Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စီမံရေးရာနှင့်လူ့စွမ်းအားအရင်းအမြစ်ဌာန

 

ညွှန်ကြားရေးမှူး (စီမံရေးရာနှင့်လူ့စွမ်းအားအရင်းအမြစ်ဌာန) လုပ်ငန်းတာဝန်များ

၁၁။    ညွှန်ကြားရေးမှူး(‌စီမံရေးရာနှင့်လူ့စွမ်းအားအရင်းအမြစ်ဌာန)သည် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာနှင့် စီမံကိန်းရေးဆွဲရေး)ကို တာဝန်ခံ၍ လူ့စွမ်းအား အရင်းအမြစ်ဌာနခွဲနှင့် စီမံရေးရာဌာနခွဲတို့အား ကြီးကြပ်‌ဆောင်ရွက်မည် ဖြစ်ပါသည်။ အဆိုပါ ဌာနခွဲ (၂)ခု၏ လုပ်ငန်းတာဝန်များကို ဆက်လက်‌ဖော်ပြပါသည်-

          (က) လူ့စွမ်းအားအရင်းအမြစ်ဌာနခွဲ

                 (၁)    ဝန်ထမ်းဖွဲ့စည်းပုံဆိုင်ရာကိစ္စရပ်များ‌ဆောင်ရွက်ခြင်း၊

                 (၂)    ဝန်ထမ်းအသစ်စု‌ဆောင်းရွေးချယ်ခန့်ထားခြင်းဆိုင်ရာကိစ္စရပ်များ‌ဆောင်ရွက်ခြင်း၊

                 (၃)    ဝန်ထမ်းအင်အားနှင့် ဝန်ထမ်းမှတ်တမ်းများ ပြုစုထိန်းသိမ်းခြင်း ဆိုင်ရာ ကိစ္စရပ်များ ‌ဆောင်ရွက်ခြင်း၊

                 (၄)    ဝန်ထမ်းများ ရာထူးတိုးမြှင့်ခန့်ထားခြင်း၊ ‌ပြောင်းရွှေ့နေရာ ချထားခြင်းနှင့် အငြိမ်းစား‌ပေးခြင်း၊

                 (၅)    ဝန်ထမ်းစည်းမျဉ်းနှင့် ဝန်ထမ်း စည်းကမ်းထိန်းသိမ်း‌ရေးဆိုင်ရာ ကိစ္စရပ်များ အ‌ရေးယူအပြစ်‌ပေးခြင်း၊

                 (၆)    လုပ်ငန်းအ‌ကောင်အထည်‌ဖော်မှုများနှင့်ပတ်သက်၍ ဦးစီးဌာနရှိ သက်ဆိုင်ရာ ဌာနများနှင့် ‌ပေါင်းစပ်၍ သင်တန်းအစီအစဉ်များ‌ရေးဆွဲခြင်း၊

                 (၇)    ဝန်ထမ်းများ စွမ်း‌ဆောင်ရည်မြင့်မား‌ရေးအတွက် လုပ်ငန်းဝင်သင်တန်းနှင့် မွမ်းမံ သင်တန်း ဖွင့်လှစ်ခြင်းဆိုင်ရာ ကိစ္စရပ်များ‌ဆောင်ရွက်ခြင်း၊

                 (၈)    ဝန်ထမ်းဆိုင်ရာမူ၊ လမ်းညွှန်ချက်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ‌ဆောင်ရွက်ခြင်း၊

                 (၉)    ၀န်ထမ်းများ၏ အခက်အခဲများ၊ ပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး အတွက် အကြံဉာဏ်များပေးခြင်း၊ ပံ့ပိုးဖြေရှင်းဆောင်ရွက်ပေးခြင်း၊

                 (၁၀)  ၀န်ထမ်းများအတွက် ရသင့်ရထိုက်သော အကျိုးခံစားခွင့်များ ရရှိစေရေး ဆောင်ရွက်ပေးခြင်း၊

                 (၁၁)  လုပ်ငန်းခွင်ဆိုင်ရာ လုံခြုံစိတ်ချရမှုနှင့် ၀န်ထမ်းများ လုပ်ငန်းခွင်တွင် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးခြင်း၊

                 (၁၂)  အဖွဲ့အစည်း၏ရာထူးအဆင့်အသီးသီးအတွက် ၀န်ထမ်းအင်အားနှင့် ၀န်ထမ်း စွမ်းဆောင်ရည်ခန့်မှန်းခြင်း၊ လိုအပ်ချက်နှင့်အညီ ဖြည့်တင်းခန့်ထားနိုင်ရေး အတွက် စီမံချက်များအား                               ရေးဆွဲပေးခြင်း၊

                 (၁၃)  ခန့်အပ်ထားသော၀န်ထမ်းများကို လူမှန်နေရာမှန် ခန့်အပ်တာ၀န်ပေးနိုင်ရေး ဆောင်ရွက်ပေးခြင်း၊

