Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တိုင်းဒေသကြီး/ပြည်နယ်ရုံးခွဲများ

တိုင်းဒေသကြီး/ပြည်နယ် ‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏လုပ်ငန်းတာဝန်များ

တိုင်းဒေသကြီး/ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏လုပ်ငန်းတာဝန်များ

ညွှန်ကြားရေးမှူး၏ လုပ်ငန်းတာဝန်များ

၁။      ညွှန်ကြားရေးမှူးသည် ဦးစီးဌာန(ရုံးချုပ်)၏ ဦးဆောင်ကွပ်ကဲမှုနှင့်အညီ ဒုတိယညွှန်ကြားရေးမှူး (၂)ဦးတို့၏ ကွပ်ကဲမှု‌အောက်ရှိ ဌာန(၂)ခု ၊ ဌာနခွဲ(၄)ခုနှင့် ဌာနစိတ်(၈)ခုတို့၏ လုပ်ငန်းစဉ်များ အား ဦးဆောင်တာဝန်ခံ ‌ဆောင်ရွက်မည်ဖြစ်ပါသည်။

၂။       ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ အခါအားလျှော်စွာ‌ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ‌ဆောင်ရွက်ရမည် ဖြစ်ပါသည်။

 

ဒုတိယညွှန်ကြားရေးမှူး (စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဌာန) လုပ်ငန်းတာဝန်

၃။      ဒုတိယညွှန်ကြားရေးမှူး (စီမံခန့်ခွဲ‌ရေးနှင့်ဘဏ္ဍာ‌ရေး)သည် ညွှန်ကြားရေးမှူးကို တာဝန်ခံ၍ ၄င်း၏ကွပ်ကဲမှုအောက်ရှိ ဌာနခွဲ(၂)ခုဖြစ်သည့် စီမံ‌ရေးရာနှင့် စီမံကိန်းရေးဆွဲရေး ဌာနခွဲနှင့် ဘဏ္ဍာရေးနှင့်ဆင်းရဲမှုလျော့ချ‌ရေးအထောက်အကူပြုဌာနခွဲတို့၏ တာ၀န်များကို ကြီးကြပ် ဆောင်ရွက်မည် ဖြစ်ပါသည်။

 

၄။      ညွှန်ကြားရေးမှူးမှ အခါအားလျော်စွာ‌ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက် မည်ဖြစ်ပါသည်။

 

ဒုတိယညွှန်ကြားရေးမှူး(နည်းပညာနှင့်လုပ်ငန်းအကောင်အထည်ဖော်ရေးဌာန) လုပ်ငန်းတာဝန်

၅။      ဒုတိယညွှန်ကြားရေးမှူး (နည်းပညာနှင့် လုပ်ငန်းအ‌ကောင်အထည်‌ဖော်ရေး) သည် ညွှန်ကြားရေးမှူးကို တာဝန်ခံ၍ ၄င်း၏ကွပ်ကဲမှုအောက်ရှိ ဌာနခွဲ(၂)ခုဖြစ်သည့် စိစစ်အကဲဖြတ် ရေးနှင့်ရေရရှိရေးဌာနခွဲနှင့် ကျေးလက်မီးလင်းရေးနှင့်ဝ ယ်ယူဖြန့်ဖြူးထောက်ပံ့‌ရေးဌာနခွဲတို့၏ တာဝန်ကို ကြီးကြပ် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။

 

၆။      ညွှန်ကြားရေးမှူးမှ အခါအားလျော်စွာ‌ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ‌ဆောင်ရွက်မည်ဖြစ်ပါသည်။

 

လက်ထောက်ညွှန်ကြားရေးမှူး(စီမံရေးရာနှင့် စီမံကိန်းရေးဆွဲရေး)ဌာနခွဲ၏ လုပ်ငန်းတာဝန်များ

၇။      လက်‌​ထောက်ညွှန်ကြားရေးမှူး (စီမံ‌ရေးရာနှင့် စီမံကိန်းရေးဆွဲရေး) ဌာနခွဲသည် ညွှန်ကြားရေးမှူးကို တာဝန်ခံ၍ စီမံ‌ရေးရာ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ပြည်သူ့ဆက်ဆံရေး ဌာနစိတ်နှင့်စီမံကိန်းရေးဆွဲရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနစိတ်တို့အား ကြီးကြပ်‌ဆောင်ရွက် မည်ဖြစ်ပါသည်။ အဆိုပါဌာနစိတ်(၂)ခု၏ လုပ်ငန်းတာဝန်များမှာ ‌အောက်ပါတိုင်းဖြစ်ပါသည်-

          (က)    စီမံရေးရာ၊ လူစွမ်းအားအရင်းအမြစ်နှင့် ပြည်သူ့ဆက်ဆံရေးဌာနစိတ်

(၁)   စီမံ‌ရေးရာလုပ်ငန်းကိစ္စရပ်များ‌ဆောင်ရွက်ခြင်း၊

(၂)   အစည်းအဝေးဆိုင်ရာကိစ္စရပ်များ‌ဆောင်ရွက်ခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်း၊

