Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရေဖြူမြို့နယ် ဖားချောင်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်းများ ၉၅ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး

14 March 24

     တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ဖားချောင်းကျေးရွာအုပ်စု၊ ဖားချောင်းကျေးရွာ၌ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို (၁၂.၃.၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်းသိရှိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရေဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဦးအောင်နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက ရေရရှိရေးကော်မတီဝင်များနှင့်အတူ ဖားချောင်းကျေးရွာ၌ (၁/၀)မိုင် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန် ရေရှည်ထိန်းသိမ်းသွားကြရန်၊ လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်၊ ရေရှည်တည်တံ့ခိုင်မြဲစေရေး ရေရှည်ထိန်းသိမ်းသွားကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာဆောင်ရွက်ရန်၊ ရေမီတာစနစ်ဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ရေကော်မတီမှ စနစ်တကျဆောင်ရွက်နိုင်ရန်တို့ကို မှာကြားသည်။

        ရေဖြူမြို့နယ် ဖားချောင်ကျေးရွာ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများအတွက် အရှည်ပေ ၅၂၈၀ရှိ ၂လက်မ PVC ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စု ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၁၅ သန်း၊ ပြည်သူ့ထည့်ဝင်ငွေ ၂ သန်းတို့ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာ ပံ့ပိုးမှုဖြင့် ကျေးရွာကော်မတီဝင်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၅ရာခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်းသိရသည်။

           အဆိုပါ ဖားချောင်းကျေးရွာ၌ (၁/၀)မိုင် ရေပိုက်သွယ်တန်းခြင်းနှင့် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ရေမီတာတပ်ဆင်ခြင်းများ ပြီးစီးပါက ဖားချောင်းကျေးရွာရှိ အိမ်ခြေ ၁၁၅အိမ်၊ လူဦးရေ ၈၁၇ဦးနှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များ ရာသီမရွေးသောက်သုံးရေ လုံလောက်စွာရရှိမည်ဖြစ်ကြောင်း ရေဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဦးအောင်ထံမှ သိရသည်။