Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ရေရရှိရေးဌာန

ညွှန်ကြားရေးမှူး( ကျေးလက်ရေရရှိရေးဌာန)၏ လုပ်ငန်းတာဝန်များ

၁၆။    ညွှန်ကြား‌ရေးမှူး(ကျေးလက်ရေရရှိရေးဌာန)သည် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စိစစ်အကဲဖြတ်ရေးနှင့်ရေရရှိရေး)ကို တာဝန်ခံ၍ ကျေးလက်ရေရရှိရေးဌာနခွဲ၊ မြေအောက်ရေ အသုံးချရေးဌာနခွဲနှင့် စီမံကိန်းနှင့်သုတေသနဒီဇိုင်းဌာနခွဲတို့အား ကြီးကြပ်ဆောင်ရွက်မည် ဖြစ်ပါသည်။ အဆိုပါ ဌာနခွဲ(၃)ခု၏ လုပ်ငန်းတာဝန်များကို ဆက်လက်‌ဖော်ပြပါသည်-

          (က) ကျေးလက်ရေရရှိရေးဌာနခွဲ

                 (၁)    သန့်ရှင်းသောသောက်သုံးရေ ရှားပါးသောဒေသများတွင် ရေရရှိရေးနည်းလမ်း များ ရှာဖွေခြင်း၊  ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊

                 (၂)    သက်ဆိုင်ရာတိုင်းဒေသကြီးအလိုက် ရေရရှိနိုင်သည့် နည်းလမ်းများအပေါ် အခြေခံ၍ ဘတ်ဂျက်နှစ်အလိုက် ရေရရှိရေးလုပ်ငန်းများ လျာထားခြင်း၊ ခန့်မှန်းခြေစာရင်းများ ရေးဆွဲခြင်း၊                             စိစစ်ခြင်း၊

       (၃)    စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းများ၏ ရေထွက်ပင်ရင်း သေချာမှုရှိစေရန် အတွက် (တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဦးစီး) ကွင်းဆင်းစစ်ဆေး ဆောင်ရွက် စေခြင်းနှင့် ရေရောက်ရှိမှု                        သေချာစေရန် ကွင်းဆင်းစစ်ဆေးမှုမှ ရရှိလာသော အချက်အလက်များပေါ်မူတည်၍ စစ်ဆေးဆောင်ရွက်ပေးခြင်း၊

                 (၄)    ကျေးလက်ရေရရှိရေးလုပ်ငန်းများအား ကာလတို/ကာလရှည် စီမံကိန်းများ ရေးဆွဲခြင်း၊ စိစစ်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊

                 (၅)    ဇလဘူမိဗေဒဆိုင်ရာ အချက်အလက်များကို အခြေခံ၍ စမ်းသပ်တွင်းများ၊ ထုတ်လုပ်ရေးတွင်းများ တူးဖော်ခြင်း၊

                 (၆)    တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်သော ကျေးလက်ရေရရှိရေး လုပ်ငန်းများအား အခြားဝန်ကြီးဌာနများ၊ UN အဖွဲ့အစည်းများ၊ NGO/INGO အဖွဲ့များမှ ဆောင်ရွက်ပြီး                                  ကျေးရွာများ၏ လုပ်ငန်းများနှင့် မထပ်စေရေး ကြပ်မတ် စိစစ်ခြင်း၊

                 (၇)    ဌာနမှ သတ်မှတ်ထားသည့် ကျေးလက်ရေပေးရေးစံနှုန်း သတ်မှတ်ချက်များ နှင့်အညီ ကိုက်ညီမှု ရှိ/မရှိ စိစစ်ခြင်း၊

                 (၈)    တစ်နိုင်ငံလုံးရှိ ကျေးလက်ဒေသများ သောက်သုံးရေဖူလုံရေးအတွက် စီမံချက် များရေးဆွဲပြီး နှစ်စဉ် နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေ၊ ပြင်ဆင်ထိန်းသိမ်းစရိတ် များရေးဆွဲ၍ နိုင်ငံတော်                              သို့   တင်ပြတောင်းခံပြီး အကောင်အထည်ဖော်သော ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

                 (၉)    ကျေးလက်ရေရရှိရေးဆိုင်ရာကိစ္စရပ်များအား အခြားဝန်ကြီးဌာန၊ ဦးစီးဌာန၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဖြင့် ပေါင်းစပ်ဆောင်ရွက်ခြင်း၊

                 (၁၀)  ပြည်တွင်း/ပြည်ပမှ နိုင်ငံတကာအကူအညီ၊ ချေးငွေ၊ အလှူငွေများ ရရှိပါက ကျေးလက်ဒေသရေရရှိရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ခြင်း ကိစ္စရပ်များ၊

                 (၁၁)  ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

                 (၁၂)  ဦးစီးဌာန (ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနများ၏ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု (၃)လပတ်၊                                   (၄)လ ပတ်၊ နှစ်ချုပ်အစီရင်ခံစာများ ပြုစုခြင်း၊ မှတ်တမ်း တင်ခြင်း၊