(၃)   ရုံးအသုံးအဆောင်ပစ္စည်း၊ စာ‌ရေးကိရိယာ ခွင့်ပြုချက်ဖြင့် ဝယ်ယူခြင်း၊ထုတ်‌ ပေးခြင်း၊ ပစ္စည်းများထိန်းသိမ်းခြင်း၊

(၄)   ဌာနပိုင်မြေနှင့် အဆောက်အအုံများကို ထိန်းသိမ်းခြင်း၊

(၅)   ရုံးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်‌သော ညွှန်ကြားချက်အမိန့်များ ထုတ်ပြန်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ခရိုင်နှင့်မြို့နယ် များသို့ ကြီးကြပ်ခြင်းဆိုင်ရာကိစ္စရပ်များ၊

(၆)   အကြီးအကဲခရီးစဉ်လမ်းညွှန်ချက်၊ မှာကြားချက်ဆိုင်ရာ ကိစ္စရပ်များ ဦးစီး ဌာန (ရုံးချုပ်)သို့ တင်ပြခြင်း၊ ခရိုင်နှင့် မြို့နယ်များသို့ ကြီးကြပ်ကွပ်ကဲခြင်း၊

 (၇)  ဝန်ထမ်း‌ရေးရာလုပ်ငန်းများ၊ ဝန်ထမ်းဆိုင်ရာ အကျိုးခံစားခွင့်ဆိုင်ရာ ကိစ္စ ရပ်များခရိုင်နှင့်မြို့နယ်တင်ပြချက်များအား  ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

(၈)   ဝန်ထမ်းသက်သာ‌ချောင်ချိ‌ရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များ‌ ဆောင်ရွက်ခြင်း၊ ခရိုင်နှင့် မြို့နယ်များသို့ ကြီးကြပ်ကွပ်ကဲခြင်း၊

(၉)   လုပ်ငန်းအဆင်‌ပြေစေ‌ရေးအတွက် ဌာနခွဲ၊ ဌာနစိတ်များနှင့်​​ ပေါင်းစပ် ညှိနှိုင်း‌ ဆောင်ရွက် ခြင်းဆိုင်ရာကိစ္စရပ်များ။

(၁၀) လုပ်ငန်းအကောင်အထည်ဖော်မှုများနှင့် ပတ်သက်၍ အခြားသက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်၍ သင်တန်းအစီအစဉ်များ ရေးဆွဲခြင်း၊

 (၁၁)၀န်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေးအတွက် လုပ်ငန်းဝင်သင်တန်းနှင့် မွမ်းမံသင်တန်း ဖွင့်လှစ်ခြင်းဆိုင်ရာကိစ္စများ ဆောင်ရွက်ခြင်း၊

(၁၂) ၀န်ထမ်းများအတွက် ရသင့်ရထိုက်သော အကျိုးခံစားခွင့်များ ရရှိစေရေး ဆောင်ရွက်ပေးခြင်း၊

(၁၃) သက်ဆိုင်ရာဌာနခွဲများအတွက် လုပ်ငန်းတာ၀န်သတ် မှတ်ဖော်ပြချက်(Job Description) ရေးဆွဲနိုင်ရေး ဆောင်ရွက်ခြင်း၊

(၁၄) သက်ဆိုင်ရာဌာနခွဲများအတွက် ဆီလျော်သော ၀န်ထမ်းစွမ်းဆောင်ရည်စီမံ ခန့်ခွဲမှုစနစ်(Performance Management System) ရေးဆွဲဖော်ထုတ်ရေး နှင့် သက်ဆိုင်ရာကြီးကြပ်သူများက ၀န်ထမ်းများ၏ လုပ်ဆောင်ချက်များကို အကဲဖြတ်သုံးသပ်ရာတွင် နည်းမှန်လမ်းမှန်ဖြစ်စေရေး ဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်း၊

(၁၅) ပြည်နယ်/တိုင်းအတွင်းရှိ ခရိုင်/မြို့နယ်များတွင် လုပ်ငန်းဆောင်ရွက်နေမှု များအား အများပြည်သူ သိရှိစေရေး ဆောင်ရွက်ခြင်း၊

(၁၆) သတင်းထုတ်ပြန်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း။

 

( ခ )   စီမံကိန်းရေးဆွဲရေးနှင့်နိုင်ငံတကာဆက်ဆံရေးဌာနစိတ်

                  (၁)     ‌ကျေးလက်ဒေသဖွံ့ဖြိုး‌ရေးနှင့် သက်ဆိုင်သော လွှတ်တော်မေးခွန်းများ ဖြေကြားခြင်းဆိုင်ရာကိစ္စရပ်များ၊

