Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စိစစ်အကဲဖြတ်ရေးနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဌာန

ညွှန်ကြားရေးမှူး (စိစစ်အကဲဖြတ်ရေးနှင့် သတင်းအချက်အလက်ဌာန)၏ လုပ်ငန်းတာဝန်များ

၁၅။      ညွှန်ကြားရေးမှူး (စိစစ်အကဲဖြတ်ရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဌာန) သည် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (စိစစ်အကဲဖြတ်ရေးနှင့် ရေရရှိရေး)အား တာဝန်ခံ၍ စိစစ်အကဲဖြတ်ရေးနှင့်သတင်းအချက်အလက် ဌာနခွဲတို့အား ကြီးကြပ်ဆောင်ရွက် မည်ဖြစ်ပါသည်။ အဆိုပါ ဌာနခွဲ (၂)ခု၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဖော်ပြပါသည် -

        (ကစိစစ်အကဲဖြတ်ရေးနှင့်သတင်းအချက်အလက်ဌာနခွဲ

                 (၁)    မိမိဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ ချိတ်ဆက်သော Monitoring & Evaluation စနစ်ဖြစ်ပေါ်လာစေရေး ဆောင်ရွက်ရန်၊

                 (၂)    နိုင်ငံတော်နှင့် အထက်အဖွဲ့အစည်းများ၏ လမ်းညွှန်ချက်အရ အကောင် အထည်ဖော်ဆောင်ရွက်သည့် အထူးစီမံကိန်းများ၊ နိုင်ငံတကာ အကူအညီ/ ချေးငွေ/ ပြည်တွင်းပြည်ပ အဖွဲ့                               အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် သည့် လုပ်ငန်းများကို စောင့်ကြည့်စစ်ဆေးရန် အစီရင်ခံစာ                               ထုတ်ပြန်ခြင်း၊

                 (၃)    ဌာန၏ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နည်းပညာ၊ နည်းစဉ်များ အသုံးချသော ချဉ်းကပ်မှုကို အသုံးပြု၍ အထောက်အကူပြု ဆောင်ရွက်ရန်၊

                 (၄)    ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းကို တိကျခိုင်မာ သည့် ရလဒ်များ ဖော်ထုတ်နိုင်ရန်နှင့် မူဝါဒရေးရာ အကြံပြုနိုင်ရန် အကဲဖြတ် ဆန်းစစ်ချက်နှင့်                                           သုတေသန  စစ်တမ်းများကောက်ယူခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ စိစစ်အကဲဖြတ်ခြင်း၊ အစီရင်ခံစာထုတ်ပြန်ခြင်း၊ အကြံပြုတင်ပြခြင်း၊ အဖွဲ့အစည်း ဆိုင်ရာ လုပ်ငန်းစဉ်များ                                               တည်ဆောက်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး အတွက် ဝန်ထမ်းများကို ရှင်းလင်းတိကျစွာ လုပ်ငန်းတာဝန်ခွဲဝေချထား နိုင်ရန် အကြံပြုတင်ပြခြင်း၊

                 (၅)    ဦးစီးဌာန၏ စနစ်ကျသောအစီရင်ခံစာပုံစံ၊ လုပ်ငန်းတိုးတက်မှု လိုအပ်သည့် အချက်အလက်များ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းစဉ် များကို အလွယ်တကူ သိရှိနိုင်                            ရန်အတွက် လမ်းညွှန်ချက်များ၊ လုပ်ငန်းစဉ် စောင့်ကြည့်စစ်ဆေးခြင်း၊ လက်စွဲစာအုပ်များဖြန့်ဝေခြင်း၊

                 (၆)    ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော စီမံကိန်း/စီမံချက်များကို စောင့်ကြည့်စစ်ဆေးအကဲဖြတ်ခြင်း၊ အစီရင်ခံစာထုတ်ပြန်ခြင်း၊ လိုအပ်ချက်များ ထုတ်ပြန်ခြင်း၊                                      သတ်မှတ်ချက်၊ သတ်မှတ်ချိန်၊ သတ်မှတ်အရည်အသွေးရရှိစေ ခြင်းနှင့် မှတ်တမ်းမှတ်ရာ ပြည့်စုံအောင် အကြံပြုတင်ပြခြင်း၊

                 (၇)    Base Line အချက်အလက်များ ကောက်ယူခြင်း၊ ငွေစာရင်း၊ နည်းပညာများ အပါအဝင် Evaluation (Audit)များ ဆောင်ရွက်ရာတွင် တတိယအဖွဲ့အစည်းများ (Third Party)၊                                        အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ တက္ကသိုလ်များဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

