ရွက်ခြင်း၊

(၃)   ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများက လှူဒါန်းသည့်‌ငွေများနှင့် ပတ်သက်၍ မြို့နယ် များမှ တင်ပြလာ‌ေသာ စာရင်းရှင်းတမ်းများအား စုစည်းစာရင်း ချုပ် ၍  တိုင်း ဒေသကြီး/ပြည်နယ်နှင့် ဦးစီးဌာန(ရုံးချုပ်)သို့ ‌ပေးပို့တင်ပြခြင်း၊

(၄)   ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သောအဖွဲ့များနှင့် ပူးပေါင်း ဆောင် ရွက်သည့် စီမံကိန်းလုပ်ငန်းများ၊ ရရှိ‌ငွေများနှင့်ပတ်သက်၍ ဘဏ္ဍာ‌ရေးနှစ် အလိုက် စီမံကိန်းကာလအလိုက်ရရှိမှု ၊ သုံးစွဲမှု ရှင်းတမ်းများအား စုစည်း စာရင်းချုပ်၍ တိုင်းဒေသကြီး/ပြည်နယ်နှင့်ဦးစီးဌာန(ရုံးချုပ်)သို့ပေးပို့ တင်ပြခြင်း၊

(၅)   နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တိုက်ရိုက်အကောင်အထည်ဖော် ဆောင်ရွက်သည့် စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ လအလိုက်၊ (၃)လပတ် အလိုက်၊ နှစ်အလိုက် ဘဏ္ဍာ‌ရေးရှင်းတမ်းများကို တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဦးစီးဌာန(ရုံးချုပ်) သို့ ‌ရေးဆွဲ တင်ပြခြင်း၊

(၆)   ခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသော ဆင်းရဲနွမ်းပါးမှု လျော့ချရေးဆိုင်ရာ သတင်းအချက်အလက်များ ကောက်ယူစုဆောင်းခြင်း၊

(၇)   သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်သော ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များအား လစဉ်စုစည်း၍ အစီရင်ခံစာ နှင့် တိုးတက်မှုအား ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

(၈)   မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ အစီရင်ခံစာနှင့် တိုးတက်မှုများ ပြုစုတင်ပြရေး ကြီးကြပ်ကွပ်ကဲခြင်း၊

(၉)   ဆင်းရဲနွမ်းပါးမှုလျော့ချရေး မဟာဗျူဟာများ၊ အစီအစဉ်များ၊ စီမံကိန်းများ ရေးဆွဲနိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ခြင်း၊

(၁၀) ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများအား လေ့လာ၍ မိမိဒေသနှင့် ကိုက်ညီ သော အစီအမံများ ရေးဆွဲပြုစုခြင်း၊ သုတေသနစာတမ်းများ ပြုစုဖတ်ကြားခြင်း၊

(၁၁) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း၊

(၁၂) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(၁၃) ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့် ဆက်စပ်သောအခြားဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

(၁၄) ခရိုင်၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆောင်ရွက်ချက် များနှင့်ပတ်သက်၍ အစီရင်ခံခြင်း၊မှတ်တမ်းထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

(၁၅) ဥပဒေရေးရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

(၁၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများနှင့် သက်ဆိုင်‌သော ပစ်စာ၊ တိုင်စာ၊ အသနားခံစာများနှင့်  အခြားဌာနများမှ ‌ပေးပို့လာ‌သော သတင်းများ  စာတည်းမှူးထံ‌ ပေးစာများ ကိုအ‌ရေးယူ‌ဆောင်ရွက်ခြင်း။

 

ဦးစီးအရာရှိ(နည်းပညာနှင့် အကောင်အထည်ဖော်ရေးဌာန) လုပ်ငန်းတာဝန်များ

၆။      ဦးစီးအရာရှိ(နည်းပညာနှင့်အကောင်အထည်ဖော်ရေးဌာန)သည် လက်ထောက်ညွှန်ကြားရေးမှူးကို တာဝန်ခံ၍ စိစစ်အကဲဖြတ်ရေးနှင့် ကျေးလက်ရေရရှိရေးဌာနခွဲနှင့် ကျေးလက်မီးလင်းရေးနှင့် ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲတို့အား ကြီးကြပ်အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။ အဆိုပါဌာနခွဲ(၂)ခု၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

 

