Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)

 

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆောင်ရွက်ရမည့်လုပ်ငန်းများ၏ တာဝန်ဝတ္တရားများ(ဌာနခွဲအလိုက်)

 

ညွှန်ကြားရေးမှူးချုပ်၏ လုပ်ငန်းတာဝန်များ

၁။        ညွှန်ကြားရေးမှူးချုပ်သည် စီမံရေးရာနှင့် ဘဏ္ဍာရေးဌာနရှိ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာနှင့်စီမံကိန်းရေးဆွဲရေး)၊ဒုတိယညွှန်ကြားရေးမှူးချုပ်(ဘဏ္ဍာရေးနှင့်ဆင်းရဲမှုလျော့ချရေး) နည်းပညာ အကောင်အထည်ဖော်ရေးဌာနရှိ ဒုတိယညွှန်ကြားရေးမှူးချုပ် (စိစစ်အကဲဖြတ်ရေးနှင့် ရေရရှိရေး)  ဒုတိယညွှန်ကြားရေးမှူးချုပ် (မီးလင်းရေးနှင့် ၀ယ်ယူဖြန့်ဖြူးရေး)နှင့် ညွှန်ကြားရေးမှူး (၈)ဦး တာ၀န်ခံသည့် ဦးစီးဌာန(ရုံးချုပ်)ရှိ ဌာန(၈)ခု၊ ဌာနခွဲ(၁၇)ခုတို့၏ လုပ်ငန်းတာဝန်များကို လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကိုလည်းကောင်း ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရမည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆက်စပ်သည့် အခြားဌာနများနှင့်ပေါင်းစပ် ဆက်သွယ် ဆောင်ရွက်ရာတွင်လည်း ဦးဆောင်တာဝန်ခံဆောင်ရွက်မည်ဖြစ်ပါသည်-

 (က)   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)ရှိဌာန()ခုနှင့်ဌာနခွဲ(၁၈)ခု

          (၁)‌   စီမံရေးရာနှင့်လူ့စွမ်းအားအရင်းအမြစ်ဌာန

                 (ကက)  လူ့စွမ်းအားအရင်းအမြစ်ဌာနခွဲ၊

                 ( ခခ )    စီမံရေးရာဌာနခွဲ။

          (၂)   ဘဏ္ဍာရေးဌာန

                 (ကက)  ရသုံးမှန်းခြေဌာနခွဲ၊

                 ( ခခ )    စာရင်းစိစစ်ရေးနှင့်စာရင်းပြုစုရေးဌာနခွဲ(ပြည်တွင်း)၊

                 ( ဂဂ )   စာရင်းစိစစ်ရေးနှင့်စာရင်းပြုစုရေးဌာနခွဲ(နိုင်ငံတကာ)။

          (၃)   စီမံကိန်းရေးဆွဲရေးနှင့်နိုင်ငံတကာဆက်ဆံရေးဌာန

                 (ကက)  စီမံကိန်း​ရေးဆွဲရေးဌာနခွဲ၊

                 ( ခ ခ )   နိုင်ငံတကာဆက်ဆံရေးဌာနခွဲ။

          (၄)   ဆင်းရဲမှုလျော့ချရေးနှင့်အသက်မွေး၀မ်းကျောင်းအထောက်အကူပြုဌာန

                 (ကက)  အသက်မွေး၀မ်းကျောင်းအထောက်အကူပြုဌာနခွဲ၊

                 ( ခ ခ )   ဆင်းရဲမှုလျော့ချရေးဌာနခွဲ။

          (၅)   စိစစ်အကဲဖြတ်ရေးနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဌာန

                 (ကက)  စိစစ်အကဲဖြတ်ရေးနှင့်သတင်းအချက်အလက်ဌာနခွဲ၊

                 ( ခ ခ )   အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဌာနခွဲ။

          (၆)   ကျေးလက်ရေရရှိရေးဌာန

                 (ကက)  ကျေးလက်ရေရရှိရေးဌာနခွဲ၊

                 ( ခ ခ )   မြေအောက်ရေအသုံးချရေးဌာနခွဲ၊

                 ( ဂဂ )   စီမံကိန်းနှင့်သုတေသနဒီဇိုင်းဌာနခွဲ။

          (၇)   ကျေးလက်မီးလင်းရေးဌာန

                 (ကက)  စီမံကိန်းနှင့်နည်းပညာဌာနခွဲ၊

                 ( ခ ခ )   လုပ်ငန်းအကောင်အထည်ဖော်ရေးဌာနခွဲ။

          (၈)   ဝယ်ယူဖြန့်ဖြူးရေးနှင့်ထောက်ပံ့ရေးဌာန

                 (ကက)  ထောက်ပံ့ရေးနှင့်ယာဉ်ယန္တရားဌာနခွဲ၊

                 ( ခ ခ )   ၀ယ်ယူဖြန့်ဖြူးရေးဌာနခွဲ။

 

 ( ခ )  တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန

          (၁)   တိုင်းဒေသကြီး/ပြည်နယ်                               (  ၁၇) ရုံး

          (၂)   ခရိုင်ရုံး                                                       (  ၇၃) ရုံး

