Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တောင်သာမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေသိန်း၆၀၀ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားပြုလုပ်ကျင်းပ

01 January 70

တောင်သာမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေသိန်း၆၀၀ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားပြုလုပ်ကျင်းပ

 

တောင်သာ သြဂုတ် ၃၁

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက် နေပြည်သူများ  အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ဆင်းရဲမှုလျော့ချစေရန် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အရင်းမပျောက်မတည်ရန်ပုံငွေစီမံကိန်း တစ်ခုဖြစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ယခု ၂၀၂၃-၂၀၂၄ အတွင်း ကျေးရွာ ၂-ရွာ၌ ဆောင်ရွက်သွားမည်ဖြစ်ရာ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကို (၂၉.၈.၂၀၂၃)ရက်နေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌ ဦးဟန်သူကအဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက စီမံကိန်းနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြား ခဲ့ကြောင်း၊ ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာလုပ်ငန်းအဖွဲ့များ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်းကို ပြုလုပ်ခဲ့ကြကြောင်း၊ ယင်းနောက် စီမံကိန်းအကောင်အထည်ဖော်မည့် တလိုင်းရပ်ရွာသစ်ကျေးရွာသို့ စီမံကိန်းရန်ပုံငွေ ကျပ်သိန်း၃၀၀ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးဟန်သူရကလည်းကောင်း၊ ထန်းတောကျေးရွာသို့ စီမံကိန်းရန်ပုံငွေ သိန်း၃၀၀ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ဝင် ဗိုလ်မှူးချမ်းငြိမ်းဦးကလည်းကောင်း အသီးသီး ပေးအပ် ခဲ့ကြကြောင်းသိရသည်။

 

အခမ်းအနားသို့ စီမံကိန်းကျေးရွာများဖြစ်သည့် တလိုင်းရပ်ရွာသစ်ကျေးရွာနှင့် ထန်းတောကျေးရွာများမှ ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များအားလုံး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများ စုစုပေါင်း အင်အား ၄၀ ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

 

အခမ်းအနားပြီးနောက် ညနေပိုင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌ ဦးဟန်သူရ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်းများသည် တလိုင်းရပ်ရွာသစ်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ ၂၄ဦးအတွက် ငွေကျပ်(၁၁ဝ)သိန်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ(၉၅)ဦးအတွက် ငွေကျပ်(၁၉ဝ)သိန်း၊ စုစုပေါင်း တောင်သူ (၁၁၉)ဦးအတွက် သိန်း ၃ဝဝ ထုတ်ချေးပေးနေမှုအား  ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။