                 (၈)    Management Information System (MIS) အဖွဲ့များဖြင့် ပူးပေါင်း ဆောင်ရွက်၍ အချက်အလက်များရရှိစေရန် ပူးပေါင်းဆောင်ရွက်ခြင်း၊

                 (၉)    မိမိဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ ချိတ်ဆက်သော Management Information System (MIS) စနစ်ဖြစ်ပေါ်လာစေရေးဆောင်ရွက်ရန်၊ ရရှိလာချိန်တွင် ထိန်းသိမ်း                                        ဆောင်ရွက်ရန်၊ အချက်အလက်များကို အချိန်မီ ဖြည့်သွင်းခြင်း စနစ်ဖြင့် လည်ပတ်စေရေး ဆောင်ရွက်ခြင်း၊ ထိန်းသိမ်းခြင်း၊

                 (၁၀)  ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်မည့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ၊ စီမံကိန်းများ၏ အချက်အလက်များ စုဆောင်းခြင်း၊ ကောက်ယူခြင်း၊ စီမံကိန်း စီမံခန့်ခွဲမှု သတင်း                                အချက်အလက်စနစ်ထဲသို့ အချက်အလက်များ ထည့်သွင်းရာတွင် တိကျမှန်ကန်မှု ရှိ/ မရှိ ကူညီကြီးကြပ်ပေးခြင်း၊ အစီရင်ခံစာများ ပြုလုပ် ရာတွင် MIS/ GIS နည်းပညာ ပေါင်းစပ်                                  အသုံးချနိုင်ရေး ဆောင်ရွက်ရန် ပြည့်စုံမှန်ကန်သော MIS/ GIS အချက်အလက်များ ရရှိစေခြင်း၊

                 (၁၁)  ကျေးလက်ဦးစီးဌာနရုံးများ၏ လစဉ်ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ လုပ်ငန်း များအား နည်းပညာအသုံးပြု၍ စောင့်ကြည့်စစ်ဆေး မှတ်တမ်းတင်ခြင်း၊ အစီရင်ခံစာပြုလုပ်၍ ပံ့ပိုးပေး                              ခြင်း၊

                 (၁၂)  Geographic Information System(GIS)၊ Remote Sensing(RS)၊ Computer-aided Design(CAD) နည်းပညာများဖြင့် အသုံးပြု၍ Decision Support ဖြစ်စေရန် Special                                          Planning   များ ဆောင်ရွက်ခြင်း၊ အခြားအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်း၊ Thematic Mapping များဖြင့် အစီရင်ခံစာများ ဆောင်ရွက်ခြင်း၊

                 (၁၃)  မိမိဝန်ထမ်းများကို အချက်အလက်နည်းပညာ(MIS/ GIS/ RS) အသိပညာများ၊ နည်းပညာများ ပို့ချခြင်း၊ Monitoring, Evaluation များ ပြုလုပ်နိုင်စေရန် အသိပညာများ၊ နည်းပညာ                              များ သင်ကြားပို့ချခြင်း၊

                 (၁၄)  ပြည်ပတိုက်ခိုက်မှုများ (Cyber Attack)အတွက် ခုခံကာကွယ်မှုစနစ် တည်ထောင် ခြင်း၊ အမြဲမပြတ်စောင့်ကြည့်ခြင်း၊ တိုက်ခိုက်ခံရချိန်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့်                                        ပေါင်းစပ်၍ ခုခံကာကွယ်ခြင်း၊ အရံစနစ်ထားရှိခြင်း၊ တိုက်ခိုက်ခံရပါက အရံစနစ်ကို ချက်ချင်းအသက်ဝင်နိုင်စေရန် ဆောင်ရွက်ခြင်း၊

                 (၁၅)  Management Information System (MIS) စနစ်အတွက် Database အသစ်များအတွက် အချက်အလက်များ ကွင်းဆင်းကောက်ယူခြင်း၊ အချက် အလက်မှန်ကန်တိကျမှု ရှိ/မရှိ                                    ကွင်း ဆင်းတိုင်းတာစစ်ဆေးခြင်း၊ အချက်အလက် ကောက်ယူခြင်းနှင့် တိကျမှုတိုက်ဆိုင်စစ်ဆေးခြင်း၊ Database ပြုပြင်ထိန်းသိမ်းနည်း သင်တန်းများပို့ချခြင်း၊ အခါအားလျော်စွာ                                  ပြောင်းလဲသွားသော Monitoring Result Framework များနှင့်အညီ MIS စနစ်ကို ပြုပြင်ခြင်း၊ ပြုပြင်ပြီး  MIS များကို မိမိဝန်ထမ်းများနှင့် အသုံးပြုသူများ အချိန်နှင့်တပြေးညီ သိရှိစေ                            ရေးအတွက် သင်ကြားပို့ချထုတ်ပြန်ပေးခြင်းတို့ ဆောင်ရွက်ခြင်း၊

