Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဘဏ္ဍာရေးဌာန

ညွှန်ကြားရေးမှူး (ဘဏ္ဍာရေးဌာန) ၏ လုပ်ငန်းတာဝန်များ

၁၂။     ညွှန်ကြားရေးမှူး(ဘဏ္ဍာရေးဌာန)သည် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဘဏ္ဍာရေးနှင့် ဆင်းရဲမှုလျှော့ချရေး)ကို တာဝန်ခံ၍ ရသုံးမှန်းခြေဌာနခွဲ၊ စာရင်းစိစစ်ရေးနှင့် စာရင်းပြုစုရေးဌာနခွဲ(ပြည်တွင်း)နှင့် စာရင်းစိစစ်ရေးနှင့် စာရင်းပြုစုရေးဌာနခွဲ (နိုင်ငံတကာ) တို့အား ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ပါသည်။ အဆိုပါဌာနခွဲ (၃)ခု၏ တာဝန်များကို ဆက်လက် ဖော်ပြပါသည်-

          (က) ရသုံးမှန်းခြေဌာနခွဲ

                 (၁)   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)၏ ရသုံးမှန်းခြေငွေစာရင်း ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ရေးဆွဲဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနသို့ အတည် ပြု

ချက်ရရှိရန်တင်ပြခြင်း၊ ခွင့်ပြုချက်ပေးခြင်း၊

                 (၂)    ဦးစီးဌာန၏ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊  နောက်ဆက်တွဲခွင့်ပြုငွေတောင်းခံ ခြင်း၊ ပိုလျှံ‌ငွေ ပြန်အပ်ခြင်းတို့ကို တည်ဆဲညွှန်ကြားချက်များနှင့်အညီ လိုက် နာ‌ ဆောင်ရွက်ခြင်း၊

                 (၃)    ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ငန်းများအလိုက် ဘဏ္ဍာ‌ငွေရရှိမှု၊ သုံးစွဲမှုအခြေအနေများ စစ်ဆေးခြင်း၊

                 (၄)    ဦးစီးဌာန၏ စီမံကိန်းအကောင်အထည်ဖော်မှု စာရင်းများပြုစု၍ စီမံကိန်း နှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ ‌ပေးပို့ခြင်း၊

                 (၅)    ဦးစီးဌာနအတွင်း ဌာနအလိုက်‌ရငွေနှင့် အသုံးစရိတ်များအား စိစစ်ခြင်း ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

                 (၆)   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ငွေလုံးငွေရင်းနှင့် ထောက်ပံ့ အသုံးစရိတ်တွင်ခွင့်ပြုသည့်လုပ်ငန်းများအတွက်တင်ဒါစနစ်ဖြင့်လည်းကောင်း၊ လုပ်ငန်းအပ်စနစ်ဖြင့်                              လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်၊ မြို့နယ် များသို့ တာ၀န်ပေး ဆောင်ရွက်စေခြင်းဖြင့် လည်းကောင်း၊ ဆောင်ရွက်သည့် လုပ်ငန်းများအား အရစ်ကျထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်ခြင်း၊

                 (၇)    တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အဖွဲ့များ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲရေး ကိစ္စရပ်များ ၊ ဖြည့်စွက်ရန်ပုံငွေ ကိစ္စရပ်များ၊ ငွေစာရင်း ခေါင်စဉ်လွှဲပြောင်း သုံးစွဲ                              ရေးကိစ္စရပ်များ စိစစ်ဆောင်ရွက်ခြင်း၊

                 (၈)    ဦးစီးဌာန ရသုံးမှန်းခြေငွေစာရင်းများ ရရှိသုံးစွဲမှုအား စာရင်းစစ်ဆေးမှုခံယူခြင်း၊

                 (၉)    အခါအားလျော်စွာ မြို့နယ်အဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်ရသည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ                                မြန်မာ့စီးပွား‌ရေးဘဏ်၊ အခြားဘဏ်များနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊

                 (၁၀) NGOs/INGOs အဖွဲ့အစည်းများမှ စီမံကိန်းလုပ်ငန်းများ ရရှိငွေများအား ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းကာလအလိုက် ရရှိ၊ သုံးစွဲမှု ရှင်းတမ်းများ ရေးဆွဲခြင်း၊

                 (၁၁)  စီမံကိန်းအလိုက် တိုးတက်မှုဖော်ပြသော လချုပ်၊ ၃ လပတ်၊ ၆ လပတ်၊ နှစ်ချုပ် စာရင်းများအား ပြုစုရေးဆွဲခြင်း၊