(က)    စိစစ်အကဲဖြတ်ရေးနှင့် ကျေးလက်ရေရရှိရေးဌာနခွဲ

                   (၁)     ဌာနမှအကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများကို စောင့်ကြည့် စစ်ဆေးခြင်း၊ရလဒ်အပေါ် စိစစ်အကဲဖြတ်၍ တွေ့ရှိချက်များအား ပြည်နယ် သို့ တင်ပြခြင်း၊

                   (၂)      ဌာန၏လုပ်ငန်းစဉ်၊ စနစ်များကို အလွယ်တကူသိရှိနိုင်ရေး လမ်းညွှန်ချက် များ ၊ လုပ်ငန်းစဉ်များအား စောင့်ကြည့်စစ်ဆေးခြင်း၊ လက်စွဲစာအုပ်များ ဖြန့်ဝေပေးခြင်း၊

                   (၃)     ဌာန၏ စီမံကိန်း၊ လုပ်ငန်းအစီအစဉ်များအတွက် ဦးစီးဌာန(ရုံးချုပ်)နှင့် ပြည်နယ်မှ ချမှတ်ပေးသော  မူဝါဒများအား အကောင်အထည်ဖော်ခြင်း၊ လုပ်ငန်းအစီအစဉ်များကို စနစ်တကျ ချဉ်းကပ်သင်ယူ၍ ညင်သာသော နည်းပညာများ၊ချဉ်းကပ်မှုနည်းလမ်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊

                   (၄)     နိုင်ငံတကာအကူအညီ/ ချေးငွေ/ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းများနှင့် ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့်လုပ်ငန်းများကို စောင့်ကြည့်စစ်ဆေး၍ ပြည်နယ်သို့ တင်ပြခြင်း၊

                   (၅)     ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သည့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ၊ စီမံကိန်းများ၏အချက်အလက်များ စုဆောင်းခြင်း၊ ကောက်ယူခြင်း၊ စာရင်းပြုစုခြင်းများ ဆောင်ရွက်၍ ပြည်နယ်သို့ တင်ပြခြင်း၊

                   (၆)     ကျေးလက်ဒေသ၏ နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသော အချက် အလက်များ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ အချက်အလက်များအား GIS စနစ်ဖြင့် Data ထည့်သွင်းခြင်းနှင့် မှတ်တမ်းထိန်းသိမ်းခြင်း၊

                   (၇)     မြို့နယ်ကျေးလက်ဦးစီးဌာနရုံးများ၏ စီမံကိန်းလုပ်ငန်းခွဲများကို လစဉ် စောင့်ကြည့်စစ်ဆေးခြင်း၊ အစီရင်ခံစာပြုစု၍ ပြည်နယ်သို့ တင်ပြခြင်း၊

                   (၈)     စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နေရာ များသို့ သွားရောက်၍ စောင့်ကြည့်လေ့လာစစ်ဆေးပြီး ပြည်နယ်သို့ တင်ပြခြင်း၊

(၉)     ဒေသနှင့်ကိုက်ညီမည့် ကျေးလက်အခြေခံအဆောက်အဦပုံစံများ‌ရေးဆွဲခြင်း၊ စုဆောင်းခြင်း၊ စိစစ်ခြင်း၊

(၁၀)   ခရိုင်အတွင်း ဆောင်ရွက်မည့် ကာလတို/ကာလရှည် ကျေးလက်အခြေခံ အဆောက်အဦစီမံကိန်းများ ရေးဆွဲခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ဦးစီး ဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

(၁၁)   မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ရေးဆွဲတင်ပြ လာသည့် ကာလတို/ကာလရှည် ကျေးလက်အခြေခံအဆောက်အဦ စီမံကိန်း များအား စိစစ်ခြင်း၊ ညှိနှိုင်းပေါင်းစပ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

(၁၂)    မြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်အခြေခံ အဆောက်အဦလုပ်ငန်းများ၏ ဒီဇိုင်းစစ်ဆေးခြင်း၊ ခန့်မှန်းခြေစာရင်းများ စစ်ဆေးခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှုအား စောင့်ကြည့်စစ်ဆေးခြင်း၊  အကဲဖြတ်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ဦးစီးဌာန(ရုံးချုပ်)သို့  တင်ပြခြင်း၊

(၁၃)   ကျေးလက်အခြေခံ အဆောက်အဦလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အခြားဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

(၁၄)   မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများ၏ ကျေးလက် အခြေခံအဆောက်အဦလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု (၃)လပတ်၊ (၆)လ ပတ်၊ နှစ်ချုပ်အစီရင်ခံစာများပြုစုခြင်း၊ မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

