Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြို့သစ်မြို့နယ် သီးပင်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုစစ်ဆေး

20 March 24

မြို့သစ်မြို့နယ် သီးပင်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုစစ်ဆေး

********************************

မြို့သစ်     မတ်     ၂၀

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် သီးပင်ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေမြင့် နှင့် တာဝန်ရှိသူများသည် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ သီးပင်ကျေးရွာတွင်းလမ်းအရှည် ၄၀၀ ပေ လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များအား ကွန်ကရစ်လမ်းရေရှည်အသုံးပြုနိုင်ရေး တန်ပိုယာဉ်များ ဖြတ်သန်းသွားလာခွင့်မပြုရန်မှာကြားပြီး လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်းကို စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့သစ်မြို့နယ်၊ ပုလင်းကြီးကျေးရွာအုပ်စု၊သီးပင်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင်စီမံကိန်းအတိုးရငွေမှ ကျေးရွာဖွံ့ဖြိုးရေးအတွက် သုံးစွဲခွင့်ရရှိသော ငွေကျပ် သိန်းတစ်ရာဖြင့် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များကိုယ်တိုင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ အဆိုပါကျေးရွာရှိ အိမ်ခြေ ၂၅၀ အိမ်၊ လူ ၁၂၃၈ ဦးအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကစ္စများဆောင်ရွက်ရာ၌ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလျက်ရှိကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အထွေး