Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရပ်စောက်မြို့နယ်၊ဖောင်းတောကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဆင်းပွဲကျင်းပ

01 January 70

ရပ်စောက်မြို့နယ်၊ဖောင်းတောကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဆင်းပွဲကျင်းပ
======================================================================================================
ရပ်စောက် ဇူလိုင်လ ၂ရက်
===================
 
 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး‌‌ရေးဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊  တောင်ကြီးခရိုင် ၊ ရပ်‌စောက်မြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင်       မြို့နယ်အတွင်းရှိ  ကျေးလက်နေအမျိုးသမီးများ အသက်မွေးဝမ်းကျောင်းအထောက် အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲကို ဇွန်လ (၂)ရက်နေ့ နံနက်ပိုင်းက ဖောင်းတောကျေးရွာအုပ်စု၊ ဖောင်းတောကျေးရွာ၌ ကျင်းပခဲ့ကြောင်းသိရသည်။
 
 ပထမဦးစွာ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းစိုးနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းသက်က “သင်တန်းသူများ အနေဖြင့် သင်တန်းမှ သင်ကြားပေးလိုက်သော အသိပညာ၊ အတက်ပညာများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာဆည်းပူး၍ မိသားစုဝင်ငွေ တိုးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်သွားကြရန် “ ဆွေးနွေးမှာ ကြား ခဲ့သည်။
 
ထိုနောက် တက်ရောက်လာကြ‌သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများနှင့်သင်တန်းဆင်းလက်မှတ်များအား သင်တန်းသူများထံသို့ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းသူများ ချုပ်လုပ်ထားသော အဝတ်အထည်များကို ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
 
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို ရပ်စောက်မြို့နယ် အတွင်းရှိ ဖောင်းတောကျေးရွာမှသင်တန်းသူ( ၂၀ )ဦးတက်ရောက်ကြပြီး သင်တန်းတွင်  အဆင့်မြင့်အပ်ချုပ်စက်နည်း နှင့် ပတ်သက်သည့် သင်ခန်းစာများကို ကျွမ်းကျင်နည်းပြဆရာမ (၂)ဦး က စာတွေ့၊လက်တွေ့ နှစ်မျိုးဖြင့်   တစ်လ ကြာ (အခမဲ့)သင်ကြားပို့ချပေးခဲ့ကြောင်း  ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းသက် ထံမှ သိရသည်။
 
 
 
 
                                                                                                                                                                                                                                                                 မောင်ခိုင်
                                                                                                                                                                                                                                                                 ကျေးလက်