(၁၅)   ခရိုင်အတွင်းရှိ ကျေးလက်ရေရရှိရေးဆိုင်ရာ အချက်အလက်များ ကောက် ယူခြင်း၊ စုဆောင်းခြင်း၊

(၁၆)   ရေအရင်းအမြစ်များရှာဖွေခြင်းနှင့် စက်ရေတွင်းပုံစံများ ရေးဆွဲခြင်း၊

(၁၇)   ရေရရှိနိုင်သည့် နည်းလမ်းများအပေါ် အခြေခံ၍ ရေပေးရေးပုံစံများ ရေးဆွဲခြင်း၊ ခန့်မှန်းခြေစာရင်းများ ရေးဆွဲခြင်း၊ စိစစ်ခြင်း၊

(၁၈)   ကျေးလက်ရေရရှိရေးဆိုင်ရာ ကာလတို/ ကာလရှည် စီမံကိန်းများ ရေးဆွဲခြင်း၊ စိစစ်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပြည်နယ်နှင့်ဦးစီးဌာန (ရုံးချုပ်)သို့ တင်ပြခြင်း၊

(၁၉)   ဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ရေပေးရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊

(၂၀)    သန့်ရှင်းသောသောက်သုံးရေ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သန့်စင်နည်းများ စမ်းသပ်ဆောင်ရွက်ခြင်း၊

(၂၁)    ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ပူးပေါင်း၍ ရေရရှိရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊

(၂၂)   မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှအကောင် အထည် ဖော်ဆောင်ရွက်သည့် ကျေးလက်ရေရရှိရေး လုပ်ငန်းများအား ကြီးကြပ် ကွပ်ကဲခြင်း၊ စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်း၊

(၂၃)    သောက်သုံးရေအရည်အသွေး စမ်းသပ်စစ်ဆေးခြင်း၊

(၂၄)    ဓါတ်ခွဲစမ်းသပ်တွေ့ရှိချက်အရ အန္တရာယ်ဖြစ်စေနိုင်ပါက တားမြစ်ပိတ်ပင် ခြင်း နှင့် အန္တရာယ်ကင်းရှင်းရေး ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊

(၂၅)    ခရိုင်အတွင်း တူးဖော်ပြီးတွင်းများကိုWell log data နှင့်တကွ မှတ်ပုံတင် စာအုပ် တွင် မှတ်တမ်းတင်ထိန်းသိမ်းခြင်း၊

(၂၆)    မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများ၏ ကျေးလက် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု (၃)လပတ်၊(၆)လပတ်၊ နှစ်ချုပ် အစီရင်ခံစာများပြုစုခြင်း၊ မှတ်တမ်းတင်ခြင်း၊ပြည်နယ်နှင့်ဦးစီးဌာန(ရုံးချုပ်) သို့ တင်ပြခြင်း၊

(၂၇)   ဦးစီးဌာန(ရုံးချုပ်)မှ အခါအားလျော်စွာသတ်မှတ်ပေးသည့်လုပ်ငန်းတာ၀န် များအား ဆောင်ရွက်ခြင်း။

 

 (  ကျေးလက်မီးလင်းရေးဌာနနှင့်ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲ

(၁)     ခရိုင်အတွင်းရှိ ကျေးရွာမီးလင်းရေးဆိုင်ရာ အချက်အလက်များ ကောက်ခံ ခြင်း၊ စာရင်း ပြုစုခြင်း၊

(၂)      ဒေသနှင့် ကိုက်ညီမည့် ကျေးလက်မီးလင်းရေးစနစ်များ လေ့လာခြင်း၊ ဒီဇိုင်းပုံစံများ ရေးဆွဲခြင်း၊ စိစစ်ခြင်း၊

(၃)     ခရိုင်အတွင်း ဆောင်ရွက်မည့် ကာလတို/ကာလရှည် ကျေးလက်မီးလင်းရေး စီမံကိန်းများရေးဆွဲခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

(၄)     မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ရေးဆွဲတင်ပြ လာသည့် ကာလတို/ကာလရှည် ကျေးလက်မီးလင်းရေးစီမံကိန်းများအား စိစစ်ခြင်း ညှိနှိုင်းပေါင်းစပ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဦးစီးဌာန (ရုံးချုပ်)သို့ တင်ပြခြင်း၊

 (၅)    မြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက် မီးလင်းရေး လုပ်ငန်းများ၏ ဒီဇိုင်းစစ်ဆေးခြင်း၊ ခန့်မှန်းခြေစာရင်းများ စစ်ဆေးခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှုအား စောင့်ကြည့်စစ်ဆေးခြင်း၊  အကဲဖြတ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