                  (၂)      ကာလတို/ကာလရှည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း‌ရေးဆွဲ ခြင်းဆိုင်ရာကိစ္စရပ်များ ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

                   (၃)     (၆)လပတ် အစီရင်ခံစာ၊ နှစ်ပတ်လည်အစီရင်ခံစာများပြုစု၍ ဦးစီးဌာန (ရုံးချုပ်)သို့ တင်ပြခြင်း၊

                  (၄)     စီမံကိန်း‌ရေးဆွဲ‌ ဆောင်ရွက်ရာတွင် အဆင်‌ပြေစေရေးအတွက် ဌာနခွဲ၊ ဌာနစိတ်များနှင့် ‌ ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊

                  (၅)     ‌ကျေးလက်ဒေသဖွံ့ဖြိုး‌ရေး အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေ အနေများ ခရိုင်နှင့် မြို့နယ်များသို့ကြီးကြပ်ခြင်း၊ အစီရင်ခံစာအား ဦးစီးဌာန (ရုံးချုပ်)သို့ စုစည်းတင်ပြခြင်း၊

                  (၆)     နိုင်ငံတကာ အကူအညီ/ ပူး‌ပေါင်းဆောင်ရွက်မှုဖြင့်‌ ဆောင်ရွက်သည့် ကျေးလက်ဖွံ့ဖြိုး‌ရေးစီမံကိန်းများ အဆင်ပြေစွာ အကောင်အထည်ဖော်ရေး အတွက် သက်ဆိုင်ရာအာဏာပိုင်များ၊ ဌာန                                 ဆိုင်ရာများနှင့် ‌ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ အချိန်နှင့်တပြေးညီ အထက်အဆင့်သို့တင်ပြခြင်း၊

                  (၇)     ကျေးလက်ဖွံ့ဖြိုး‌ရေး စီမံကိန်းများနှင့် စပ်လျဉ်း၍ ပြည်ပဆက်ဆံ‌ရေး ဆိုင်ရာကိစ္စရပ်များ ဦးစီးဌာန(ရုံးချုပ်)သို့ ‌ဆောင်ရွက်တင်ပြခြင်း၊ ခရိုင်နှင့် မြို့နယ်များသို့ ကြီးကြပ်ကွပ်ကဲခြင်း၊

                  (၈)     ပြည်ပ နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဖိတ်ကြားလာသည့် အစည်းအဝေးများ၊ အလုပ်ရုံ‌ဆွေးနွေးပွဲများ၊ လေ့လာ‌ရေးနှင့် သင်တန်း များသို့ ဝန်ထမ်းများ‌ စေလွှတ်တက်‌ရောက်နိုင်                                ရေး၊ ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊ ခရိုင်နှင့် မြို့နယ်များမှ ‌ဆောင်ရွက်မည့် အစီအစဉ်အား တင်ပြ‌ စေခြင်း၊

                   (၉)     နိုင်ငံတကာ အကူအညီ/ ပူးပေါင်းဆောင်ရွက်မှုဖြင့်‌ ဆောင်ရွက်သည့် ကျေးလက်ဖွံ့ဖြိုး‌ရေး စီမံကိန်းများအား ကြီးကြပ်ကွပ်ကဲခြင်း၊ အုပ်ချုပ်မှု ကိစ္စရပ်များ‌ ဆောင်ရွက်ခြင်း၊

                  (၁ဝ)   ‌ကျေးလက်​ဒေသဖွံ့ဖြိုး‌ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်‌ ‌ဆောင်ရွက် နိုင်ရန် ပြည်တွင်း/ပြည်ပအထောက်အပံ့ရရှိမှု၊ ‌ငွေချေးငှားခြင်း ကိစ္စရပ်များ ဦးစီးဌာန(ရုံးချုပ်)သို့ အစီရင်ခံတင်ပြ                                  ခြင်း၊ ခရိုင်နှင့်မြို့နယ်များသို့ ကြီးကြပ်ခြင်း။

 

လက်ထောက်ညွှန်ကြားရေးမှူး(ဘဏ္ဍာရေးနှင့်ဆင်းရဲမှုလျော့ချရေးအထောက်အကူပြု)ဌာနခွဲ၏  လုပ်ငန်းတာဝန်များ

၈။      လက်‌ထောက်ညွှန်ကြားရေးမှူး (ဘဏ္ဍာရေးနှင့် ဆင်းရဲမှု‌လျော့ချရေးအထောက်အကူပြု) ဌာနခွဲသည် ညွှန်ကြားရေးမှူးကိုတာဝန်ခံ၍ ဘဏ္ဍာရေးနှင့် ဆင်းရဲမှုလျော့ချရေးနှင့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာဌာနစိတ်အား ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ပါသည်။ အဆိုပါ ဌာနစိတ်(၂)ခု၏ လုပ်ငန်းတာဝန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)    ဘဏ္ဍာရေးဌာနစိတ်