                 (၁၃)  ကျေးလက်ရေရရှိရေး စနစ်များ၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း၊ သုတေသနစာတမ်းများပြုစု ဖတ်ကြားခြင်း၊     

                 (၁၄)  သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများသို့ အရေးပေါ် သောက်သုံး ရေရရှိရေးနှင့် တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ခြင်းလုပ်ငန်း များအား ဆောင်ရွက်ပေး                            ခြင်း၊

                 (၁၅)  သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများရှိ ပျက်စီးသွားသော ရေရရှိ ရေးလုပ်ငန်းများအား ပြန်လည်ပြုပြင်ခြင်း၊ ပိုမိုကောင်းမွန်အောင် ဆောင်ရွက် ပေးခြင်း၊

                 (၁၆)  ကျေးလက်ရေရရှိရေးဆိုင်ရာ နည်းပညာပေး သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊

                 (၁၇)  ကျေးလက်ရေရရှိရေးလုပ်ငန်းများအပေါ် စောင့်ကြည့်စစ်ဆေး အကဲဖြတ်ခြင်း ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်း၊

                 (၁၈)  တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးလက်ရေရရှိရေးလုပ် ငန်းများအား စောင့်                                ကြည့်စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင် ရွက်ခြင်း၊

                 (၁၉)  အခါအား‌လျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ခြင်း။

 

        ( ခ )  မြေအောက်ရေအသုံးချရေးဌာနခွဲ

                 (၁)    နိုင်ငံတစ်ဝှမ်းရှိ ဘူမိဗေဒ မြေအောက်ရေအနေအထားများ လေ့လာခြင်း၊

                 (၂)    ကျေးလက်ရေပေးရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် ရေအရင်းအမြစ်များရှာဖွေခြင်း၊ မြေအောက်ရေရရှိရေးအတွက် ဘူမိ ရူပတိုင်းတာခြင်း                                           (Geophysical Survey) ကဲ့သို့သော လုပ်ငန်းများအား ဆောင် ရွက်ခြင်း၊

                 (၃)    ရေအရင်းအမြစ်များရှာဖွေခြင်းနှင့် စက်ရေတွင်းများဆိုင်ရာ အချက်အလက်များ (Well Location, Well Log, Well Inventory)ပြုစုခြင်း၊

                 (၄)    ဇလဘူမိတိုင်းတာခြင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊

                 (၅)    လက်ရှိရေသုံးစွဲမှု အခြေအနေပြမြေပုံ၊ မြေအောက်ရေတည်နေရာပြ မြေပုံများ ပြုစုခြင်း၊

                 (၆)    ဆောင်ရွက်ထားရှိသော ကျေးလက်ရေရရှိရေးလုပ်ငန်းများ၏ သောက်သုံးရေ အရည်အသွေးစစ်ဆေးချက်များအား တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဦးစီး များမှ ရယူ၍ မှတ်တမ်း                              ထားရှိခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်း၊

                 (၇)    ဆောင်ရွက်ထားရှိသော ကျေးလက်ရေရရှိရေးလုပ်ငန်းများ၏ ရေအရည်အသွေး အား(National Drinking Water Quality Standard)အရ စမ်းသပ် စစ်ဆေးခြင်း၊

                 (၈)    ဓါတ်ခွဲစမ်းသပ်တွေ့ရှိချက်အရ အန္တရာယ်ဖြစ်စေနိုင်ပါက တားမြစ်ပိတ်ပင် ခြင်းနှင့် အန္တရာယ်ကင်းရှင်းရေး ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊

                 (၉)    သောက်သုံးရေအရည်အသွေး စမ်းသပ်စစ်ဆေးခြင်း ပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊

                 (၁၀)  သောက်သုံးရေ အရည်အသွေးနှင့် မြေအောက်ရေရရှိနိုင်မှု အခြေအနေအား စောင့်ကြည့် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

                 (၁၁)  အဖွဲ့ပိုင် တွင်းတူးစက်ကြီးများဖြင့် စီမံကိန်းစက်ရေတွင်းများ တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်း၊

                 (၁၂)  စက်ရေတွင်းနှင့် သင့်လျော်မည့်စက်များ ရွေးချယ်တပ်ဆင်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

                 (၁၃)  အဖွဲ့ပိုင်တွင်းတူးစက်ကြီးများ ရေရှည်တည်တံ့ခိုင်မြဲအောင် ပြင်ဆင်ထိန်းသိမ်း ခြင်းနှင့် လိုအပ်သည့် ဘတ်ဂျက်ရေးဆွဲတင်ပြခြင်း၊

                 (၁၄)  တွင်းတူးစက်ကြီးများ၏ လုပ်ငန်းသုံး ပစ္စည်းများ (လွန်ပိုက်၊ တွင်းကာပိုက်၊ တွင်းတူးလွန်သွား)ကို ပြည်တွင်း/ပြည်ပမှ ဝယ်ယူဖြည့်တင်းရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

                 (၁၅)  အခါအား‌လျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ခြင်း။

 