          (၃)   နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ                       (    ၁) ရုံး

          (၄)   မြို့နယ်ရုံး                                                   (၂၉၁) ရုံး

 

၂။       ပြည်‌ထောင်စုဝန်ကြီးဌာနမှ အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ‌ဆောင်ရွက်မည်ဖြစ်ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာနှင့်စီမံကိန်းရေးဆွဲရေး) လုပ်ငန်းတာဝန်များ

၃။      ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာနှင့် စီမံကိန်းရေးဆွဲရေး) သည် စီမံရေးရာနှင့် ဘဏ္ဍာရေးအောက်ရှိ ဌာန(၄)ခုအနက် စီမံရေးရာနှင့် လူ့စွမ်းအား အရင်းအမြစ်ဌာနနှင့် စီမံကိန်း ရေးဆွဲရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနတို့၏ တာဝန်ကို ကြီးကြပ်ကွပ်ကဲ၍ လုပ်ငန်း အောင်မြင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ကြီးကြပ် ကွပ်ကဲ ခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆက်စပ်သည့် အခြားဌာနများနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် ညွှန်ကြားရေးမှူးချုပ်အား တာဝန်ခံ၍ ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

 

၄။      ပြည်‌ထောင်စုဝန်ကြီးဌာနနှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ အခါအား‌လျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ‌ဆောင်ရွက်မည်ဖြစ်ပါသည်။

 

ဒုတိယညွှန်ကြားရေးမှူးချုပ် (ဘဏ္ဍာရေးနှင့်ဆင်းရဲမှုလျော့ချရေး) လုပ်ငန်းတာဝန်များ

၅။      ဒုတိယညွှန်ကြားရေးမှူးချုပ် (ဘဏ္ဍာရေးနှင့် ဆင်းရဲမှုလျော့ချရေး)သည် စီမံရေးရာနှင့် ဘဏ္ဍာရေးအောက်ရှိ ဌာန (၄)ခုအနက် ဘဏ္ဍာရေးဌာန၊ ဆင်းရဲမှုလျော့ချရေးနှင့် အသက်မွေး ၀မ်းကျောင်း အထောက်အကူပြုဌာနတို့၏ တာဝန်ကိုကြီးကြပ်ကွပ်ကဲ၍ လုပ်ငန်း အောင်မြင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ဆက်စပ်သည့် အခြားဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ညွှန်ကြားရေးမှူးချုပ်အား တာဝန်ခံ‌၍ ကြီးကြပ် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၆။      ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ အခါအားလျော်စွာ‌ ပေးအပ်သော လုပ်ငန်း တာဝန်များကိုလည်း ‌ဆောင်ရွက်မည်ဖြစ်ပါသည်။

 

ဒုတိယညွှန်ကြားရေးမှူးချုပ်(စိစစ်အကဲဖြတ်ရေးနှင့်ရေရရှိရေး) လုပ်ငန်းတာဝန်များ

၇။      ဒုတိယညွှန်ကြားရေးမှူးချုပ် (စိစစ်အကဲဖြတ်ရေးနှင့်ရေရရှိရေး)သည် နည်းပညာ အကောင် အထည်ဖော်ရေးအောက်ရှိ ဌာန (၄)ခုအနက် စိစစ်အကဲဖြတ်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဌာန၊ ကျေးလက်ရေရရှိရေးဌာနတို့၏ တာဝန်ကို ကြီးကြပ်ကွပ်ကဲ၍ လုပ်ငန်းအောင်မြင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆက်စပ်သည့် အခြားဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ညွှန်ကြားရေးမှူးချုပ်အား တာဝန်ခံ‌၍ ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၈။      ပြည်ထောင်စု၀န်ကြီးဌာနနှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ အခါအားလျော်စွာ ‌ပေးအပ်သော လုပ်ငန်းတာဝန်များ ကိုလည်း ‌ဆောင်ရွက်မည်ဖြစ်ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် (မီးလင်းရေးနှင့်၀ယ်ယူဖြန့်ဖြူးရေး) လုပ်ငန်းတာဝန်များ

၉။      ဒုတိယညွှန်ကြားရေးမှူးချုပ် (မီးလင်းရေးနှင့်၀ယ်ယူဖြန့်ဖြူးရေး)သည် နည်းပညာ အကောင် အထည်ဖော်ရေးအောက်ရှိ ဌာန (၄)ခုအနက် ကျေးလက်မီးလင်းရေးဌာနနှင့် ၀ယ်ယူဖြန့်ဖြူးရေးနှင့် ထောက်ပံ့ရေးဌာနတာဝန်ကို ကြီးကြပ်ကွပ်ကဲ၍ လုပ်ငန်းအောင်မြင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆက်စပ်သည့် အခြားဌာနများနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် ညွှန်ကြားရေးမှူးချုပ်အား တာဝန်ခံ‌၍ ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

 

၁ဝ။    ပြည်ထောင်စု၀န်ကြီးဌာနနှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ အခါအားလျော်စွာ ‌ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ‌ဆောင်ရွက်မည်ဖြစ်ပါသည်။