                   (၁)     ‌ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအလိုက် ဘဏ္ဍာ‌ငွေရရှိမှု၊ သုံးစွဲမှုအခြေအနေ များအား ကြီးကြပ်၍  ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

                   (၂)      ‌ကျေးလက်ဒေသဖွံ့ဖြိုး‌ရေး‌ ဆောင်ရွက်သည့် ဌာနအလိုက် ငွေ၊ ပစ္စည်း စာရင်းများအား စစ်ဆေးကြပ်မတ်ခြင်းဆိုင်ရာကိစ္စရပ်များ‌ဆောင်ရွက်ခြင်း၊

                  (၃)     ခရိုင်နှင့်မြို့နယ်များမှ တင်ပြလာသော ‌ကျေးလက်ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်း များနှင့် ပတ်သက်သည့် ဘဏ္ဍာ‌ရေးနှစ်အလိုက် (၃)လပတ်၊ (၄)လပတ်၊ (၆)လပတ်၊ နှစ်ပတ်လည် ရငွေ၊သုံးငွေ                                     စာရင်းများအားစိစစ်၍ ဦးစီးဌာန (ရုံးချုပ်)သို့ ပြုစု‌ ပေးပို့ခြင်း၊

                  (၄)     ‌ငွေကြေးဆိုင်ရာ ဘဏ်လုပ်ငန်းများ‌ဆောင်ရွက်ခြင်း၊

                   (၅)     ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများက လှူဒါန်းသည့်‌ငွေများနှင့် ပတ်သက် ၍ ခရိုင်/မြို့နယ်များမှ တင်ပြလာ‌သော စာရင်းရှင်းတမ်းများအား စုစည်း စာရင်းချုပ်၍  ဦးစီးဌာန(ရုံးချုပ်)သို့ ပေးပို့                               တင်ပြခြင်း၊

                  (၆)     ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများ၊                                  ရရှိ‌ငွေများနှင့် ပတ်သက်၍ ဘဏ္ဍာ‌ရေးနှစ်အလိုက် စီမံကိန်းကာလအလိုက်ရရှိမှု၊ သုံးစွဲမှုရှင်းတမ်းများအား စုစည်း စာရင်းချုပ်၍  ဦးစီးဌာန(ရုံးချုပ်)သို့ ပေးပို့တင်ပြခြင်း၊

                  (၇)     နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုက်ရိုက်အကောင်အထည်ဖော် ဆောင်ရွက်သည့် စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ လချုပ်၊                               (၃)လပတ် ၊(၆)လပတ်၊ နှစ်ချုပ် ဘဏ္ဍာ‌ရေး ရှင်းတမ်းများ  ဦးစီးဌာန(ရုံးချုပ်)သို့ ‌ရေးဆွဲ တင်ပြခြင်း၊

                   (၈)     ဦးစီးဌာနမှ အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာ၀န်များ ဆောင်ရွက်ခြင်း။

 

          ( ခ )   ဆင်းရဲမှုလျှော့ချရေးအထောက်အကူပြုဌာနစိတ်

                  (၁)     ‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ဆင်းရဲမှုလျှော့ချ‌ရေး လုပ်ငန်းစဉ် (၈)ရပ်အား သက်ဆိုင်ရာဌာနများမှ လစဉ်စုစည်း၍ အစီရင်ခံစာနှင့်တိုးတက်မှုအား ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊                             ခရိုင်နှင့်မြို့နယ်သို့ အစီရင်ခံစာနှင့် တိုးတက်မှုများ ပြုစုတင်ပြ‌ရေး ကြီးကြပ်ကွပ်ကဲခြင်း၊

                  (၂)      ကျေးလက်ဒေသဖွံ့ဖြိုး‌ရေးနှင့်ဆင်းရဲမှု‌ လျှော့ချရေးဆိုင်ရာ လုပ်ငန်းစဉ် များနှင့် ပတ်သက်သည့် (၃)လပတ်၊(၆)လပတ်၊ နှစ်ပတ်လည် အစီရင်ခံစာများ ဦးစီးဌာန(ရုံးချုပ်)ပြုစုတင်ပြခြင်း၊ ခရိုင်                              နှင့်မြို့နယ်များသို့ ပြုစုတင်ပြခြင်း၊ ကြီးကြပ်ခြင်း၊

                  (၃)     မှတ်တမ်းထိန်းသိမ်းခြင်းဆိုင်ရာကိစ္စရပ်များ‌ဆောင်ရွက်ခြင်း၊

                   (၄)     ဥပဒေဆိုင်ရာကိစ္စရပ်များ‌ဆောင်ရွက်ခြင်း၊

                  (၅)     ပစ်စာ၊ တိုင်စာများစီစစ်တင်ပြခြင်း၊ ခရိုင်နှင့် မြို့နယ်များသို့ ကြီးကြပ် ကွပ်ကဲခြင်း၊