        ( ဂ )  စီမံကိန်းနှင့်သုတေသနဒီဇိုင်းဌာနခွဲ

                 (၁)    UN အဖွဲ့အစည်းများ၊ နိုင်ငံတကာဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျေးလက်ရေရရှိရေး စီမံကိန်းများရေးဆွဲခြင်း၊ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊

                 (၂)    ရေပေးရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ၍ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ခြင်း၊

                 (၃)    နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သော ရေပေးရေးစီမံကိန်းများအား စိစစ်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ မှတ်တမ်းပြုစုခြင်း၊ တိုးတက်မှု အစီရင်ခံစာ တင်ပြခြင်း၊

                 (၄)    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Focal တာဝန်ယူထားသော မြို့ရေပေးရေးစီမံကိန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

                 (၅)    နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သော ရေပေးရေးစီမံကိန်းများအပေါ်   စောင့်ကြည့်စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

                 (၆)    မြေအောက်ရေ၏ ရေအရည်အသွေးနှင့် ရေထိပ်အနိမ့်အမြင့်၊ ရာသီအလိုက် အပြောင်းအလဲများ စောင့်ကြည့်တွင်းများ တူးဖော်(Observation Well)ပြီး ရေအောင်းလွှာအခြေအနေအား                            လေ့လာသုတေသနပြုခြင်း၊

                 (၇)    ရေအောင်းလွှာအမျိုးမျိုးမှ ရေထုတ်ယူစမ်းသပ်ခြင်း (Pumping Test) ကို ဆောင်ရွက်ပြီး အဆိုပါရေအောင်းလွှာတစ်ခုချင်းစီ၏ သိုလှောင်ထားနိုင်မှု၊ ထုတ်ယူသုံးစွဲနိုင်မှု၊ Pump                                      Setting    အနေအထား၊ ရေလွှာနိမ့်ကျမှု(Draw Down)အခြေအနေများကို လေ့လာသုတေသနပြုခြင်း၊

                 (၈)    ရေငံဝင်ရောက်ရာ ပင်လယ်နှင့်ဆက်စပ်နေသော ဒေသများတွင် မြေအောက် ရေအောင်းလွှာအတွင်း ရေငံဝင်ရောက်မှုမရှိအောင် ကာကွယ်တားဆီးသည့် လုပ်ငန်းများ သုတေသနပြု                              ဆောင်ရွက်ခြင်း၊

                 (၉)    အပူပိုင်းဇုံဖြစ်သော သဲ၊ ချောင်း များသည့် ဒေသများတွင် မြေအောက်ရေကို သိုလှောင်ထားနိုင်သော မြေအောက်ဆည်(Underground Dum)များကို သုတေသနပြုဆောင်ရွက်ခြင်း၊

                 (၁၀)  မြေသားမိုးရေလှောင်ကန်များတွင် နွေရာသီကာလ ရေခမ်းခြောက်မှုမရှိအောင် နှင့် မြေအောက်သို့ စိမ့်ဝင်မှုမရှိအောင် သုတေသနပြုဆောင်ရွက်ခြင်း၊

                 (၁၁)  မြေအောက်ရေကို ထုတ်ယူသုံးစွဲရာတွင် ရေအရည်အသွေးကောင်းမွန်ရန်နှင့် ရေလုံလောက်စွာထွက်ရှိစေရန်အတွက် စက်ရေတွင်းပုံစံ(Well Design) များကို ရေအောင်းလွှာနှင့်                                      မြေအောက်ရေရရှိမှုအခြေအနေ၊ သုံးစွဲမည့် (Demand)ပေါ် မူတည်၍ စက်ရေတွင်းနှင့် ဆက်စပ်အဆောက်အအုံများ၏ Design ပုံစံများ ရေးဆွဲပြုစုခြင်း၊

                 (၁၂)  မြေပေါ်ရေ(မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကန်၊ ဆည်၊ ရေထွက်)အစရှိသည့်      ရေအရင်းအမြစ်များမှရေရယူ၍ ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေပေးဝေနိုင်ရေး ရေ                              ယူအဆောက်အဦးများ၊ Water Trasmission Line များ၊ Distribution Line များ၊ ရေသန့်စင်ခြင်း၊   သိုလှောင်ခြင်းနှင့် ရေဖြန့်ဝေခြင်းဆိုင်ရာ Design ပုံစံများ ရေးဆွဲပြုစုခြင်း၊

                 (၁၃)  ကျေးလက်ရေရရှိရေးလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ Design ပုံစံများ ရေးဆွဲပြုစုခြင်း၊ အကြံပေးပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ နည်း ပညာအကူအညီများရယူခြင်း                            နှင့် ရေရရှိရေးနှင့်ဆက်စပ်သော ဌာနဆိုင်ရာများ ပူးပေါင်း၍ နိုင်ငံလုံးဆိုင်ရာ ကျေးလက်ရေရရှိရေးလုပ်ငန်း အကောင်အထည် ဖော်ခြင်းဆိုင်ရာ နည်းပညာလက်စွဲရေးဆွဲပြုစုခြင်းအား                            ဆောင်ရွက်ခြင်း၊

                 (၁၄)  အခါအား‌လျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ခြင်း။