(၆)     ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အခြားဌာန များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

(၇)     မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများ၏ ကျေးလက် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု (၃)လပတ်၊ (၆)လပတ်၊ နှစ်ချုပ် အစီရင်ခံစာများ ပြုစုခြင်း၊ မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

 (၈)    အုပ်ချုပ်မှုသုံး‌နှင့် လုပ်ငန်းသုံး မော်တော်ယာဉ်များ၊ စက်/ယန္တရားများနှင့် စက်ပစ္စည်း ကိရိယာများ မှတ်ပုံတင်ခြင်း၊ မှတ်တမ်းထားရှိခြင်း၊

(၉)     အုပ်ချုပ်မှုသုံးယာဉ်များနှင့်လုပ်ငန်းသုံးယာဉ်/စက်/ ယန္တရားများအား လုပ်ငန်း မှတ်တမ်းများ စနစ်တကျထားရှိခြင်း၊ ချို့ယွင်းမှုများအား စနစ်တကျ ပြုပြင် ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းအတွက် ခန့်မှန်း‌ခြေစာရင်းများ ‌ရေးဆွဲ တင်ပြခြင်း၊

(၁၀)   သက်တမ်းပြည့်ယာဉ်များ လိုင်စင်သက်တမ်းတိုး‌ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း‌ ဆောင်ရွက်‌ပေးခြင်း၊

(၁၁)   မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ယာဉ်စက်/ယန္တရား ပြန်တမ်းများ ပြုစုမှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

(၁၂)    ပစ္စည်းများဝယ်ယူခြင်း၊ လက်ခံခြင်းနှင့် ထုတ်‌ပေးခြင်း/ဖြန့်ဖြူးခြင်းကိစ္စများ ဆောင်ရွက်ခြင်း၊

(၁၃)   ရုံးသုံးယာဉ်များ ပြင်ဆင်ခြင်း၊ထိန်းသိမ်းခြင်း၊

(၁၄)   အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်းတာ၀န်များ ဆောင်ရွက်ခြင်း၊

 

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

၁။      မြို့နယ်တာ၀န်ခံအကြီးအကဲသည် တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်နယ်ခွဲ၊ ခရိုင် အကြီးအကဲ တို့အား တာ၀န်ခံ၍ ဌာနခွဲ (၄)ခုတို့ကို ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပါသည်။ ၄င်းဌာနခွဲတို့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

          (က) စီမံရေးရာနှင့် စီမံကိန်းရေးဆွဲရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ

(၁)  စီမံရေးရာကိစ္စရပ်များဆောင်ရွက်ခြင်း၊

(၂)   အစည်းအဝေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်း၊

(၃)   ရုံးအသုံးအဆောင်ပစ္စည်း၊စာရေးကိရိယာ၊ ခွင့်ပြုချက်ဖြင့်ဝယ်ယူခြင်း၊ထုတ်ပေးခြင်း၊ ပစ္စည်းများထိန်းသိမ်းခြင်း၊

(၄)   ဌာနပိုင်မြေနှင့် အဆောက်အအုံများကို ထိန်းသိမ်းခြင်း၊

(၅)   ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်သော ညွှန်ကြားချက်အမိန့်များ ထုတ်ပြန်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ခရိုင်သို့ ဆောင်ရွက်မှု တင်ပြခြင်း၊

(၆) အကြီးအကဲခရီးစဉ်လမ်းညွှန်ချက်၊ မှာကြားချက်များဆိုင်ရာ ကိစ္စရပ်များအား ခရိုင်သို့ တင်ပြခြင်း၊

(၇)   ပြည်တွင်းပြည်ပအလုပ်ရုံဆွေးနွေးပွဲ၊ လေ့လာရေးနှင့် သင်တန်းဆိုင်ရာ ကိစ္စရပ် များ အား ခရိုင်သို့တင်ပြခြင်း၊

(၈)   လုပ်ငန်းအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနခွဲ၊ ဌာနစိတ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ တင်ပြခြင်း၊

(၉)   ဝန်ထမ်းရေးရာလုပ်ငန်းများ၊ ဝန်ထမ်းဆိုင်ရာအကျိုးခံစားခွင့်ကိစ္စရပ်များအား ခရိုင် သို့ တင်ပြခြင်း၊

(၁၀) ဝန်ထမ်းသက်သာချောင်ချိရေး ကိစ္စရပ်များအား ဆောင်ရွက်ခြင်း၊ ခရိုင်သို့တင်ပြခြင်း၊

