Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စံကျောင်း (ခေတ်မီစံပြကျေးရွာ) ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း အသက်မွေးဝမ်းကျောင်း အစုအဖွဲ့များသို့ စီမံကိန်းရန်ပုံငွေ ပထမအကြိမ်ချေးငွေထုတ်ချေးပေးခြင်း

01 January 70

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ ပန်းတနော်မြို့နယ် ၂၀၂၃-၂၀၂၄ခု ၊ ဘဏ္ဍာရေးနှစ် ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက် သည့် ကဇင်းငူကျေးရွာအုပ်စု ၊ စံကျောင်း (ခေတ်မီစံပြကျေးရွာ) ၌ အသက်မွေးဝမ်းကျောင်း အစုအဖွဲ့(၄)ဖွဲ့သို့ စီမံကိန်းရန်ပုံငွေ ပထမအကြိမ်ချေးငွေထုတ်ချေးပေးခြင်း အခမ်းအနား

ပန်းတနော် ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင်   ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သည့် ကဇင်းငူကျေးရွာအုပ်စု ၊ စံကျောင်းကျေးရွာ (ခေတ်မီစံပြကျေးရွာ) ၌ အသက်မွေးဝမ်းကျောင်းအဖွဲ့(၄)ဖွဲ့သို့   ပထမအကြိမ်ထုတ်ချေးပေးအပ်ခြင်း အခမ်းအနားကို (၂၈.၀၈.၂၀၂၃) ရက်နေ့ နေ့လည်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် ပန်းတနော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တိုးတိုး နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးလက်နေပြည်သူများ၏  စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ နှင့် အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ များအတွက်  လိုအပ်သော ငွေကြေးအရင်းအနှီးရရှိစေရန်၊ငွေကြေးစီမံခန့်ခွဲမှု ဗဟုသုတနှင့် နည်းပညာ ရရှိခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်လုပ်သူများ၏ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ပိုမိုအားကောင်းဖွံ့ဖြိုးလာစေရန် ၊ မိသားစုဝင်ငွေတိုးပွားစေရန် နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊ ဒေသထွက်ကုန်အပေါ် အခြေခံသည့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး(One village One product)လုပ်ငန်းများ အထောက်အကူ ဖြစ်စေရန် ၊ ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် စုပေါင်း လုပ်ဆောင်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍   ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း ရန်ပုံငွေအား     ထုတ်ချေးပေးခြင်းဖြစ်ကြောင်း    စီမံကိန်း ရန်ပုံငွေအား ဆုံးရှုံးမှု မရှိစေရေး နှင့် လုပ်ငန်းများအောင်မြင်တိုးတက်စေရေး အလေးထား ဆောင်ရွက်သွားကြရန် ပြောကြားပါသည်။

ထို့နောက် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း    ပထမအကြိမ် အဖြစ်  ပန်းတနော်မြို့နယ် စံကျောင်းကျေးရွာရှိ ကျေးရွာကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ လုပ်ငန်း အဖွဲ့က အသက်မွေးဝမ်းကျောင်းအစုအဖွဲ့များဖြစ်သည့် ‘’ကြံတိုင်းအောင်’’ CPဝက်မွေးမြူရေးအဖွဲ့အား ရန်ပုံငွေပထမအကြိမ်(၈၀%) ငွေကျပ်(၆၀)သိန်းအားလည်းကောင်း ၊ ‘’တိုးတက်အောင်’’ သင်ဖြူးလွှာထိုး ဖျာထုတ်လုပ်ခြင်းလုပ်ငန်းအဖွဲ့အား ရန်ပုံငွေပထမအကြိမ်(၈၀%) ငွေကျပ်(၆၀)သိန်းအားလည်းကောင်း  ၊ ‘’တိုးတက်ချမ်းသာ’’ သင်ဖြူးလွှာထိုး ဖျာထုတ်လုပ်ခြင်းလုပ်ငန်းအဖွဲ့အား ရန်ပုံငွေပထမအကြိမ်(၈၀%) ငွေကျပ်(၆၀)သိန်းအားလည်းကောင်း  ၊ ‘’အောင်မြင်ချမ်းသာ’’ သင်ဖြူးလွှာထိုး ဖျာထုတ်လုပ်ခြင်း လုပ်ငန်းအဖွဲ့အား ရန်ပုံငွေပထမအကြိမ်(၈၀%) ငွေကျပ်(၆၀)သိန်းအားလည်းကောင်း ၊ စုစုပေါင်း အစုအဖွဲ့(၄)ဖွဲ့ သို့ ပထမအကြိမ်(၈၀%) ငွေကျပ်(၂၄၀)သိန်းအား  ထုတ်ချေးပေးခဲ့ကြောင်းသိရပါသည်။