                 (၁၂)  World Bank၊ JICA စသည့် ပြည်ပအဖွဲ့အစည်းများ၏ ငွေသား၊ စက်ပစ္စည်း၊ နည်းပညာအကူအညီများရရှိရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်း                             ဦးစီးဌာန၊ ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေး ဘဏ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့နှင့် ညှိနှိုင်းဆက်သွယ် ဆောင်ရွက် ခြင်း၊ Financial Manangement အခြေအနေများ ရှင်းလင်း  ဆွေးနွေးခြင်း၊

                 (၁၃)  ဦးစီးဌာန၏ နိုင်ငံခြားသုံးငွေ ခွင့်ပြုမိန့်တောင်းခံခြင်း၊

                 (၁၄)  ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ် /ခရိုင်/ မြို့နယ်အဆင့် အဖွဲ့ များတွင် ပြည်ပအကူအညီဖြင့်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် စာရင်း ဇယား၊ လချုပ်၊                                            နှစ်ချုပ်စာရင်းများနှင့် ပတ်သက်၍ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊

                 (၁၅)  အခါအား‌လျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ခြင်း။

 

        ( စာရင်းစိစစ်ရေးနှင့်စာရင်းပြုစုရေးဌာနခွဲ(ပြည်တွင်း)

                 (၁)    တိုင်းဒေသကြီး/ ပြည်နယ်များမှ စုစည်း၍ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်၊ မြို့နယ်များ၏ လစဉ် လချုပ်စာရင်းများ စိစစ်ဆောင်ရွက်ခြင်း၊

                 (၂)    တိုင်းဒေသကြီး/ ပြည်နယ်များမှ လချုပ်စာရင်းများအား ဘဏ်စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေး၍စရစာရင်းရေးဆွဲပြီးလစဉ်ငွေတိုက်ဦးစီးဌာနသို့ အရောက် ပေးပို့နိုင်ရန် စိစစ်                                     ဆောင်ရွက်ခြင်း၊

                 (၃)    ဦးစီးဌာန၏ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ နောက်ဆက်တွဲခွင့်ပြုငွေ တောင်းခံ ခြင်း၊ ပိုလျှံငွေပြန်အပ်ခြင်းတို့ကို တည်ဆဲညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း၊

                 (၄)    ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအလိုက် ဘဏ္ဍာငွေရရှိမှု၊ သုံးစွဲမှု အခြေ အနေများ စိစစ်ခြင်း၊

                 (၅)    ဦးစီးဌာန၏ စီမံကိန်းအကောင်အထည်ဖော်မှုစာရင်းများပြုစု၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပေးပို့နိုင်ရေးစာရင်းများပြုစုခြင်း၊

                 (၆)    ဦးစီးဌာန၏ ဘဏ္ဍာရေးနှစ်အလိုက် သုံးလပတ်၊ လေးလပတ်နှင့် ခြောက်လပတ် ရငွေ၊ သုံးငွေစာရင်းများ ပြုစုခြင်း၊

                 (၇)    တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အဖွဲ့များ၏ ရသုံးခန့်မှန်း ခြေငွေစာရင်းရေးဆွဲရေးကိစ္စရပ်များ၊ ဖြည့်စွက်ရန်ပုံငွေ ကိစ္စရပ်များ၊ ငွေစာရင်း ခေါင်းစဉ်လွှဲပြောင်းသုံးစွဲ                                ရေးကိစ္စရပ်များ စိစစ်ဆောင်ရွက်ခြင်း၊

                 (၈)    ဦးစီးဌာန ရသုံးမှန်းခြေငွေစာရင်းများ ရရှိသုံးစွဲမှုအား စာရင်းစစ်ဆေးမှု ခံယူခြင်း၊

                 (၉)    တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အဖွဲ့များ၏လချုပ်စာရင်း၊ နှစ်ချုပ် စာရင်းများ စိစစ်ဆောင်ရွက်ခြင်း၊

                 (၁၀)  တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်များ၏ လချုပ်စာရင်းများ အောက်တိုဘာလမှ စက်တင်ဘာလအထိ လချုပ်စာရင်းများကို စိစစ်၍ ငွေထုတ်ကန့်သတ်ချက် နှင့်အညီ ငွေစာရင်း                            ခေါင်းစဉ်အလိုက် တိုးတက်မှုမှန်ကန်ရေး စိစစ်ဆောင်ရွက်ခြင်း၊

                 (၁၁)  ငွေတိုက်ဦးစီးဌာနသို့လစဉ် ပေးပို့ခဲ့သည့် အောက်တိုဘာလမှ စက်တင်ဘာလ အထိ စာရင်းများကို စိစစ်၍ လိုအပ်ချက်များ ဖြစ်ပေါ်လာပါက စက်တင်ဘာ (အပြီးသတ်) ပေးပို့နိုင်ရန်                            စိစစ် ဆောင်ရွက်ခြင်း၊

                 (၁၂)  အခါအား‌လျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ခြင်း။

 

