Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စီမံကိန်းရေးဆွဲရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာန

ညွှန်ကြားရေးမှူး(စီမံကိန်းရေးဆွဲရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာန)၏ လုပ်ငန်းတာဝန်များ

 

 

၁၃။      ညွှန်ကြားရေးမှူး (စီမံကိန်းရေးဆွဲရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာန)သည် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာနှင့်စီမံကိန်းရေးဆွဲရေး)ကို တာဝန်ခံ၍ စီမံကိန်းရေးဆွဲရေးဌာနခွဲနှင့် နိုင်ငံတကာဆက်ဆံရေးဌာနခွဲတို့အား ကြီးကြပ်ဆောင်ရွက်မည် ဖြစ်ပါသည်။ အဆိုပါ ဌာနခွဲ (၂)ခု၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဖော်ပြပါသည်-

(ကစီမံကိန်းရေးဆွဲရေးဌာနခွဲ

                   (၁)   ဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များ၊ မဟာဗျူဟာများရေးဆွဲခြင်း၊

                   (၂)   ဦးစီးဌာနမှ ဆောင်ရွက်မည့် ကာလတို/ ကာလရှည် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများအား ရေးဆွဲဆောင်ရွက်ခြင်း၊

                   (၃)   ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများမှ အဆိုပြုတင်ပြလာသည့် ကျေးလက် ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများအား စိစစ်ခြင်း၊ ညှိနှိုင်းရေးဆွဲခြင်း၊

                   (၄)   နိုင်ငံတော်နှင့် အထက်အဖွဲ့အစည်းများ၏ လမ်းညွှန်ချက်အရ အထူးစီမံကိန်း များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

                   (၅)   ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရန် ပြည်တွင်း၊ ပြည်ပအထောက်အပံ့ရရှိရေး၊ ငွေချေးငှားခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

                   (၆)   ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အချက်အလက်များ ကောက်ယူ ခြင်း၊ တွေ့ရှိချက်များအားအစီရင်ခံစာပြုစုတင်ပြခြင်း၊

                       (၇)   ကျေးလက်ဦးစီးဌာနမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်သည့်  ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ၏ လစဉ်ပြန်တမ်းများနှင့် သုံးလပတ်အစီရင်ခံစာများ၊ နိုင်ငံတကာ                                         အကူအညီ/ ချေးငွေ/ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများ၏ အစီရင်ခံစာများပြုစုတင်ပြခြင်း

                   (၈)   ကျေးလက်ဦးစီးဌာနမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်သည့်  ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်ခြင်း၊

                   (၉)   အခါအား‌လျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ခြင်း။

 

           ( )   နိုင်ငံတကာဆက်ဆံရေးဌာနခွဲ

                   (၁)   ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းများနှင့်စပ်လျဉ်း၍ ပြည်ပဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

                   (၂)   ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး နှစ်ဘက်သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းကိစ္စရပ်များ ဆောင်ရွက်ခြင်း။

                   (၃)   ဦးစီးဌာနနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ နိုင်ငံခြားသားများ၊ နိုင်ငံခြားသားစီမံကိန်း ဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာနှင့် ပြည်တွင်း                              နေထိုင်ခွင့်ကိစ္စရပ်များ၊ ပြည်တွင်းခရီးစဉ်လုံခြုံရေး ကိစ္စရပ်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ စီစဉ်ဆောင်ရွက်ခြင်း၊

                   (၄)  နိုင်ငံတကာအကူအညီ/ ချေးငွေ/ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ အဆင်ပြေ ချောမွေ့စွာ  အကောင်                                    အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများနှင့်                                   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

                   (၅)   နိုင်ငံတကာ အကူအညီ/ချေးငွေ/ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းများအား ကြီးကြပ် ကွပ်ကဲခြင်း၊ အုပ်ချုပ်မှု                                 ကိစ္စ ရပ်များဆောင်ရွက်ခြင်း၊

                   (၆)   နိုင်ငံတော်မှ ခွဲဝေပေးသည့် ပညာတော်သင်ဆုများ၊ လေ့လာရေးခရီးစဉ်များ စသည့်ကိစ္စရပ်များကို ဦးစီးဌာနမှ ဝန်ထမ်းများပြည်ပသို့ စေလွှတ်တက်ရောက်နိုင်ရေး                                                    ဆောင်ရွက်ခြင်း၊

                   (၇)   ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဖိတ်ကြားလာသည့် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေးနှင့်သင်တန်းများသို့ ဦးစီးဌာနမှ                                                       ဝန်ထမ်းများ   စေလွှတ်တက်ရောက်နိုင်ရေးဆောင်ရွက်ခြင်း၊

                   (၈)   အာဆီယံ၊ GMS / BIMSTEC အပါအဝင် ဒေသတွင်း နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း                             များကို  တာဝန်ယူဆောင်ရွက်ခြင်း။

                   (၉)   နိုင်ငံတကာအကူအညီ/ ချေးငွေ/ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ၏ လစဉ် ပြန်တမ်းများ၊ သုံးလပတ်                                     အစီရင်ခံစာများပြုစုတင်ပြခြင်း၊

                   (၁၀) အခါအား‌လျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ခြင်း။