                   (၆)     ‌ကျေးလက်ဒေသဖွံ့ဖြိုး‌ရေးဆိုင်ရာ လုပ်ငန်းများနှင့် ဆက်စပ်‌သော အခြား ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ခြင်း။

                  (၇)     အသက်မွေးဝမ်းကျောင်းလုပ်ငန်း ကဏ္ဍအလိုက် အထောက်အကူပြုသင်တန်း များဖွင့်လှစ်ပို့ချမည့်စီမံချက်များရေးဆွဲ၍ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

                  (၈)     ကျေးလက်နေပြည်သူများ၏ ဘဝတိုးတက်မြင့်မားစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် အထောက်အကူပြုမည့် အသက်မွေး ဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်နိုင်ရေး                              နှင့် သင်တန်းဖွင့်လှစ်ခြင်းကြောင့် ရရှိသောအကျိုးကျေးဇူးများအားစစ်တမ်းကောက်ယူ၍ လချုပ်၊(၃)လပတ်၊ (၆)လပတ်၊နှစ်ချုပ်အစီရင်ခံစာများအား ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

                  (၉)     အခါအားလျှော်စွာပေးအပ်သည့် လုပ်ငန်းတာ၀န်များအား ဆောင်ရွက်ခြင်း။

         

လက်ထောက်ညွှန်ကြားရေးမှူး(စိစစ်အကဲဖြတ်ရေးနှင့်ရေရရှိရေးဌာနခွဲ) လုပ်ငန်းတာဝန်များ

၉။      လက်ထောက်ညွှန်ကြားရေးမှူး (စိစစ်အကဲဖြတ်ရေးနှင့် ရေရရှိရေး) ဌာနခွဲသည် ညွှန်ကြားရေးမှူးကို တာဝန်ခံ၍ စိစစ်အကဲဖြတ်ရေးနှင့် ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဌာနစိတ်နှင့် ကျေးလက်ရေရရှိရေးဌာနစိတ်ကို ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ပါသည်။ အဆိုပါ ဌာနစိတ်(၂)ခု၏ လုပ်ငန်းတာဝန်မှာ ‌အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)    စိစစ်အကဲဖြတ်ရေးနှင့်ကျေးလက်အခြေခံအဆောက်အုံဖွံ့ဖြိုးရေးဌာနစိတ်

                  (၁)     ဌာနမှအကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများကို စောင့်ကြည့် စစ်ဆေးခြင်း၊ ရလဒ်အပေါ် စိစစ်အကဲဖြတ်၍ တွေ့ရှိချက်များအား ဦးစီး ဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

                   (၂)      ဌာန၏လုပ်ငန်းစဉ်၊ စနစ်များကို အလွယ်တကူသိရှိနိုင်ရေး လမ်းညွှန်ချက် များ ၊ လုပ်ငန်းစဉ် များအား စောင့်ကြည့်စစ်ဆေးခြင်း၊ လက်စွဲစာအုပ်များ ဖြန့်ဝေပေးခြင်း၊

                  (၃)     ဌာန၏ စီမံကိန်း၊လုပ်ငန်းအစီအစဉ်များအတွက် ဦးစီးဌာန(ရုံးချုပ်)မှ ချမှတ်ပေးသော  မူဝါဒများအား အကောင်အထည်ဖော်ခြင်း၊ လုပ်ငန်း အစီအစဉ်များကို စနစ်တကျ ချဉ်းကပ်သင်ယူ၍                                    ညင်သာသော နည်းပညာ များ၊ ချဉ်းကပ်မှုနည်းလမ်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊

                  (၄)     နိုင်ငံတကာအကူအညီ/ ချေးငွေ/ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းများနှင့် ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့်လုပ်ငန်းများကို စောင့်ကြည့်                                စစ်ဆေး၍ ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

                  (၅)     ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သည့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ၊ စီမံကိန်းများ၏ အချက်အလက်များ စုဆောင်းခြင်း၊ ကောက်ယူခြင်း၊ စာရင်းပြုစုခြင်းများ ဆောင်ရွက်၍                                  ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

                  (၆)     ကျေးလက်ဒေသ၏နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသော အချက်အလက် များ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ အချက်အလက်များအား GIS စနစ် ဖြင့် Data ထည့်သွင်းခြင်းနှင့်                                          မှတ်တမ်းထိန်းသိမ်းခြင်း၊

                  (၇)     ခရိုင်နှင့် မြို့နယ်ကျေးလက်ဦးစီးဌာနရုံးများ၏ စီမံကိန်းလုပ်ငန်းခွဲများကို လစဉ် စောင့်ကြည့်စစ်ဆေးခြင်း၊ အစီရင်ခံစာပြုစု၍ ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊

                  (၈)     စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နေရာ များသို့ သွားရောက်၍ စောင့်ကြည့်လေ့လာစစ်ဆေးပြီး ဦးစီးဌာန(ရုံးချုပ်)သို့ အစီရင်ခံစာတင်ပြခြင်း၊

                  (၉)     အခြေခံအဆောက်အဦ အကောင်အထည်ဖော်ရေးဆိုင်ရာ ခန့်မှန်းခြေ စာရင်းများ ဦးစီးဌာန(ရုံးချုပ်)သို့‌ ရေးဆွဲတင်ပြခြင်း၊ အကောင်အထည်ဖော်‌ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊

                  (၁၀)   နိုင်ငံတကာအဖွဲ့အစည်း၏ အထောက်အပံ့ဖြင့် လည်း‌ကောင်း၊ NGO, INGO အဖွဲ့အစည်း၏ အထောက်အပံ့ဖြင့်လည်း‌ကောင်း၊ ‌ဆောင်ရွက်‌သော ကျေးလက်မီးလင်း‌ရေးနှင့်အခြေခံ                                              အဆောက်အဦ အကောင်အထည်‌ဖော်ရေး ဆိုင်ရာအချက်အလက်များ ဦးစီးဌာန(ရုံးချုပ်)သို့ကွင်းဆင်း‌ဆောင်ရွက်ခြင်း၊ စာရင်းဇယားပြုစုတင်ပြ ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊

                  (၁၁)   အခါအားလျှော်စွာပေးအပ်သော လုပ်ငန်းတာ၀န်များကို ဆောင်ရွက်ခြင်း။

 

          ( ခ )   ကျေးလက်ရေရရှိရေးဌာနစိတ်

                  (၁)     တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ ဘူမိ‌ဗေဒ ‌မြေအောက်ရေအနေအထား များ ‌လေ့လာ ခြင်းဆိုင်ရာကိစ္စရပ်များ‌ဆောင်ရွက်ခြင်း၊

                   (၂)      ရေအရင်းအမြစ် ရှာ‌ဖွေခြင်းနှင့် စက်‌ရေတွင်းပုံစံများ ထုတ်လုပ်ခြင်း ဆိုင်ရာ ကိစ္စ ရပ်များ၊ မှတ်တမ်းထားရှိခြင်းဆိုင်ရာကိစ္စရပ်များ၊

                  (၃)     တူးဖော်ရရှိသော ရေအရည်အသွေးများ စမ်းသပ်နိုင်ရန် စမ်းသပ်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ ‌သောက်သုံးရေ အရည်အသွေး စစ်ဆေးစမ်းသပ်ခြင်း ဆိုင်ရာ ကိစ္စရပ်များ၊

                  (၄)     ဓါတ်ခွဲစမ်းသပ်‌ တွေ့ရှိချက်အရ အန္တရာယ်ဖြစ်‌စေနိုင်ပါက တားမြစ် ပိတ်ပင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊

                   (၅)     နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူး‌ပေါင်း‌ဆောင်ရွက်‌သော ရေရရှိ‌ရေး ဆိုင်ရာကိစ္စရပ်များအား ဦးစီးဌာန (ရုံးချုပ်)သို့ တင်ပြခြင်း၊ အ‌ကောင် အထည်‌ဖော်‌ဆောင်ရွက်ခြင်းနှင့် ခရိုင်နှင့် မြို့နယ်                              များသို့ ကြီးကြပ်ကွပ်ကဲခြင်း၊

                  (၆)     ‌ကျေးလက်ရေရရှိ‌ရေး လုပ်ငန်းအတွက် စူးစမ်း‌လေ့လာ တိုင်းတာမှု‌ ဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ၊

                   (၇)     ‌ကျေးလက်ရေရရှိရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် ကွင်းဆင်းစစ်‌ဆေးခြင်း၊ တိုင်းတာစစ်‌ဆေးခြင်း၊ မှတ်တမ်းတင် ထိန်းသိမ်းခြင်း ဆိုင်ရာကိစ္စရပ်များ ‌ဆောင်ရွက်                                 ခြင်း၊

                  (၈)     ‌ရေရရှိနိုင်သောနည်းလမ်းများ အပေါ်အ​ခြေခံ၍ ပုံစံများ‌ရေးဆွဲခြင်း၊ ခန့်မှန်း‌ခြေစာရင်းရေးဆွဲ၍ ဦးစီးဌာန(ရုံးချုပ်)သို့တင်ပြခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဆိုင်ရာကိစ္စရပ်                                        များ‌ဆောင်ရွက်ခြင်း၊

