Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆင်းရဲမှုလျော့ချရေးနှင့်အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဌာန

ညွှန်ကြားရေးမှူး(ဆင်းရဲမှုလျော့ချရေးနှင့်အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဌာန)၏ လုပ်ငန်းတာဝန်များ

 

၁၄။    ညွှန်ကြားရေးမှူး (ဆင်းရဲမှုလျော့ချရေးနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဌာန)သည် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဘဏ္ဍာရေးနှင့်ဆင်းရဲမှုလျော့ချရေး)ကို တာဝန်ခံ၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဌာနခွဲနှင့် ဆင်းရဲမှုလျော့ချရေးဌာနခွဲ တို့အား ကြီးကြပ် ဆောင်ရွက်မည်ဖြစ်ပါသည်။ အဆိုပါဌာနခွဲ(၂)ခု၏ လုပ်ငန်း တာဝန်များ ကို ဆက်လက်ဖော်ပြပါမည်-

          (က)  အသက်မွေးဝမ်းကျောင်းအထောက်အကူဌာနခွဲ

                 (၁)    အသက်မွေးဝမ်းကျောင်း လုပ်ငန်းကဏ္ဍအလိုက် အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပို့ချမည့် ပင်မစီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်း၊

                 (၂)    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများမှ တင်ပြသော အသက် မွေးဝမ်းကျောင်း                                         အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ခြင်းဆိုင်ရာ စီမံချက် များ၊ လုပ်ငန်းအကောင်အထည်ဖော်မှုများအား စောင့်ကြည့်စစ်ဆေးခြင်း၊ အစီရင် ခံစာများစုစည်းခြင်း၊ စိစစ်                                        သုံးသပ်ခြင်း၊

                 (၃)    အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်နိုင်ရန် ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေရရှိရေး သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း၊

                 (၄)    အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း၊

                 (၅)    ဒေသတွင်းနိုင်ငံများမှ ဆောင်ရွက်လျက်ရှိသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများအား လေ့လာ၍ မိမိနိုင်ငံနှင့်ကိုက်ညီသော အစီအမံများရေးဆွဲပြုစုခြင်း၊                                 သုတေသနစာတမ်းများ ပြုစုဖတ်ကြားခြင်း၊

                 (၆)    အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများနှင့် ဆက်စပ်သော အခြားအစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပညာရှင်အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခြင်း၊

                 (၇)    အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများဆိုင်ရာ မဟာဗျူဟာ အစီအစဉ်များနှင့် လုပ်ငန်းစီမံကိန်းများ ရေးဆွဲရာတွင် ကူညီပံ့ပိုးဆောင်ရွက်ခြင်း၊

                 (၈)    ရေရှည်တည်တံ့ခိုင်မြဲစေမည့်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စေမည့်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး ချိတ်ဆက်ဆောင်ရွက် ပေးခြင်း၊

                 (၉)    နိုင်ငံတော်မှ အထူးအစီအစဉ်ဖြင့် ဆောင်ရွက်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများတွင် ဝန်ကြီးဌာနမှပေးအပ်သော လုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း၊

                 (၁၀)  ဦးစီးဌာန၏ (၃)လပတ်အစီရင်ခံစာ၊ (၆)လပတ်အစီရင်ခံစာ၊ နှစ်ပတ်လည် အစီရင်ခံစာများ ပြုစုတင်ပြခြင်း၊

                 (၁၁)  ဦးစီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အစီရင်ခံခြင်း၊ မှတ်တမ်း ထိန်းသိမ်းခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

                 (၁၂)   ဥပဒေရေးရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

                 (၁၃)  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများနှင့် သက်ဆိုင်သော ပစ်စာ၊ တိုင်စာ၊ အသနားခံစာများနှင့် အခြားဌာနများမှ ပေးပို့လာသောသတင်းများ စာတည်းမှူးထံပေးစာများကို                            အရေးယူဆောင်ရွက်ခြင်း၊

                 (၁၄)  အခါအား‌လျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ခြင်း။

 

 

          ( ) ဆင်းရဲမှုလျော့ချရေးဌာနခွဲ

  1.  နိုင်ငံတော်မှရေးဆွဲထားသည့် ဆင်းရဲမှုလျော့ချရေး မဟာဗျူဟာများ၊ အစီ အစဉ် များ၊ စီမံကိန်းများတွင် ပါဝင်ကူညီပံ့ပိုးဆောင်ရွက်ခြင်း၊
  2.  နိုင်ငံတော်မှ အထူးအစီအစဉ်ဖြင့် ဆောင်ရွက်သော ဆင်းရဲမှုလျော့ချရေး လုပ်ငန်းအစီအစဉ်များတွင် အထောက်အကူပြုဆောင်ရွက်ခြင်း၊
  3.  ဆင်းရဲမှုလျော့ချရေးနှင့် စပ်လျဉ်းသည့် စာရင်းအင်းအချက်အလက်များ ကောက်ခံ စုစည်းရာတွင် အထောက်အကူပြုဆောင်ရွက်ခြင်း၊
  4.  ဆင်းရဲမှုလျော့ချရေးဆိုင်ရာ လုပ်ငန်းများနှင့် ဆက်စပ်သော အစိုးရဌာန၊ အဖွဲ့ အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
  5.  ကျေးလက်ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့်  ကျေးရွာဖွံ့ဖြိုးရေး စီမံချက် ရေးဆွဲခြင်း စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်စစ်ဆေး ခြင်းနှင့်          အစီရင်ခံတင်ပြခြင်း၊
  6.   ကျေးလက်ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သည့် အရင်းမပျောက်မတည် ရန်ပုံငွေထူထောင်ခြင်း စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့် စစ်ဆေးခြင်း    နှင့် အစီရင်ခံ တင်ပြခြင်း၊    
  7.   ကျေးရွာများ၏ လူမှုစီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်  အထောက်အကူပြု ဆောင်ရွက်ခြင်း၊
  8.   အခါအား‌လျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ခြင်း။