(၁၁) အကြီးအကဲ ခရီးစဉ်သတင်းနှင့် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ သတင်း မှတ်တမ်း ရိုက်ကူးရေးကိစ္စများ ဆောင်ရွက်ခြင်း၊

(၁၂) ခရီးစဉ်သတင်း၊ ညှိနှိုင်းမှာကြားချက်နှင့် လုပ်ငန်း‌ဆောင်ရွက်မှု သတင်းထုတ်ပြန်‌ရေး ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊  

(၁၃) မြို့နယ်အတွင်း ‌ဆောင်ရွက်မည့် ကာလတို/ကာလရှည် ‌ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်‌ရေး စီမံကိန်းများအား ရေးဆွဲခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်

နှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက် ရေး ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

(၁၄) ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ အဆိုပြုတင်ပြလာသည့် ‌ကျေးလက်ဖွံ့ဖြိုး‌ ရေးစီမံကိန်း လုပ်ငန်းများအား စိစစ်ခြင်း၊ အကြံပြုတင်ပြခြင်း၊ ညှိနှိုင်း ရေးဆွဲခြင်း၊

(၁၅) မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ‌ကျေးလက်ဖွံ့ဖြိုး‌ရေး လုပ်ငန်းများ အကောင် အထည်ဖော်‌ဆောင်ရွက်ပြီးစီးမှု အခြေအနေအား မှတ်တမ်းတင်ခြင်း၊ အစီရင်ခံခြင်း၊

(၁၆) ဦးစီးဌာနနှင့်ဆက်သွယ်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ နိုင်ငံခြားသားစီမံကိန်းဝန်ထမ်းများ၏ ခရီးစဉ်လုံခြုံ‌ရေး ကိစ္စရပ်များအားစီစဉ် ဆောင်ရွက်ခြင်း၊ ခရီးစဉ်တွင် လိုက်ပါဆောင်ရွက်ခြင်း၊

(၁၇) ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သည့် ‌ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်‌ရေး စီမံကိန်းများ အဆင်‌ပြေချောမွေ့စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်‌ရေးအတွက် သက်ဆိုင်ရာ မြို့နယ်များရှိ ‌ဒေသ အာဏာပိုင်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ခြင်း၊

(၁၈) နိုင်ငံ‌ခြားပညာ‌တော်သင်ဆုများ၊ လေ့လာ‌ရေးခရီးစဉ်များ၊ ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဖိတ်ကြားလာသည့် အစည်းအဝေးများ၊ အလုပ်ရုံ‌ ဆွေးနွေးပွဲများ၊‌လေ့လာ‌ရေးနှင့် သင်တန်းများသို့‌တက်‌ရောက်နိုင်‌ရန် တိုင်းဒေသကြီး / ပြည်နယ်၊ ခရိုင်နှင့်ဦးစီးဌာန (ရုံးချုပ်) တို့နှင့် ညှိနှိုင်း ဆောင် ရွက်ခြင်း၊

 

          ( ဘဏ္ဍာရေးနှင့်ဆင်းရဲမှုလျော့ချရေးအထောက်အကူပြုဌာနခွဲ၏ လုပ်ငန်းတာဝန်များ

(၁)   ဘဏ္ဍာငွေရရှိမှု၊ သုံးစွဲမှုအခြေအနေအား ဘဏ္ဍာရေးနှစ်အလိုက် (၃)လပတ်၊ နှင့် (၆) လပတ်၊ နှစ်ချုပ် ရငွေသုံးငွေစာရင်းများအား စိစစ်၍ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် ဦးစီးဌာန(ရုံးချုပ်)သို့ ပြုစုပေးပို့ ခြင်း၊

(၂)   ငွေရေးကြေးရေးဆိုင်ရာ ဘဏ်လုပ်ငန်းဆောင်ရွက်ခြင်း၊

(၃)   ဌာနအလိုက် ငွေ၊ပစ္စည်းစာရင်းများ စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင် ရွက်ခြင်း၊

(၄)   ကျေးလက်ရေအလှူငွေအပါအဝင် ပြည်တွင်း/ ပြည်ပ ထောက်ပံ့ငွေများနှင့် ပတ်သက်၍ စာရင်းစစ်ဆေးမှုခံယူခြင်း၊

(၅)   ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများက လှူဒါန်းသည့်‌ငွေများနှင့် ပတ်သက်၍ စာရင်း ရှင်းတမ်းများပြုစုရေးဆွဲ၍ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်၊  ဦးစီး ဌာန(ရုံးချုပ်)သို့ ‌ပေးပို့တင်ပြခြင်း၊