                 (၁၄)  သက်ဆိုင်ရာဌာနခွဲများအတွက် လုပ်ငန်းတာ၀န်သတ်မှတ်ဖော်ပြချက် (Job Description) ရေးဆွဲနိုင်ရေး လိုအပ်သော အကြံဉာဏ်များ ကူညီဆောင်ရွက် ပေးခြင်းနှင့် ရရှိလာသော                              Job Description များကို စုစည်းဖော်ပြပေးခြင်း၊

                 (၁၅)  သက်ဆိုင်ရာဌာနခွဲများအတွက် ဆီလျော်သော ၀န်ထမ်းစွမ်းဆောင်ရည်စီမံ ခန့်ခွဲမှုစနစ်(Performance Management System)ဖော်ထုတ်ရေးဆွဲပေး ခြင်းနှင့် သက်ဆိုင်ရာကြီးကြပ်                            သူများက ၎င်းတို့၀န်ထမ်းများ၏ လုပ်ဆောင်ချက် ကို အကဲဖြတ်သုံးသပ်ရာ၌ နည်းမှန်လမ်းမှန်ဖြစ်စေရေး ကူညီဆောင်ရွက်ပေးခြင်း၊

                 (၁၆)  ၀န်ထမ်းစွမ်းဆောင်ရည်အလိုက် ရာထူးတိုးမြှင့်ရေး၊ အပြောင်းအရွှေ့ကိစ္စရပ် များတွင် ချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊

                 (၁၇)  အခါအား‌လျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ‌ဆောင်ရွက် ပေးခြင်း။

 

        ( စီမံခန့်ခွဲရေးဌာနခွဲ

                 (၁)    ရုံးတွင်းစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ‌ဆောင်ရွက်ခြင်း၊

                 (၂)    စာ‌ရေးကိရိယာ၊ ရုံးအသုံးအ‌ဆောင် ပစ္စည်းများ ဝယ်ယူဖြန့်ဖြူးခြင်းနှင့် ထိန်းသိမ်းရေးကိစ္စရပ်များ ‌ဆောင်ရွက်ခြင်း၊

                 (၃)    ညှိနှိုင်းအစည်းအ‌ဝေးဆိုင်ရာ ကိစ္စရပ်များ‌ဆောင်ရွက်ခြင်း၊

                 (၄)    ဝန်ထမ်းဆိုင်ရာ ဆုတံဆိပ်၊ ဂုဏ်ထူး‌ဆောင်တံဆိပ်များ ချီးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များ ‌ဆောင်ရွက်ခြင်း၊

                 (၅)    အကြီးအကဲခရီးစဉ် လမ်းညွှန်မှာကြားချက်ဆိုင်ရာကိစ္စရပ်များ ‌ဆောင်ရွက်ခြင်း၊

                 (၆)    ဝန်ထမ်းသက်သာ‌ချောင်ချိ‌ရေး၊ လူမှု‌ရေးနှင့် အားကစားဆိုင်ရာ ကိစ္စရပ်များ ‌ဆောင်ရွက်ခြင်း၊

                 (၇)    ဦးစီးဌာန(ရုံးချုပ်)ပိုင်‌မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပိုင်‌မြေများ စီမံခန့်ခွဲခြင်းဆိုင်ရာ ကိစ္စရပ်များ ‌ဆောင်ရွက်ခြင်း၊

                 (၈)    လုံခြုံ‌ရေးနှင့် စည်းကမ်းထိန်းသိမ်း‌ရေးဆိုင်ရာကိစ္စရပ်များ ‌ဆောင်ရွက်ခြင်း၊

                 (၉)    အကြီးအကဲခရီးစဉ်သတင်းနှင့် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ သတင်း မှတ်တမ်းရိုက်ကူးခြင်း၊

                 (၁၀)  ခရီးစဉ်သတင်း၊ ညှိနှိုင်းမှာကြားချက်နှင့် ၀န်ကြီးဌာန၊ ဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုသတင်း ထုတ်ပြန်ရေးကိစ္စရပ်များ၊

                 (၁၁)  ဦးစီးဌာန၏ ဆောင်ရွက်ချက်များ အများပြည်သူမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆောင်ရွက်ခြင်း၊

                 (၁၂)  အခြား၀န်ကြီးဌာနများနှင့် ပူးပေါင်း၍ ပြန်ကြားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

                 (၁၃)  ပုံနှိပ်ရေးနှင့်ဖြန့်ချီရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

                 (၁၄)  စာအုပ်၊ စာတမ်း၊ မဂ္ဂဇင်းဆိုင်ရာထုတ်ပြန်ရေးကိစ္စရပ်များဆောင်ရွက်ခြင်း၊

                 (၁၅)  အခါအား‌လျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက် ပေးခြင်း။