        ( စာရင်းစိစစ်ရေးနှင့်စာရင်းပြုစုရေးဌာနခွဲ(နိုင်ငံတကာ)။              နိုင်ငံတကာချေးငွေ/ ထောက်ပံ့ငွေဖြင့်ဆောင်ရွက်သည့် စီမံကိန်းများနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ရန်-

                 (၁)    တိုင်းဒေသကြီး/ ပြည်နယ်များမှ စုစည်း၍ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်၊ မြို့နယ်များ၏ လစဉ် လချုပ်စာရင်းများ စိစစ်ဆောင်ရွက်ခြင်း၊

                 (၂)    စီမံကိန်း၏ မူလခွင့်ပြုငွေများ၊ နောက်ဆက်တွဲခွင့်ပြုငွေများ တောင်းခံခြင်း၊ ပိုလျှံငွေပြန်အပ်ခြင်းတို့ကို တည်ဆဲ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း၊

                 (၃)    ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းများအလိုက် ဘဏ္ဍာငွေရရှိမှု၊ သုံးစွဲမှု အခြေအနေများ စစ်ဆေးခြင်း၊

                 (၄)    စီမံကိန်းအကောင်အထည်ဖော်မှု စာရင်းများပြုစု၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ ပေးပို့နိုင်ရေးစာရင်းများပြုစုခြင်း၊

                 (၅)    ဘဏ္ဍာရေးနှစ်အလိုက် သုံးလပတ်၊ လေးလပတ်နှင့် ခြောက်လပတ် ရငွေ၊ သုံးငွေစာရင်းများ ပြုစုခြင်း၊

                 (၆)    ဦးစီးဌာန ရသုံးမှန်းခြေငွေစာရင်းများ ရရှိသုံးစွဲမှုအား စာရင်းစစ်ဆေးမှုခံယူခြင်း၊

                 (၇)    တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်အဆင့်အဖွဲ့များ၏ လချုပ်စာရင်း၊ နှစ်ချုပ် စာရင်းများ စိစစ်ဆောင်ရွက်ခြင်း၊

                 (၈)    ငွေတိုက်ဦးစီးဌာနသို့လစဉ် ပေးပို့ခဲ့သည့် အောက်တိုဘာလမှ စက်တင်ဘာလ အထိ စာရင်းများကို စိစစ်၍ လိုအပ်ချက်များ ဖြစ်ပေါ်လာပါက စက်တင်ဘာ (အပြီးသတ်) ပေးပို့နိုင်ရန်                            စိစစ်ဆောင်ရွက်ခြင်း၊

                 (၉)    ပြည်ပ အကူအညီရငွေ၊ ပြည်ပချေးငွေများ သီးခြားနှစ်ချုပ်စာရင်းများ ရေးဆွဲ ခြင်း၊ စာရင်းစစ်ဆေးမှုခံယူခြင်း၊

                 (၁၀)  ပြည်ပ အဖွဲ့အစည်းများက လှူဒါန်းသည့်‌ ငွေများအား လက်ခံခြင်း၊  ပြုစု ထိန်းသိမ်းခြင်း၊ ခွဲဝေပေးခြင်း၊

                 (၁၁)  ပြည်ပ အဖွဲ့အစည်းများက လှူဒါန်းသည့်‌ ငွေများနှင့်ပတ်သက်၍ စာရင်း ဖွင့်လှစ်ရေး၊ နှစ်ဖက်သွင်း စာရင်းစနစ်ဖြင့် စာရင်း‌ပြုစုရေးဆွဲရေး ဆောင်ရွက် ခြင်း၊

                 (၁၂)  နိုင်ငံတကာ အဖွဲ့အစည်းများအနေနှင့် ပြည်ထောင်စုအဆင့်နှင့် ကျေးလက် အဆင့်တို့တွင် ဆောင်ရွက်ရမည့် ဘဏ္ဍာရေးဆိုင်ရာ စာရင်းဇယားများ ပြုစုပေးခြင်း၊

                 (၁၃)  ပြည်ပ အဖွဲ့အစည်းလှူဒါန်းငွေများနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှစ် အလိုက် စီမံကိန်းကာလအလိုက် ရရှိ၊ သုံးစွဲမှုစာရင်းများ ပြုစုရေးဆွဲနိုင်ရန်အတွက် ကွင်းဆင်း ဆောင်ရွက်ပေးခြင်း၊

                 (၁၄)  ပြည်ပချေးငွေများ အချိန်နှင့်တပြေးညီ ရရှိသုံးစွဲမှု အခြေအနေများ စာရင်း ပြုစုခြင်း၊ ဝန်ကြီးဌာနသို့ တင်ပြခြင်း၊

                 (၁၅)  အခါအား‌လျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ခြင်း။