Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တန့်ယန်းမြို့နယ် လွယ်လုံကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ပြီးစီးမှု စစ်ဆေး

20 March 24

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်ကျေးလက်ဦးစီးဌာနက လွယ်လုံကျေးရွာ၌ ဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီးမှုကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တန့်ယန်းခရိုင်ကျေးလက်ဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဦးတင်အောင်လွင်နှင့်တာဝန်ရှိသူများက လွယ်လုံကျေးရွာ၌VDPဖြင့် ဆောင်ရွက်သည့် ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို လိုက်လံရှင်းလင်းပြသရာ ခရိုင်ဦးစီးမှူးက လုပ်ငန်းလိုအပ်ချက်များကိုညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း၇၀၊ စုစုပေါင်းငွေကျပ် သိန်း၂၂၀ အသုံးပြု၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် ၂၀၂၃ခုနှစ် စက်တင်ဘာလ ပထမပတ်ကစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ကျေးရွာ၏ လူမှုရေးအခမ်းအနားများ ဆောင်ရွက်ရာတွင် အဆင်ပြေစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။