(၆)   ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ပြည်တွင်းအစိုးရမဟုတ်သောအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် သည့် စီမံကိန်းလုပ်ငန်းများ၊ ရရှိ‌ငွေများနှင့် ပတ်သက်၍ ဘဏ္ဍာ‌ရေးနှစ် အလိုက် စီမံကိန်းကာလအလိုက်ရရှိမှု၊ သုံးစွဲမှုရှင်းတမ်းများအား စုစည်း စာရင်းချုပ်၍ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်၊  ဦးစီးဌာန (ရုံးချုပ်)သို့ ‌ပေးပို့ တင်ပြခြင်း၊

(၇)   နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနမှတိုက်ရိုက်အကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်း များနှင့် ပတ်သက်၍ လအလိုက်၊ (၃)လပတ် အလိုက်၊ နှစ်အလိုက် ဘဏ္ဍာ‌ရေး ရှင်းတမ်းများကို ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ဦးစီးဌာန(ရုံးချုပ်)သို့ ‌ရေးဆွဲ တင်ပြခြင်း၊

 (၈)  မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဆင်းရဲနွမ်းပါးမှုလျော့ချရေးဆိုင်ရာ သတင်းအချက်အလက်များ ကောက်ယူစုဆောင်းခြင်း၊

(၉)   သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်များအား လစဉ်စုစည်း၍ အစီရင်ခံစာ နှင့် တိုးတက်မှု အား ခရိုင်သို့ တင်ပြခြင်း၊

(၁၀) ဆင်းရဲနွမ်းပါးမှုလျော့ချရေး မဟာဗျူဟာများ၊ အစီအစဉ်များ၊ စီမံကိန်းများ ရေးဆွဲ နိုင်ရေး ကူညီပံ့ပိုး ဆောင်ရွက်ခြင်း၊

(၁၁) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း၊

(၁၂) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(၁၃) ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့်ဆက်စပ်သော အခြားဌာန များ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

(၁၄) မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ အစီရင်ခံခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

(၁၅) ဥပဒေရေးရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

(၁၆) ပစ်စာ၊ တိုင်စာ၊  အသနားခံစာများနှင့် အခြားဌာနများမှ ‌ပေးပို့လာ‌သော သတင်းများ စာတည်းမှူးထံ‌ ပေးစာများကို အ‌ရေးယူ‌ဆောင်ရွက်ခြင်း၊

(၁၇) ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်‌ရေးဆိုင်ရာအချက်အလက်များ‌ ကောက်ယူ ခြင်း၊ ‌တွေ့ရှိချက်များအား အစီရင်ခံပြုစုတင်ပြခြင်း၊

 

 (စိစစ်အကဲဖြတ်ရေးနှင့် ကျေးလက်ရေရရှိရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ

                 (၁)   ဌာနမှအကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများကို စောင့်ကြည့် စစ်ဆေးခြင်း၊ရလဒ်အပေါ် စိစစ်အကဲဖြတ်၍ တွေ့ရှိချက်များအား ခရိုင်သို့ တင်ပြခြင်း၊

                 (၂)   ဌာန၏လုပ်ငန်းစဉ်၊ စနစ်များကို အလွယ်တကူသိရှိနိုင်ရေး လမ်းညွှန်ချက် များ၊လုပ်ငန်းစဉ်များအား စောင့်ကြည့်စစ်ဆေးခြင်း၊လက်စွဲစာအုပ်များ ဖြန့်ဝေ ပေးခြင်း၊

                 (၃)   ဌာန၏ စီမံကိန်း၊ လုပ်ငန်းအစီအစဉ်များအတွက် ဦးစီးဌာန (ရုံးချုပ်)နှင့် ပြည်နယ်၊ ခရိုင်တို့မှ ချမှတ်ပေးသော  မူဝါဒများအား အကောင်အထည်ဖော် ခြင်း၊ လုပ်ငန်းအစီအစဉ်များကို စနစ်တကျ ချဉ်းကပ်သင်ယူ၍ ညင်သာသော နည်းပညာများ၊ ချဉ်းကပ်မှုနည်းလမ်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊

                 (၄)   နိုင်ငံတကာအကူအညီ/ ချေးငွေ/ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများနှင့် ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့်လုပ်ငန်းများကို စောင့်ကြည့်စစ်ဆေး၍ ခရိုင်သို့ တင်ပြခြင်း၊

