Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တွံတေးမြို့နယ် ရှမ်းစုကျေးရွာ၌ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

20 March 24

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းစုကျေးရွာအုပ်စု ရှမ်းစုကျေးရွာ၌ ဆောင်ရွက်ပြီးစီးခဲ့သော ရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ဖွင့်ပွဲကို မတ် ၁၉ ရက် နံနက် ၉ နာရီက လမ်းမုခ်ဦးရှေ့၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြိုနယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း လုပ်ငန်း (VDP) စီမံကိန်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တွံတေးမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်မြင့်၊ အဖွဲ့ဝင် (၂) ဦးဝင်းမြင့်၊ရှမ်းစုကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးကိုကိုအေးတို့က ယင်းအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် လမ်းသစ်အား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ( VDP) ရန်ပုံငွေ ကျပ် သိန်း (၁၅၀) ၊ ပြည်သူထည့်ဝင်ငွေ ကျပ် (၃၅) သိန်းဖြင့် ၊ စုစုပေါင်း ကျပ် (၁၈၅) သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ၊ အရှည်ပေ ၆၀၀၊ အကျယ် ၁၁ ပေ၊ ထု ၇ လက်မဖြင့် ပြည်သူများ ရာသီမရွေးအဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်သဖြင့် ကျေးရွာကော်မတီ၊ ကျေးရွာသူ၊ ကျေးရွာသားများ ကျေနပ်ဝမ်းသာနေကြကြောင်း သိရဿည်။