                  (၉)     ကျေးလက်ရေရရှိရေးလုပ်ငန်းများ (၃)လပတ်၊ (၆)လပတ်၊ နှစ်ချုပ် အစီရင်ခံစာများ ဦးစီးဌာန(ရုံးချုပ်)သို့ ပြုစုတင်ပြခြင်း၊ ခရိုင်နှင့် မြို့နယ် များသို့ ကြီးကြပ် ခြင်း၊ မှတ်တမ်းတင်ခြင်း၊             

                   (၁ဝ)   ‌ကျေးလက်ရေရရှိ‌ရေးလုပ်ငန်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သင်တန်း‌ ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊

                   (၁၁)   တွင်းတူးစက်ကြီးများ ‌ရေရှည်တည်တံ့ခိုင်မြဲ‌အောင် ပြင်ဆင်ထိန်းသိမ်းခြင်း ဆိုင်ရာ ကိစ္စရပ်များ ဦးစီးဌာန(ရုံးချုပ်)သို့ ‌ဆောင်ရွက်တင်ပြခြင်း၊ ခရိုင်နှင့် မြို့နယ်များသို့ ကြီးကြပ်ခြင်း၊

                  (၁၂)    အခါအားလျှော်စွာ ပေးအပ်သော လုပ်ငန်းတာ၀န်များ ဆောင်ရွက်ခြင်း။

 

လက်ထောက်ညွှန်ကြားရေးမှူး (ကျေးလက်မီးလင်းရေးနှင့် ဝယ်ယူ ဖြန့်ဖြူးထောက်ပံ့ရေးဌာနခွဲ) လုပ်ငန်းတာဝန်များ

၁ဝ။    လက်ထောက်ညွှန်ကြားရေးမှူး (ကျေးလက်မီးလင်းရေးနှင့် ဝယ်ယူဖြန့်ဖြူးထောက်ပံ့‌ရေး ဌာနခွဲ)သည် ညွှန်ကြားရေးမှူးကို တာဝန်ခံ၍ ကျေးလက်မီးလင်းရေးဌာနစိတ်နှင့် ဝယ်ယူဖြန့်ဖြူး ထောက်ပံ့‌ရေးဌာနစိတ်တို့အား ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပါသည်။ အဆိုပါ ဌာနစိတ်(၂)ခု၏ လုပ်ငန်းတာဝန်မှာ ‌အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)    ကျေးလက်မီးလင်းရေးဌာနစိတ်

                   ( ၁)    မဟာဓါတ်အားလိုင်းပြင်ပကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် မီးလင်းရေးစနစ်များအတွက် လိုအပ်သော အချက် အလက်များ၊ စာရင်းများကောက်ယူပြုစုပြီး ဦးစီးဌာန(ရုံး                              ချုပ်)သို့ ပေးပို့ တင်ပြခြင်း၊

                   ( ၂)     အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း၏ ကျေးရွာရွေးချယ်မှုစံနှုန်း    သတ်မှတ်ချက်များအတိုင်း ကျေးရွာများစာရင်းကောက်ယူ၍ ဦးစီးဌာန (ရုံးချုပ်)သို့ တင်ပြခြင်း၊ ခရိုင်၊ မြို့နယ်များ                               အား ကြီးကြပ်ကွပ်ကဲခြင်း၊

                  (၃)     ‌ကျေးလက်မီးလင်း‌ရေးအတွက် ကွင်းဆင်းစစ်‌ဆေးခြင်း၊ စာရင်းဇယားများ ပြုစုခြင်းဆိုင်ရာကိစ္စရပ်များအား ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊ ခရိုင် နှင့် မြို့နယ်သို့ ကြီးကြပ်ခြင်း၊

                  (၄)     ကျေးလက်မီးလင်း‌ရေးဆိုင်ရာ ခန့်မှန်းခြေစာရင်းများ ဦးစီးဌာန(ရုံးချုပ်) သို့ ‌ရေးဆွဲတင်ပြခြင်း၊အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊

                  (၅)     အခြေခံအဆောက်အဦ အကောင်အထည်ဖော်ဆောင်ရေး ကွင်းဆင်းစစ်‌ဆေးခြင်း၊ စာရင်းဇယားများ ပြုစုခြင်းဆိုင်ရာကိစ္စရပ်များကို ဦးစီးဌာန (ရုံးချုပ်)သို့တင်ပြခြင်း၊ ခရိုင်နှင့် မြို့နယ်များသို့                              ကြီးကြပ်ခြင်း၊

                   (၆)     ‌ကျေးလက်မီးလင်း‌ရေးဆိုင်ရာ (၃)လပတ်၊(၆)လပတ်၊ နှစ်ချုပ်အစီရင်ခံစာများ ဦးစီးဌာန (ရုံးချုပ်)သို့ ပြုစုတင်ပြခြင်း၊ ခရိုင်နှင့် မြို့နယ်များသို့ ကြီးကြပ် ကွပ်ကဲခြင်း၊ မှတ်တမ်းတင်ထားရှိခြင်း၊