                 (၅)   ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သည့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်း များ၊ စီမံကိန်းများ၏အချက်အလက်များ စုဆောင်းခြင်း၊ ကောက်ယူခြင်း၊ စာရင်း ပြုစုခြင်းများ ဆောင်ရွက်၍ ခရိုင်သို့ တင်ပြခြင်း၊

                 (၆)   ကျေးလက်ဒေသ၏နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသော အချက်အလက်များ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ အချက်အလက်များအား GIS စနစ်ဖြင့် Data ထည့်သွင်းခြင်းနှင့် မှတ်တမ်းထိန်းသိမ်းခြင်း၊ 

                 (၇)   စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့်နေရာများ သို့ သွားရောက်၍ စောင့်ကြည့်လေ့လာစစ်ဆေးပြီး  ခရိုင်သို့ တင်ပြခြင်း၊

(၈)   မြို့နယ်အတွင်းရှိ ကျေးလက်ရေရရှိရေးဆိုင်ရာ အချက်အလက်များ ကောက်ယူ ခြင်း၊ စုဆောင်းခြင်း၊

(၉)   ဒေသနှင့်ကိုက်ညီမည့် ကျေးလက်အခြေခံအဆောက်အဦများ ‌ရေးဆွဲခြင်း၊ စုဆောင်းခြင်း၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

(၁၀) မြို့နယ်အတွင်း ဆောင်ရွက်မည့် ကာလတို/ကာလရှည် ကျေးလက်အခြေခံ အဆောက်အဦစီမံကိန်းများ ရေးဆွဲခြင်း၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

(၁၁) မြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်အခြေခံ အဆောက်အဦ လုပ်ငန်းများ၏ ဒီဇိုင်းနှင့်ခန့်မှန်းခြေစာရင်းများ ရေးဆွဲခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်း ခရိုင်၊တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဦးစီး ဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

(၁၂) ကျေးလက်အခြေခံ အဆောက်အဦလုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် အခြားဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

(၁၃) ကျေးလက်အခြေခံအဆောက်အဦလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု (၃)လပတ်၊ (၆)လပတ်၊ နှစ်ချုပ်အစီရင်ခံစာ များပြုစုခြင်း၊ မှတ်တမ်းတင်ခြင်း၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

(၁၄) ရေအရင်းအမြစ်များရှာဖွေခြင်းနှင့် စက်ရေတွင်း ပုံစံများ ရေးဆွဲခြင်း၊

(၁၅) ရေရရှိနိုင်သည့် နည်းလမ်းများအပေါ်အခြေခံ၍ ရေပေးရေးပုံစံများ ရေးဆွဲခြင်း၊ ခန့်မှန်းခြေစာရင်းများ ရေးဆွဲခြင်း၊ စိစစ်ခြင်း၊

(၁၆) ကျေးလက်ရေရရှိရေးဆိုင်ရာ ကာလတို/ကာလရှည် စီမံကိန်းများရေးဆွဲခြင်း၊ စိစစ်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဦးစီး ဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

(၁၇) ဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊

(၁၈) သန့်ရှင်းသော သောက်သုံးရေ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သန့်စင်နည်း များ စမ်းသပ် ဆောင်ရွက်ခြင်း၊

(၁၉) ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ပူးပေါင်း၍ ရေရရှိရေး လုပ်ငန်း များဆောင်ရွက်ခြင်း၊

(၂၀) သောက်သုံးရေအရည်အသွေး စမ်းသပ်စစ်ဆေးခြင်း၊

(၂၁) ဓါတ်ခွဲ စမ်းသပ်တွေ့ရှိချက်အရ အန္တရာယ်ဖြစ်စေနိုင်ပါက တားမြစ်ပိတ်ပင်ခြင်း နှင့် အန္တရာယ်ကင်းရှင်းရေး ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊

(၂၂)  တူးဖော်ပြီးတွင်းများကို Well log data နှင့်တကွ မှတ်ပုံတင် စာအုပ်တွင် မှတ်တမ်းတင်ထိန်းသိမ်းခြင်း၊     

(၂၃) ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများပူးပေါင်း ပါဝင်လာစေရန် စည်းရုံးလှုံဆော်ခြင်း၊ အသိပညာပေးခြင်း၊

(၂၄) ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု (၃)လပတ်၊ (၆)လပတ်၊ နှစ်ချုပ် အစီရင်ခံစာများ ပြုစုခြင်း၊ မှတ်တမ်းတင်ခြင်း၊ ခရိုင်၊ တိုင်းဒေသကြီး / ပြည်နယ်နှင့် ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း။