                 (၁၆)  အခါအား‌လျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ခြင်း။

       ( )   အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ

                 (၁)    စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်ပစ္စည်းများအား လက်ရှိအသုံးပြုနေသော လမ်းများနှင့် စျေးကွက်ပေါ်သို့ ကုန်ကျစရိတ်အနည်းဆုံးဖြင့် လွယ်ကူ လျင်မြန်စွာ ရောက်ရှိနိုင်စေရေး                                  အတွက် ကျေးလက်လယ်ယာ ကုန်ထုတ် လမ်းသွယ်များနှင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြင့်မားစေရေး အတွက် အခြေခံအဆောက်အအုံများအား အကောင်အထည်ဖော်                                ဆောင်ရွက် ပေးခြင်း၊

                 (၂)    ကျေးလက် ကုန်ထုတ်လမ်းများနှင့် လူမှုအခြေခံအဆောက်အအုံများအား နှစ်အလိုက် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်များဖြင့် လျာထားဆောင်ရွက်နိုင်ရေး စိစစ်                               ဆောင်ရွက်ခြင်းနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေတင်ပြဆောင်ရွက်ခြင်း၊

                 (၃)    လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျေးလက်ကုန်ထုတ် လမ်းသွယ်များအား ကုန်ထုတ်လမ်းလက်စွဲပါ သတ်မှတ်ချက်များနှင့်အညီ အကောင်အထည်ဖော်                                        ဆောင်ရွက်သွားရန်နှင့် စီမံကိန်းလုပ်ငန်းများ၏ အခြေခံ အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာ စီမံကိန်း များ၏ လက်စွဲပါအတိုင်း ဆောင်ရွက်နိုင်ရေး                                    ကြီးကြပ်ဆောင်ရွက်ခြင်း၊

                 (၄)    ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကျေးလက်ကုန်ထုတ်လမ်းနှင့် လူမှု အခြေခံအဆောက်အအုံများ၏ ခန့်မှန်းခြေစာရင်းများအား တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီသို့                             တင်ပြအစစ်ဆေးခံနိုင်ရန် ကြီးကြပ်ဆောင်ရွက်ခြင်း၊

                 (၅)    ဦးစီးဌာနရှိ ဝန်ထမ်းများအား ကျေးလက်ကုန်ထုတ်လမ်းသွယ်နှင့် အခြေခံ အဆောက်အအုံများဆောင်ရွက်ရာတွင် လိုအပ်သော နည်းပညာပိုင်းဆိုင်ရာ သင်တန်းများပေးခြင်းနှင့်                                    လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကျေးလက်နေပြည်သူများအား  သင်တန်းပေးခြင်းများ ဆောင်ရွက်ခြင်း၊

                 (၆)    ကျေးလက်ကုန်ထုတ်လမ်းသွယ်များနှင့် အခြေခံအဆောက်အအုံများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်မှုမရှိစေ                                ရေး  ကြပ်မတ်ဆောင်ရွက်ခြင်း။

                 (၇)    ကျေးလက်ကုန်ထုတ်လမ်းသွယ်များနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများအား ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေး၊ ကျေးလက်နေပြည်သူ များ၏ လိုအပ်ချက်နှင့်ကိုက်ညီ                                သော လုပ်ငန်းများအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

                 (၈)    ကျေးလက်ကုန်ထုတ်လမ်းသွယ်များနှင့် အခြေခံအ​ဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများအား လျာထားချက်များအတိုင်း အရည်အသွေးပြည့်ဝစွာ အကောင် အထည်ဖော် ဆောင်ရွက်                              နိုင်စေရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်စေခြင်းနှင့် လုပ်ငန်းပြီးစီးမှု အစီရင်ခံစာများ တင်ပြခြင်း၊

                 (၉)    ကျေးလက်ကုန်ထုတ်လမ်းသွယ်များနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သော Designများ၊ ခန့်မှန်းခြေ စာရင်းများနှင့် Fesibility study                                  report များအား စိစစ်အတည်ပြုခြင်းများ ဆောင်ရွက်ခြင်း၊

                 (၁၀)  အခါအား‌လျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ခြင်း။