                   (၇)     အခါအားလျော်စွာ‌ပေးအပ်သော လုပ်ငန်းတာဝန်များအား‌ဆောင်ရွက်ခြင်း။

 

          ( ခ )  ဝယ်ယူဖြန့်ဖြူးရေးနှင့်ထောက်ပံ့ရေးဌာနစိတ်

                  (၁)     အုပ်ချုပ်မှုသုံး‌မော်တော်ယာဉ်နှင့် စက်ယန္တရားများ ကြီးကြပ်ခြင်း၊ မှတ်ပုံတင် ခြင်း၊ မှတ်တမ်းထားရှိခြင်း၊

                  (၂)      အုပ်ချုပ်မှုသုံးယာဉ်များနှင့် လုပ်ငန်းသုံးယာဉ် စက်ယန္တရားများအား စနစ် တကျ လုပ်ငန်းမှတ်တမ်းထားရှိပြီး ချို့ယွင်းမှုများ ပြင်ဆင်ထိန်းသိမ်းရန် အတွက် ဦးစား‌ပေး အဆင့်အလိုက်                                           သတ်မှတ်၍ စနစ်တကျပြုပြင်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းတို့အတွက် ခန့်မှန်း‌ခြေစာရင်းများ ဦးစီးဌာန(ရုံးချုပ်) သို့ ‌ရေးဆွဲတင်ပြခြင်း၊ ပြုပြင်ခြင်းဆိုင်ရာကိစ္စရပ်များ ကြီးကြပ်ကွပ်ကဲခြင်း၊

                  (၃)     အုပ်ချုပ်မှုဆိုင်ရာ ယာဉ်များနှင့် စက်ယန္တရားများ၏ ပုံမှန် စက်သုံးဆီရရှိ‌ရေး လုပ်ငန်း လိုအပ်ချက်အရ စက်သုံးဆီရရှိ‌ရေးတင်ပြ‌ဆောင်ရွက်ခြင်း၊

                   (၄)     သက်တမ်းပြည့် ယာဉ်များ လိုင်စင်သက်တမ်းတိုး‌ရေးနှင့် အမည်‌ပေါက် ပြောင်းလဲ‌ရေးကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ၊ 

                  (၅)     ပြုပြင်သုံးစွဲ၍မရတော့သော အသုံးမပြုနိုင်တော့သည့် ယာဉ်ယန္တရားများ၊ စက်ပစ္စည်းကိရိယာများအား ‌လေလံတင်‌ရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များ ဦးစီးဌာန (ရုံးချုပ်)သို့ တင်ပြခြင်း၊                                        ကြီးကြပ်‌ဆောင်ရွက်ခြင်း၊

                   (၆)     နိုင်ငံတကာမှ ကူညီ‌ထောက်ပံ့သော လုပ်ငန်းများအတွက် လိုအပ်သော စက်ယန္တရားများ ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း ဆိုင်ရာ ကိစ္စရပ်များ‌ဆောင်ရွက်ခြင်း၊

                  (၇)     ရုံးသုံး စက်ကရိယာများ၊ လုပ်ငန်းသုံးပစ္စည်းများအား ခွင့်ပြုချက်ဖြင့် ဝယ်ယူခြင်း၊ ထိန်းသိမ်းခြင်း၊ ရုံးသုံးယာဉ်များ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း၊

                   (၈)     တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်ရှိ ယာဉ်စက်ယန္တရား ပြန်တမ်းများ ပြုစု ထိန်းသိမ်းခြင်း၊ မှတ်တမ်းတင်ထားရှိခြင်း၊

                  (၉)     ယာဉ်စက်ယန္တရားမှတ်တမ်းများနှင့် ပတ်သက်၍ (၃)လပတ်၊ (၆)လပတ်၊ နှစ်ချုပ် အစီရင်ခံစာများ ဦးစီးဌာန(ရုံးချုပ်)သို့ ပြုစုတင်ပြခြင်း၊ မှတ်တမ်း တင်ထားရှိခြင်း၊

                  (၁၀)   နိုင်ငံတကာမှ ‌ထောက်ပံ့ပစ္စည်း များအား စနစ်တကျ မှတ်တမ်း‌ရေးသွင်းခြင်း၊ ခရိုင်နှင့် မြို့နယ်များသို့ ခွဲ‌ဝေဖြန့်ဖြူးခြင်းဆိုင်ရာကိစ္စရပ်များ၊

                  (၁၁)   သို‌လှောင်ရုံရှိ ပစ္စည်းဝင်/ထွက်စာရင်းနှင့် လက်ကျန်စာရင်းများအား လယ်ဂျာစာရင်း၊ မှတ်တမ်းစာရင်းပြုစုထားရှိခြင်းဆိုင်ရာ ကိစ္စရပ်များ။