 

 ()   ကျေးလက်မီးလင်းရေးဌာနနှင့် ဝယ်ယူ ဖြန့်ဖြူးရေးဌာနခွဲ

(၁)   မြို့နယ်အတွင်းရှိ ကျေးရွာမီးလင်းရေးဆိုင်ရာ အချက်အလက်များ ကောက်ခံ ခြင်း၊ စာရင်းပြုစုခြင်း၊

(၂)   ဒေသနှင့်ကိုက်ညီမည့် ကျေးလက်မီးလင်းရေးစနစ်များ လေ့လာခြင်း၊ ဒီဇိုင်း ပုံစံများ ရေးဆွဲခြင်း၊ စိစစ်ခြင်း၊

(၃)   မြို့နယ်အတွင်း ဆောင်ရွက်မည့် ကာလတို/ကာလရှည် ကျေးလက်မီးလင်းရေး စီမံကိန်းများရေးဆွဲခြင်း၊ ခရိုင်၊တိုင်းဒေသကြီး/ပြည်နယ်နှင့်ဦးစီးဌာန(ရုံးချုပ်) သို့ တင်ပြခြင်း၊

(၄)   မြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်မီးလင်းရေး လုပ်ငန်းများ၏ ဒီဇိုင်းစစ်ဆေးခြင်း၊ ခန့်မှန်းခြေစာရင်းများ စစ်ဆေးခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှုအားစောင့်ကြည့်စစ်ဆေးခြင်း၊  အကဲဖြတ်ခြင်း ၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

(၅)   ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အခြားဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

(၆)   ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု (၃)လပတ်၊ (၆)လပတ်၊ နှစ်ချုပ်အစီရင်ခံစာများ ပြုစုခြင်း၊ မှတ်တမ်းတင်ခြင်း၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

(၇)   အုပ်ချုပ်မှုသုံး‌နှင့် လုပ်ငန်းသုံးမော်တော်ယာဉ်များ၊ စက်/ယန္တရားများနှင့် စက် ပစ္စည်းကိရိယာများ မှတ်ပုံတင်ခြင်း၊ မှတ်တမ်းထားရှိခြင်း၊

(၈)   အုပ်ချုပ်မှုသုံးယာဉ်များနှင့်လုပ်ငန်းသုံးယာဉ်/စက်/ ယန္တရားများအား လုပ်ငန်း မှတ်တမ်းများစနစ်တကျထားရှိခြင်း၊ချို့ယွင်းမှုများအားစနစ်တကျ ပြုပြင်ခြင်း နှင့် ပြင်ဆင်ထိန်းသိမ်းခြင်းအတွက် ခန့်မှန်း‌ခြေစာရင်းများ ‌ရေးဆွဲတင်ပြခြင်း၊

(၉)   သက်တမ်းပြည့်ယာဉ်များ လိုင်စင်သက်တမ်းတိုး‌ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊

(၁၀) ယာဉ်စက်/ ယန္တရားပြန်တမ်းများ ပြုစုမှတ်တမ်းတင်ခြင်း၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ဦးစီးဌာန(ရုံးချုပ်) သို့ တင်ပြခြင်း၊

(၁၁) ပစ္စည်းများဝယ်ယူခြင်း၊ လက်ခံခြင်းနှင့် ထုတ်‌ပေးခြင်း/ ဖြန့်ဖြူးခြင်းကိစ္စ များ ဆောင်ရွက်ခြင်း၊

(၁၂) သိုလှောင်ရုံတွင်ထားရှိသည့် ပစ္စည်းများ လေလွင့်ဆုံးရှုံးမရှိစေရန် ပစ္စည်း အမျိုးအစားအလိုက် စာရင်းပြုစုထိန်းသိမ်းစောင့်ရှောက်ခြင်း၊

(၁၃) (၃)လတစ်ကြိမ်၊ (၆)လတစ်ကြိမ်၊(၁)နှစ်တစ်ကြိမ်စသည်ဖြင့် ပစ္စည်းလက်ကျန် စာရင်းများစစ်ဆေးခြင်းနှင့် မြေပေါ်လက်ကျန်များ စစ်ဆေးအစီရင်ခံ တင်ပြခြင်း၊

(၁၄) ပစ္စည်းသိုလှောင်ရုံများနှင့် ပစ္စည်းများ လုံခြုံမှုရှိစေရန် စီမံချက်များ ချမှတ် ထိန်းသိမ်းထားရှိခြင်း၊မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးများ ဆောင်ရွက် ထားရှိခြင်း။